Evan Almighty (2007)

Rating : 5.4/10
Country : United State
Genre : Comedy, Family, Fantasy  
Cast : Steve Carell, Morgan Freeman, Lauren Graham         
Released Date : 2007
Duration : 1h 36min 

ဒီကားကတော့ ရှေ့က Bruce Almighty ရဲ့ Sequelဆိုပေမယ့်
ဘာမှမသက်ဆိုင်တဲ့ Standalone sequelပါ။သူ့ချည်းသက်သက်ကြည့်လည်းရပါတယ်။ဇာတ်လမ်းအညွှန်း​ပြောရမယ်ဆိုရင်တော့
သတင်းတင်ဆက်သူ Presenter Evan Baxterဟာ လွှတ်တော်အမတ်အဖြစ်
ရွေးကောက်ခံရပြီး ဗာဂျီးနီးယားက Prestige crestကိုမိသားစုလိုက် အိမ်ပြောင်းလာပါတယ်။သူဟာ လွှတ်တော်အမတ်ရွေးခံရဖို့မဲဆွယ်တဲ့အခါတိုင်း ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက်
အချိန်တန်ပြီလို့ပြောပြီးမဲဆွယ်ပါတယ်။ နောက်ပြီးတော့ Godဆီမှာ ကမ္ဘာကြီးကို
ပြောင်းလဲဖို့အတွက် အကူအညီပေးပါလို့ဆုတောင်းပါတယ်။နောက်တစ်နေ့မနက်မှာတော့ သူ့ရဲ့နှိုးစက်ဟာ၆နာရီ၁၄မိနစ်မှာရပ်နေပါတယ်။
သူ့အိမ်ရှေ့ကိုလည်း သစ်သားချောင်းတွေရောက်နေပါတယ်။
အဲ့သစ်သားတွေပေါ်မှာ Godကပေါ်လာပြီး လှေကြီးတစ်စီးကိုတည်ဆောက်ဖို့ပြောပါတယ်။Godဟာ ကမ္ဘာဦးတုန်းက နောဧကို ကမ္ဘာကြီး ရေလွှမ်းတော့မှာမို့ လှေကြီးတစ်စီး
တည်ဆောက်ခိုင်းခဲ့သလိုပါပဲ။ အခုလည်း ရေလွှမ်းတော့မှာမို့ Evan Baxterကိုခိုင်းတာပါ။
Evanကတော့လက်မခံခဲ့ပါဘူး။ရုံးကိုသွားတော့လည်း သူကြုံသမျှနေရာတိုင်းမှာ ၆ ၁၄ ဂဏန်းတွေကြီးစိုးနေပါတော့တယ်။
တကယ်တော့ အဲ့ဂဏန်းတွေဟာ- “ကမ္ဘာဦးကျမ်း အခန်း ၆ အပိုဒ်၁၄ ဂေါဖရသစ်သားဖြင့်
သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။
အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။ ” ဆိုတဲ့စာသားကို ဆိုလိုမှန်းသူသိသွားခဲ့တယ်။
သူ့နောက်ကို တိရစ္ဆာန်ပေါင်းများစွာ အဖိုနဲ့အမတစ်စုံစီ သူသွားလေရာ လိုက်နေပါတော့တယ်။
ဒါ့အပြင် သူ့ဆံပင်တွေမုတ်ဆိတ်တွေရှည်လာပြ သူ့အလုပ်ကိုလည်းသူလုပ်လို့မရလောက်အောင်
တိရစ္ဆာန်တွေကနှောင့်ယှက်ပါတယ်။အဲ့ဒါတွေကြောင့် Evanတစ်ယောက် အမေရိကန် နောဧဆိုတဲ့နာမည်ခံယူပြီး
လှေကြီးကို စတင်တည်ဆောက်ပါတော့တယ်။

0 comments:

Post a Comment