Kapoor & Sons (2016)


Rating : 7.7/10
Country : India
Genre :   Comedy, Drama, Romance
Cast :  Sidharth Malhotra, Fawad Khan, Alia Bhatt
Released Date : 2016
Duration : 2h 12min

အညွှန်း
ဒီနေ့အကြိုခံစားဖို့ကိုတော့ စိတ် ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်လေး ခံစားရမယ့် အိန္ဒိယအချစ်ဟာသ ဒရာမာ ဇာတ်ကားလေး ဖော်ပြ ပေးလိုက်ပါတယ်။ခပ်တန်းတန်းဖြစ်နေတဲ့ ရာဟူးကာပူးရ်နဲ့ အာဂျွန်ကာပူးရ်တို့ ညီအစ်ကိုဟာ အသက် (၉၀)အရွယ်ရှိ သူတို့အဘိုးက တွေ့ချင်တဲ့အတွက် မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယ ကအိမ်ကို ပြန်လာခဲ့ရပါတယ်။ ရာဟူးက အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်ဖြစ်ပြီး လန်ဒန်မှာ နေနေကာ စာလည်းရေးရင်း ဗိသုကာပညာရှင်အလုပ်ကို လည်း လုပ်နေသူပါ။အာဂျွန်ကလည်း စာရေး ရတာ ဝါသနာပါသူတစ်ယောက် ဖြစ်ပြီး နယူးဂျာစီမှာ နေနေတာ ပါ။ သူတို့နှစ်ယောက် အိမ်ပြန် ရောက်လာပြီး တစ်မိုးအောက်ထဲ မှာ မိသားစုတွေနေကြရင်း လျှို့ ဝှက်ချက်တွေ၊ မပြေလည်မှုတွေ ကို ဖြေရှင်းရင်းနဲ့ အိမ်တွင်းပဋိ ပက္ခတွေ ကြီးလာပါတော့တယ်။
ရာဟူးဟာ မိသားစုထဲမှာ ရင့်ကျက်တဲ့သူ၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ပြီး အာဂျွန်က တော့ သူ့အစ်ကိုလိုမျိုး အောင်မြင် ချင်စိတ်ရှိပေမယ့် အလုပ်အကိုင် ကောင်းမရှိဘဲ ဘားကစားပွဲထိုး အလုပ်လုပ်သူပါ။ ဒါကြောင့်မို့ ပိုရင့်ကျက်ပြီး ဘဝမှာအောင်မြင် မှုတွေပဲ ရနေတဲ့ ရာဟူးကတော့ မိဘတွေ အလေးပေးခြင်း၊ ချစ် ခြင်းခံခဲ့ရပါတယ်။နောက်ပြီး သူတို့နှစ်ယောက် ရဲ့ မေတ္တာရေးကိစ္စကြောင့်လည်း မိဘတွေ ခေါင်းခဲစရာကြုံရပြန်ပါ တယ်။ အဲဒါကတော့ ညီအစ်ကို နှစ်ယောက်စလုံး တီယာမာလစ် ဆိုတဲ့ မိန်းကလေးကို သဘောကျ ခဲ့ကြလို့ပါပဲ။ နဂိုကတည်းက အ ချင်းချင်းမပြေလည်ကြတဲ့ ညီအစ် ကိုတွေ ချစ်သူကိစ္စကြောင့် ပြိုင် ဘက်တွေ၊ ရန်သူတွေ ဖြစ်သွား ကြမှာလား၊ မိသားစုတွေကြား ဘယ်လိုပုံစုံနဲ့ ဇာတ်သိမ်းမှာလဲဆို တာ ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားလေးက မိသား စုတွေကြား ဖြစ်တတ်တဲ့ပဋိပက္ခ တွေ၊ ပျော်စရာတွေ၊ ရယ်စရာ တွေကို ပုံဖော်ထားတာမို့ သဘော ကျမယ်ထင်ပါတယ်။ဒီဇာတ်ကားမှာ အာဂျွန်ကာ ပူးရ်အဖြစ် ဆစ်ဒ်ဟာသ်မာဟိုထရာ၊ ရာဟူးကာပူးရ်အဖြစ် ဖာ ဝက်ဒ်ခန်၊ တီယာမာလစ်အဖြစ် အလီယာဘက်တ်၊ အမာဂျိဒ်ကာ ပူးရ်အဖြစ် ရစ်ရှီကာပူးရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါ တယ်။

0 comments:

Post a Comment