Doctor Prisoner (2019)

16 Episdoes

Rating : 8.5/10
Country : South Korean
Genre :  Suspense,Thriller,Mystery,Law,Crime,Drama,Medical
Cast : Nam Goong Min,Nara,Kim Byung Chul,Choi Won Young

နာရီဂျေး ဆိုတဲ့ဆရာဝန်ဆိုရင် ထယ်ဂန်းဆေးရုံက
မသိတဲ့သူ မရှိသလောက်ပါပဲ ရုပ်ချော သဘောကောင်း
ဆင်းရဲသားပိုက်ဆံမတက်နိုင်သူတွေကိုလဲ မေတ္တာထား
အိပ်စိုက် ကုသပေးတဲ့သဘောဖြူတဲ့ဆရာဝန်လေးပါ
အမေအိုကြီးအတွက် ဆေးကုသစရိတ်ကိုရှာဖွေနေရသူလဲဖြစ်ပါတယ်
ဆေးကုရမှာ အလွန်တော်သူလဲဖြစ်ပါတယ်
တချက်လေးစမ်းသပ်လိုက်တာနဲ့ ဘာရောဂါဆိုတာတန်းသိသူမို့
ထယ်ဂန်းဆေးရုံရဲ့ အတော်ဆုံး ဆရာဝန်ဆိုလဲမမှားပါဘူး
>>> တစ်နေ့ အထက်လူကြီးအကူအညီနဲ့ သူ့အမေကို
ထယ်ဂန်းဆေးရုံမှာ အလကားခွဲစိတ်ခွင့်ရခဲ့ပါတယ်
သူ့အတွက်တော့ အပျော်ဆုံးပေါ့ အဲ့နေ့မှာပဲ
သူနဲ့ ခင်မင်တဲ့ဆင်းရဲလင်မယားကို
(ဇနီးသည်က ကိုယ်ဝန်သည်)ကို သူက သူ့အိပ်စိုက်ပြီး
ထယ်ဂန်းဆေးရုံမှာ သားဖွားဖို့ပြောလိုက်တယ်
ပျော်ရွှင် နေတဲ့ လင်မယားနှစ်ယောက် ပျော်လို့ပင်
မဝသေးခင်မှာပဲ ကားအက်စီးဒန့်ဖြစ်သွားခဲ့တယ်
ခင်ပွန်းသည်က ဆေးရုံရောက်ရောက်ချင်းမှာပဲ သူ့ဇနီးကို
ဒေါက်တာနာရီဂျေးကို ကယ်ဖို့ပြောပြီး သေသွားခဲ့တယ်
( ကားအက်စီးဒန် ့ကြောင့် ထယ်ဂန်းဆေးရုံ ပိုင်ရှင်သမီး
လီဂျေးအင် နဖူးပွန်းသွားခဲ့တယ် )
ကတိပေးထားတဲ့အတိုင်း ဒေါက်တာနာရီဂျေါ်ဟာ
ကားအက်စီးဒန့်ကြောင့် မေ့မျောနေတဲ့ကိုယ်ဝန်သည် ဇနီးသည်ကို
ခွဲစိတ်ပေးပါတော့တယ်
ခွဲစိတ်နေစဉ်မှာ ထယ်ဂန်းဆေးရုံပိုင်ရှင်သား လီဂျယ်ဟွမ်
ရောက်ရှိလာပြီး သူ့ညီမ နဖူးဒဏ်ရာပိုကုသဖို့ပြောပါတယ်
ခွဲစိတ်နေရင်းနဲ့မို့ လာလို့မရကြောင်းပြောပါသော်လည်းမရပါ
နာရီဂျေး စီနီယာကို အကူအညီတောင်းပြီး
နာရီဂျေးကိုထပ်ခေါ်ပါတော့တယ် နာရီဂျေးက
ခဏထွက်တွေ့ခဲ့ပါတယ် ခွဲစိတ်နေလို့ ပွန်းပဲ့ဒဏ်ရာကို
ကြည့်မပေးနိုင်ကြောင်းငြင်းပြီး ပြန်အလာမှာ
လူနာသေဆုံးသွားခဲ့ပါတယ်...
သူ့ညီမကိုကြည့်မပေးလို့ ရန်ငြိုးထားတဲ့ လီဂျယ်ဟွမ်က
နာရီဂျေးမှားယွင်းခွဲစိတ်လို ့လူနာသေရတာလို့ရဲတိုင်ခဲ့ပါတယ်
ဆရာဝန် လိုင်စင်လဲ အသိမ်းခံရ အမေဖြစ်သူလဲ ခွဲစိတ်ခွင့်မရတော့ပဲ
ထောင်ပါကျသွားခဲ့ရတဲ့ နာရီဂျေးတယောက်
ဘယ်လိုတွေလက်စားချေမလဲဆိုတာတော့....

0 comments:

Post a Comment