Guilty (2020)

Rating : 5.6/10
Country : India
Genre : Drama, Thriller  
Cast : Kiara Advani, Taher Shabbir, Akansha Ranjan Kapoor            
Released Date : 2020
Duration : 1h 59min

Netflix ကထွက်ရှိတဲ့ India Movie ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကောလိပ်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်မှု #MeToo ဆိုတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Social Media ရဲ့ ဂယက်ထမှု အသုံးဝင်မှုတွေနဲ့အတူ တရားမျှတမှုအကြောင်း ၊လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ မိန်းကလေးတွေအတွက် တရားမျှတမှုရရှိရေးအကြောင်းတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးဟာ ပေးချင်တဲ့ Message တွေအများကြီးရှိပါတယ်။

အကျဉ်းချုပ်ပြောပြရရင် Delhi တက္ကသိုလ်က VJ က သူ့သူငယ်ချင်းတွေနဲ့ ဖွဲ့ထားတဲ့တီးဝိုင်းအဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော်ဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပါတယ်။ နန်ကီကတော့ သီချင်းတွေရေးပေးပြီး VJ ရဲ့ချစ်သူဖြစ်ပါတယ်။ တစ်နေ့ ပညာသင်ဆုနဲ့ပြောင်းလာတဲ့ တာနူကူမာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ သူလုပ်ချင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။ သူက VJ ကိုကြိုက်ခဲ့ပြီး ဖြစ်ချင်တာတွေအရမ်းများသွားတဲ့အခါ…

0 comments:

Post a Comment