Red Letter Day (2019)

Rating : 4.3/10
Country : United State
Genre : Comedy, Thriller
Cast : Dawn Van de Schoot, Hailey Foss
Released Date : 2019
Duration : 1h 16min 

လူတွေဆိုတာက တယောက်နဲ့ တယောက် ဆက်ဆံရေးတွေဘယ်လောက် ကောင်းပါတယ်ပြောပြော အချင်းချင်းကြားမှာ မကျေနပ်တာတွေ၊ပြောရင် ပြဿနာတက်မှာ စိုးရိမ်လို့ မပြောပဲထားတာတွေ ရှိကြစမြဲပဲ မဟုတ်လား။အဲဒီလို မကျေနပ်တာတွေကို ပြောလို့ရအောင် လမ်းစလေး ဖွင့်ပေးလိုက်ရင်ရော
ဘာတွေ ဖြစ်ကုန်မှာလဲ။Joker ပြောခဲ့သလိုပဲ ပြောရရင်Madness ,as you know, is a lot like gravity, all it takes is a little push ဆိုသလိုပဲလူတွေ ရူးသွပ်ရမ်းကားကုန်ဖို့ တွန်းအားလေး နည်းနည်းလေးပဲ လိုတာ မဟုတ်လား။အခု ဒီကားမှာတော့ ကွာရှင်းထားတာမကြာသေးတဲ့ အမေတယောက်က သူ့သားနဲ့သမီး ဆယ်ကျော်သက် နှစ်ယောက်နဲ့ အခြေချဖို့ကြိုးစားနေတုန်းမှာ သူတို့ နေတဲ့အိမ်ရာတွေမှာအနီရောင် စာအိတ်တွေ ရောက်လာပြီးသူတို့ စာထဲကလူတွေကို အချင်းချင်း သတ်ကြဖို့တိုက်တွန်းထားတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမှာလဲသူတို့စာထဲမှာပါလာတဲ့ သတ်ရမယ့်သူတွေကရော ဘယ်သူတွေလဲလူတွေကရော ဘယ်ကမှန်းမသိတဲ့စာတွေ ရောက်လာပြီး စာထဲကပါတဲ့အတိုင်းသတ်ဖို့ ကြိုးစားကြမှာလားအချင်းချင်းကြားက ယုံကြည်မှုတွေကရော ဘယ်လိုဖြစ်လာမှာလဲ..ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းက ဟာကွက်တွေနဲ့ သိပ်အကောင်းကြီးမဟုတ်ပေမယ့်ကြည့်ပြီးရင် တွေးစရာလေးတွေတော့ ရှိလာမှာပါ။

0 comments:

Post a Comment