Rating : 4.7/10
Country :India
Genre :Action,Adventure,Crime,India Movie,
Released Date : 2022
Duration : 2h 15min
အညွှန်း
အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့
မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့
စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ်
ထွက်ရှိလို့ လာခဲ့ပါပြီ
ဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး
နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့
ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်
ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက
တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး
သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်
ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး
စကားတွေလည်း အများကြီးပြောပါတယ်
ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး
စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်
အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို
မရမက အတင်းလာမယ်လုပ်ပြီး
ရောက်လာတဲ့အချိန်မှာတော့..
သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို
လုပ်ခဲ့ပါတော့တယ်
သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ
ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့
ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ
စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်
Read More