Confession (2019)

16 Episdoes

Rating : 8.5/10
Country : South Korean
Genre : Thriller,Mystery,Law,Drama,Investigation
Cast : Lee Jun Ho,Shin Hyun Bin,Yoo Jae Myung,

အခုကားလေးကတော့ တော်တော်လူတောင်းများနေတဲ့
My drama list မှာ 8.8 ထိ
ရရှိထားကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ
မင်းသားအနေနဲ့ကတော့ 2pm က
အဆိုတော်ချောလေး Lee Jun Ho
မင်းသမီးချော Shin Hyun Bin နဲ့
မင်းသားကြီး Yoo Jae Myung တို့ပါ
>>>> ဇာတ်လမ်းအကျဉ်း <<<<
Choi Do Hyun ဆိုတဲ့ကောင်လေး
- ဖခင်ဖြစ်သူ တသက်တကျွန်းအပြစ်သားရဲ့ နာမည်ဆိုးကို
ဆေးကျောချင်လို့ရှေ့နေဖြစ်အောင်ကြိုးစားခဲ့သူပါ
အမှုကိုကျွမ်းကျင်စွာကိုင်နိုင်ပြီး အမှုနိုင်တဲ့
နာမည်ကြီး ရှေ ့နေတယောက်ပါ
- Ki Choon Ho ကတော့ အလုပ်လုပ်တာမှာ
သမာသမတ်ကျလွန်းတဲ့ ရဲအရာရှိတယောက်ပါ
### တစ်နေ့ဘားကအပြန် ကောင်မလေးတယောက်ကို
ဦးခေါင်းကိုရိုက်ခွဲ ခန္ဓာကိုယ်ကို ပုလင်းကွဲ နဲ့
နေရာအနှံ့ ထိုးပစ်ခဲ့ပြီး သတ်ခဲ့တဲ့အပြင်
အကျင်္ ီတွေကို မီးရှို့ထားခဲ့လို ့ သက်သေကိုရရခက်စေပါတယ်
အချိန်အားဖြင့် 2014 ခုနှစ်မို့ CCTV လဲအများအပြားမရှိသေးပါဘူး
မိန်းကလေး ပိုက်ဆံအိပ်ပေါ်က လက်ဗွေရာ အရ
Han Joong Ko ကိုဖမ်းဆီးခဲ့ပါတယ်
Choi Do Hyun ရဲ့ကူညီမှုကြောင့်
Han Joong Ko အပြစ်ကနေ ကွင်းလွုံးကျွတ်လွတ်ခဲ့ပါတယ်
အပြစ်သားကို မှားယွင်းဖမ်းဆီးမှုကြောင့် ရဲမှူး Ki Choon Ho
အလုပ်ပြုတ်သွားခဲ့ပါတော့တယ်
နောက် 5 နှစ်အကြာ ယခုနှစ်
ဘားကမိန်းကလေးတယောက် တပုံစံအတိူင်းသတ်ခံခဲ့ရပြီး
သေဆုံးချိန်အနီးအနားက Blackbox မှာ Han Joong Ko ကို
တွေ့ရှိမှုကြောင့် သူ့ကို ထပ်မံဖမ်းဆီးခဲ့တဲ့အခါမှာတော့.,
ှဘာသူကမှားနေတာလဲ ရှေ့နေကြီးလား
ရဲတွေလား ဒါမှမဟုတ် မသတ်ခဲ့ပါဘူးဆိုတဲ့
Han Joong Ko လား ဆိုတာတော့..,

0 comments:

Post a Comment