Doctor John (2019)

16 Episdoes

Rating : 8.6/10
Country : South Korean
Genre :  Mystery,Romance,Drama,Medical
Cast : Ji Sung,Lee Se Young,Lee Kyu Hyung,Hwang Hee

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ အထူးသဖြင့် ဆရာ၀န်နဲ့သက်ဆိုင်တဲ့

ဇာတ်လမ်းတွဲတွေမှာဆိုရင် သူတို့နိုင်ငံရဲ့ ဆေးပညာအဆင့်အတန်းကို

ကမ္ဘာကိုပြချင်တာကြောင့် ဆရာ၀န်ကားတွေဆို အသေးစိတ်ရိုက်ကူးလေ့ရှိကြတယ်..

Good Doctor 2013 လို စီးရီးမျိုးကို 2017 မှာတောင် တခြားနိုင်ငံက

ပြန်လည်ရိုက်ကူးခဲ့တာအတော်များများသိကြမှာပါ...သူတို့ရိုက်တဲ့ ဆေးလောကနဲ့သက်ဆိုင်တဲ့

စီးရီးတွေက ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းမွန်သလို ဆေးပညာတွေကိုလည်း

ပညာသားပါပါ ထည့်လေ့ရှိကြတယ်...

Doctor Stranger 2014,Medical Top Team 2013,The Doctors 2016, Live up

to your Name 2017 စတဲ့ ဇာတ်လမ်းတွဲတွေဟာ တကယ့်ကိုကောင်းမွန်တဲ့

ဆေးပညာကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ အထင်ကရ ဇာတ်လမ်းတွဲတွေပါပဲ...

ခုရက်ပိုင်းလေးက ထွက်ထားတဲ့ Doctor Prisoner လည်းရှိပါသေးတယ်...

သို့ပေမယ့် ဒီလိုကားတွေဟာ ဘာသာပြန်ဖို့ကျတော့ ဆေးပညာနဲ့ပတ်သက်တဲ့

အသုံးအနှုန်းတွေကြောင့် အခက်အခဲများစွာရှိလို့ မတင်ဖြစ်တာများပါတယ်...

ဒါပေမယ့် အခုစီးရီးကျတော့ တော်တော်ကြီးကောင်းမွန်လို့

ဘာသာပြန် ညီမငယ်များဟာ နီးစပ်ရာ ဆေးလောက က သူငယ်ချင်းတွေအကူအညီနဲ့

မူရင်း အရသာမပျက်အောင် အတတ်နိုင်ဆုံးကြိုးစားပြန်ထားပေးပါတယ်...

ဇာတ်လမ်းအညွှန်းကိုပြောရမယ်ဆိုရင်......

ချာယိုဟန်ဆိုတဲ့ဆရာ၀န်တစ်ယောက်ဟာ ထောင်ကျနေတယ်...

အကြောင်းကတော့ ကိုယ့်လူနာကိုပြန်သတ်ခဲ့လို့ပါတဲ့...

သူဟာ ထောင်မကျခင်တုန်းက တကယ့်ကိုတော်လွန်းတဲ့ဆရာ၀န်တစ်ယောက်ပါ...

အဲ့ဒီကာလနဲ့မရှေးမနှောင်းမှာ ဒေါက်တာကန်စီယောင်းဆိုတဲ့ ဆရာ၀န်မတစ်ယောက်ဟာ

မတော်တဆမှုတစ်ခုကြောင့် လူနာရဲ့ အသက်ကိုမကယ်လိုက်နိုင်လို့

ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေကုန်ဆုံးရင်း

လမ်းပျောက်နေသလိုဖြစ်နေတယ်....
ဒါပေမယ့် ဆရာ၀န်မလေး ကန်စီယောင်း ဟာ ချာယူဟန်ရှိတဲ့ အကျဉ်းထောင်မှာ

အချိန်ပိုင်းဆရာ၀န်အဖြစ် အလုပ်လုပ်ဖို့ဖြစ်လာခဲ့တယ်...

သူတို့ (၂)ယောက်ဘယ်လိုဆုံကြမလဲ....

ထောင်ထဲမှာရော ရောဂါမျိုးစုံကို ဘယ်လိုရှင်းကြမလဲ...

ချာယူဟန်ကရော သူ့စိတ်ဓာတ်ကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား....

ဆေးလောကရဲ့ ပြသနာမျိုးစုံတွေ.....

လူသားချင်းစာနာထောက်ထားမှုတွေ....

ချစ်ခြင်းမေတ္တာတွေကို ကို

ပြသသွားတဲ့ ဒီဇာတ်လမ်းတွဲဟာ တကယ့်ကိုဆွဲဆောင်မှုရှိလှပါတယ်...

မင်းသားရော မင်းသမီးရော လှပချောမောကြပါတယ်..

ခံစားကြည့်ကြပါဦး...

0 comments:

Post a Comment