Couple or Trouble (2006)

16 Episdoes

Rating : 7.5/10
Country : South Korean
Genre : Comedy,Romance
Cast : Oh Ji Ho,Han Ye Seul,Kim Sung Min

မြန်မာပရိတ်သတ်တွေကြားမှာ နာဆန်းရှီ ဆိုပြီး

လူသိများပြီး ချစ်ခင်နှစ်သက်အားပေးကြတဲ့

နာမည်ကြီး မင်းသမီးချောလေး HanYeSeul

အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့

သည်ဇာတ်လမ်းတွဲမှာ

သူမကို

ရုပ်ရည်လေး လှပချောမောသလောက်

မောက်မာရိုင်းစိုင်းပြီး မာနကြီးသော

ကြိကြိတက်ချမ်းသာတဲ့

အိမ်ထောင်ရှင်မိန်းမသား သူဌေးမလေး

JO Anna ( ဂျိုအန်နာ ​အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်)

သူမရဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေအောက်က

သာယာဖွယ်မရှိသော အိမ်ထောင်ရေးအကျိုးအကြောင်းနဲ့အတူ

အူကြောင်ကြောင်အေးစက်စက်နိုင်လှသော

Anna ၏ ခင်ပွန်းသည် အမျိုးသား Billy Park အဖြစ်

မြင်တွေ့ရမှာကတော့ Korean ဝါရင့် Actor ကြီး

Kim Seong Min ပဲဖြစ်ပါတယ် (အခု​တော့
မရှိရှာ​တော့ပါဘူး😪😪😪)

သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ လှပမှုသိပ်မရှိသော

ကံတရားရဲ့ အဖြစ်အပျက် အပြောင်းအလဲတွေကြားမှာ

သုံးပွင့်ဆိုင် Relationship တစ်ခုဖြစ်တည်လာဖို့

အကြောင်းဖန်လာတဲ့ တယောက်သောသူကတော့
ဂျန်​​ချောဆူ ရယ်​ပါ .... 😉

Korea ရဲ့ နာမည်ကျော် Manly Actor ချော
OhJiHo ရဲ့ Jang Cheolsu အဖြစ်မြင်တွေ့ရမယ့်

ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောလောက်စရာ
သရုပ်ဆောင်မှုတွေနဲ့အတူ

HanYeSeul ရဲ့ သွက်လက်တက်ကြွပြီး

အမြင်ကပ်ဖို့ကောင်းလောက်အောင်
ချစ်စရာကောင်းသော acting များစွာဟာ

Couple or Trouble ဆိုသော

Romantic Comedy ဇာတ်အိမ်တစ်ခုကို

အကောင်းမွန်ဆုံး ရသမျိုးစုံနဲ့ ပရိတ်သတ်တွေကို

တဟီးဟီးတဟားဟား ရယ်မောပျော်ရွှင်ရကာ

စိတ်ဝင်စားစွာ ကြည့်ရှုခံစားနိုင်စေခဲ့တဲ့

အဟောင်းထဲက အကောင်းစား

သည် Drama Series လေးကို

ယခုအချိန်မှာလည်း တမျိုးတမည် ပြန်လည်ပြီး

အမောပြေ အပန်းပြေ ကြည့်ရှုနိုင်ရစေဖို့

တင်ဆက်ပေးမှာ ဖြစ်​ပါတယ်​ခင်​ဗျာ 

0 comments:

Post a Comment