The Promise (2016)


 

Rating : 6.5/10
Country : United State
Genre : Action, Adventure, Drama 
Cast : Oscar Isaac, Charlotte Le Bon, Christian Bale
Released Date : 2016
Duration : 2h 13min

အညွှန်း
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ကြားမှာတော့လူမျိုးတွေဘာသာတွေ စည်းမခြားနိုင်ပါဘူး။ဒီလိုသူငယ်ချင်းသံယောဇဉ်ကိုလည်း အကောင်းဆုံး ပြသသွားခဲ့တယ်။ဒီဇာတ်ကားလေးက ရိုက်ကွင်းရိုက်ကွက်နဲ့ အဲဒီခေတ်အဝတ်အစားအပြင်အဆင်တွေကောင်းသလိုသရုပ်ဆောင်တွေကလည်း တကယ်ကို အသက်ပါလှပါတယ်။ဒီကားလေးကြည့်ပြီး အတုယူစရာတွေများသလို ခံစားချက်တွေလည်း အမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးရှင်းပါတယ်……………..အားမေးနီးယန်းလူမျိုးဖြစ်တဲ့ “မီးခေး” ဟာ တိုင်းရင်းဆေးပညာရှင်တစ်ဦးဖြစ်ပြီးသူတို့ရွာမှာ မျိုးရိုးစဉ်ဆက်ဆက်ခံလာတဲ့ပညာနဲ့ လူအများကို ဆေးဝါးကုသပေးနေပါတယ်။သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒကတော့ ဆေးပညာသင်ကျောင်းကနေဆေးပညာကိုဆက်လက်လေ့လာပြီး ဆေးကုသပေးချင်တာပါ။ဒီအတွက် ငွေကြေးမတတ်နိုင်လို့ ရွာကသူဌေးသမီးလေးနဲ့ စေ့စပ်ပြီး မြို့ကို ဆေးပညာသင်ဖို့ တက်လာခဲ့တယ်။မြို့မှာ “အန်နာ” ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။အန်နာမှာလည်း သူ့အပေါ်အစစအရာရာကောင်းတဲ့ခရစ်ဆိုတဲ့ရည်းစားရှိနေပါပြီ။ဒါပေမယ့် အချစ်ဆိုတာကလည်း ထူးဆန်းလှပါတယ်။ဆိုင်သူတွေကိုယ်စီရှိထားပေမယ့် စိတ်တူကိုယ်တူ သူတို့နှစ်ယောက်ကြားကိုအချစ်ဆိုတဲ့အရာ ရောက်လာတဲ့အခါမှာတော့……………..အဲဒီအချိန်မှာပဲ ကမ္ဘာစစ်အတွင်းကို တူရကီနိုင်ငံဝင်ရောက်လာတဲ့အခါမှာတော့…………………ဘယ်လိုတွေများ ဖြတ်သန်းကျော်ဖြတ်ရမလဲကြည့်လိုက်ရအောင်……

0 comments:

Post a Comment