Showing posts sorted by date for query 2010. Sort by relevance Show all posts
Showing posts sorted by date for query 2010. Sort by relevance Show all posts


Rating : 6.2/10
Country :United State
Genre :Horror,Thriller,
Released Date : 2010
Duration :  1h 48min
 
 
အညွှန်း
 
အုပ်စုဖွဲ့မုဒိမ်းကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်က

လက်စားချေဖို့ကြိုးစားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဂျနီဖာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့စာအုပ်ကို

တစ်ကိုယ်တည်း လက်စသတ်ချင်တာကြောင့် လူဝီစီယားနား

မှာရှိတဲ့ တောထဲကိုလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမသိတာကြောင့်

ဆီဆိုင်မှာတွေ့တဲ့လူတစ်ယောက်ကို လမ်းမေးခဲ့ပါတယ်။

အဲဒါဟာ သူသွားမယ့်‌နေရာအကြောင်း လူစိမ်းကို

အသိပေးလိုက်သလိုဖြစ်သွားခဲ့ပြီး သူ့ရဲ့တောအုပ်ထဲက

အိမ်လေးဆီကို အန္တရာယ်တွေ လိုက်လာခဲ့ပါတော့တယ်။

အဲဒီညမှာပဲ လူတစ်စုဟာ သူ့ဆီရောက်လာကြခဲ့ကြပါတယ်။

သူတို့ဟာ ဂျနီဖာကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပြီးတော့

သူ့ကိုသေအောင် နေရာမှာတင် ပစ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်

ဂျနီဖာဟာ မသေခဲ့ပဲ သူ့ကိုကျူးလွန်ခဲ့တဲ့သူတွေကို လိုက်လက်စားချေဖို့ကြိုးစားပါတော့တယ်။
 

 

 

Read More 0 comments


Rating : 6.3/10
Country : Japan
Genre :Drama,Romance,Japan Movie,
Released Date : 2022
Duration :  2h 13min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။
သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့
Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့
Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ
The Scent of Green PaPayaတို့ Cycloတို့လို
အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။
စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့
စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့
စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။

Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။
ဝေါင်ကာဝေးရဲ့ In The mood for loveအပြင်
ထိုင်၀မ်ရဲ့ဆရာတစ်ဆူဖြစ်တဲ့ Hou Hsiao-Hsienရဲ့ ကားတိုင်းနီးပါးမှာလည်း စီနီမာတိုဂရပ်ဖာလုပ်ခဲ့တဲ့သူပါ။
သူ့စီနီမာကို အသည်းစွဲကြိုက်ကြတဲ့သူတွေမနည်းပါဘူး။
သရုပ်‌ဆောင်တွေက Death Note မူလကားရဲ့ L ဖြစ်တဲ့ Kenichi Matsuyama,
Drive My Carထဲက Reika Kirishima,
ဘရက်ပစ်ရဲ့ babel, Pacific Rim, 47 Roninsတို့ထဲတောင် ပါဖူးတဲ့ Rinko Kikuchiတို့တွေပါ။

Norwegian Woodဆိုတဲ့ နာမည်ဟာ မူရာကာမိ ယူနေကျအတိုင်း the Betales သီချင်းနာမည်ကို ယူထားတာဖြစ်ပြီး
Drive my carဆိုတာလည်း the Betales သီချင်းနာမည်ပါပဲ။
မူရင်း Norwegian Woodစာအုပ်ဟာ မူရာကာမိရဲ့ မစ္စတာပိစ်လို့လည်း ပြောကြပါတယ်။

ဇာတ်လမ်းကတော့ မူကာရာမိဆန်ဆန်ပါပဲ။
မူရင်းစာအုပ်ထဲက စာသားတွေကို Narrativeထည့်ပြောသွားပြီး ပုံဖော်သွားပါတယ်။
မူရာကာမိဖန်တွေ ကြိုက်မယ့် ကျန်တဲ့မူရာကာမိကားတွေအတိုင်း ဇာတ်ကောင်ဗဟိုပြုပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။
အဟောင်းပေမဲ့ Art Filmကားကောင်းကောင်း တောင့်တနေတဲ့လူတွေအတွက် Norwegian Woodဟာ ရွှေပါပဲ။

 

 

Read More 0 comments


Rating : 7.3/10
Country : United State
Genre : Adventure,Drama,History,
Released Date : 2010
Duration :  2h 23min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆိုက်ဘေးရီးယား အကျဉ်းစခန်းကနေဂိုဘီသဲကန္တာရ၊ မွန်ဂိုးလီးယား၊ တိဘက်ဟိမဝန္တာ၊
အိန္ဒိယနယ်စပ်အထိမိုင်ပေါင်း ၄၀၀၀ ကျော်ခရီးကို အစာပြတ်ရေငတ်ခံခြေလျင် ထွက်ပြေးခဲ့ကြတဲ့
အကျဉ်းသား ၇ ယောက်ရဲ့ခရီးစဉ်မှတ်တမ်း ဇာတ်လမ်းရုပ်ရှင်ပါ။

အသက်ရှင်ရက် လွတ်မြောက်လိုစိတ်နဲ့အခြေအနေမရွေး အချိန်အခါမရွေး ငြိမ်းသွားနိုင်တဲ့
မှိန်ဖျော့ဖျော့ အသက်ဓာတ်ကို ခဲယဉ်းကြီးစွာ မွေးမြူရင်း အခက်အခဲပေါင်းစုံကို
လူသားဆန်ဆန် ရင်ဆိုင်ဖြတ်သန်းခဲ့ကြပါတယ်။

လမ်းခရီးတစ်လျှောက်မှာလည်း သက်ရှိဘေး၊ သက်မဲ့ဘေး၊ သဘာဝဘေး
အမျိုးမျိုးတို့ကို ကြံ့ကြံ့ခံအန်တုကြရင်း သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အစာရေစာငတ်ပြတ်လာရင် ဖြစ်လာတတ်တဲ့ လူတွေရဲ့ စိတ်ခံစားမှုသဘောထားများနဲ့ အမူအကျင့်တွေ
ခရီးဖော်ချင်း ချစ်ခင်ကြင်နာ စာနာဖေးမမှုတွေ ခရီးကြမ်းတစ်လျှောက် ဒေသခံတွေရဲ့ အရိုးခံစိတ်
လူနေမှုဓလေ့နဲ့ လူသားချင်း စာနာမှုတွေ ဖြတ်သန်းတွေ့ကြုံ ခဲ့ရသမျှနဲ့
တောတောင်ရေမြေနဲ့ သဘာဝတွေကို ကိုယ်တိုင်ပဲ သူတို့နဲ့အတူ လိုက်ပါခံစား နေရသလိုပါပဲ။

၀မ်းစာတိုက်ပွဲနဲ့ လွတ်မြောက်ဖို့အတွက် ကန္တာရခရီးလမ်းကြမ်းမှာ
ဘယ်လိုဖြတ်သန်းနေထိုင်ကြမှာလဲ ….
နောက်ဆုံးတော့ လွတ်မြောက်နိုင်ပါ့မလား ….

ဒီရုပ်ရှင်ဇာတ်ကားဟာ
ရုန်းကန်ရင်ဆိုင်နိုင်ဖို့ စိတ်ဓာတ်ခွန်အားကိုပေးတဲ့
ဇာတ်လမ်းကောင်း တစ်ပုဒ်ဆိုတာကိုတော့
ကျွန်တော် ရဲရဲကြီး အာမခံပြောနိုင်ပါတယ် ။

 

 

Read More 0 comments


Rating : 6.6/10
Country :Thai
Genre :Adult,Action,Drama,Musical,Thai Movie,
Released Date : 2022
Duration :  3h 10min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်လမ်းအကျဥ်း

သခင်ကြီးဟန့်ရဲ့ တူတစ်ယောက်ဖြစ်တဲ့ ဆန်မောင်ဟာ လူ့ကျင့်ဝတ်ကို သိတတ် လိမ္မာပြီး ဦးလေးကို အဖေအရင်းလို ရိုသေချစ်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့

မြန်မာနိုင်ငံ သစ်တောတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဆန်မောင်က နတ်သားလေးလို ချောမောသလို ချစ်ရတဲ့မိန်းကလေးဖြစ်သူလည်းမရှိနေခဲ့ဖူးပါဘူး

တခြားယောက်ျားလေးတွေလို မိန်းကလေးတွေနဲ့ပွေရှုပ်ခြင်းမရှိသလို လူပျိုဘဝကိုလည်း လက်ထပ်ပြီးမှကုန်ဆုံးချင်တဲ့ ဆန်မောင်အတွက် သခင်ကြီးဟန့်က ဘန်ကောက်ခရီးကအပြန်ဇနီးမယားရှာပေးမယ်လို့ ပြောခဲ့တယ်

ဒါပေမဲ့ ခရီးအပြန်မှာတော့ သခင်ကြီးဟန့်က ယူဖဒီဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို ဇနီးအဖြစ်တော်ကောက်လာခဲ့ပါတယ်

အသက်သိပ်မကွာခြားတဲ့ ယူဖဒီနဲ့ ဆန်မောင်တို့ အနေနီးစပ်ရာ မဖြစ်သင့်တဲ့ချစ်ခြင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်

ဦးလေးကို ချစ်ကြောက်ရိုသေရပေမယ့် ပထမဆုံးချစ်မိတဲ့မိန်းကလေးက အဒေါ်ဖြစ်ခဲ့တဲ့ ဆန်မောင်နဲ့ ခက်ခဲလွန်းတဲ့ဘဝကိုကျော်ဖြတ်ဖို့
သခင်ကြီးဟန့်ကိုလက်ထပ်ခဲ့ပေမယ့် ဆန်မောင့်ကိုမှချစ်မိသွားတဲ့ ယူဖဒီကြား ဘာတွေဖြစ်လာမလဲဆိုတာ “Eternity” ဇာတ်ကားမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။

 

 

Read More 0 comments


 

 

Rating : 7.1/10
Country : United State
Genre : Drama, Fantasy, Mystery
Released Date : 2005
Duration :  1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

The Man From Earth2007,The Machinist2004,Mr. Brooks2007 , Inception 2010
တို့လို ကားတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ကြပါ…
ဆိုတော့ ဒီဇတ်လမ်းရဲ့ taste ဟာဘယ်လိုဖြစ်နိုင်လဲဆိုတာ အနည်းငယ်တော့ ရိပ်မိနိုင်ပါတယ်…
…ခေါင်းစားချင်တယ်…ဒါမှမဟုတ် ကွကိုယ် ဒုက္ခရောက်နေပြီလို့
ယူဆနေတဲ့သူတွေ တိုင်လည်တာတွေမှကြိုက်တဲ့သူတွေ ကလွဲလို့ ကျန်တဲ့သူတွေလက်ရှောင်သင့်ပါတယ်..
ဂျက်ဆိုတဲ့ လူဟာ စစ်သားတစ်ယောက်..ရှေ့တန်းမှာ ကံဆိုးစွာပဲ
ပစ္စတိုနဲ့ အနီးကပ်တေ့ဖြုတ်ခံလိုက်ရတယ်…ဒီဒဏ်ရာကြောင့် မသေခဲ့ပေမဲ့
နောက်ဆက်တွဲသတိမေ့တတ်တဲ့ရောဂါနဲ့ အာရုံကြောရောဂါကြောင့်
ပင်စင်ပေးလိုက်တယ်….
သူဟာ ပေါ့ပါးစွာ ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လမ်းမကြီးကနေ လမ်းလျှောက်ပြန်လာခဲ့တယ်..
အဲ့ဒီနောက် သူသတိရတဲ့အချိန်မှာတော့ တရားရုံးမှာ
ရဲအရာရှိတစ်ယောက်ကိုသတ်မှုနဲ့
တရားရင်ဆိုင်နေရတယ်…
တရားသူကြီးရဲ့ စစ်မေးမှုအောက်မှာ သူ့အဖြေက ဘာမမှတ်မိတဲ့အတွက်
မသိပါဘူးဆိုတာပါပဲ…
အဲ့ဒီနောက်မှာတော့…

 

Pianist မင်းသား Adrian Brody ရယ်
မင်းသမီးချော Keira Knightly ရယ်
ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ရယ်
ပါဝင်သရုပ်ဆောင်ထားပါတယ်….

Read More 0 comments


 

Rating : 6.8/10
Country :United State
Genre :Drama,War,
Released Date : 2010
Duration : 1h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။

ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။

စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။

ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။

ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။

ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။

ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။
ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။
လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။

ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။
ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။
ဘာကြောင့်မှန်းလည်း ငါမသိရပါလား။
သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။

2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison’s War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။

ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။

ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။

စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။

 
 

 

 

Read More 0 comments


 

Rating : 6.6/10
Country : Japan
Genre : Drama, Fantasy, Romance
Released Date : 2022
Duration : 1h 52min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဝိညာဉ်တစ်ခုဟာ သူများခန္ဓာကိုယ်ထဲ နိုးလာတယ်။ သူဘယ်သူလဲလည်း သူမသိဘူး။

သူ့မှာ ဘာမှတ်ဉာဏ်မှလည်း မရှိဘူး။ အစောင့်အရှောက်လို့ သူ့ကိုယ်သူပြောတဲ့သူက

သူ့ကို တာ၀န်တစ်ခုပေးတယ်။ သူ၀င်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဘာလို့သတ်သေခဲ့လဲ

သိအောင်လုပ်ရမယ်တဲ့။ ရက်တစ်ရာအတွင်း ဒီမေးခွန်းကို ဖြေနိုင်မှ လူပြန်၀င်စားခွင့်

ရမယ်တဲ့။ ဒီလိုနဲ့ အဲဒီဝိညာဉ်ဟာ သူများခန္ဓာကိုယ်ထဲနေပြီး သူများအကြောင်းကို လေ့

လာဖို့ဖြစ်လာတယ်။ ရက်တစ်ရာပြည့်တဲ့ အခါမှာတော့…….။

Japan Animeဖြစ်တဲ့ Colorful(2010) ကိုမှီးပြီး 2018မှာ ထိုင်းက Homestayဆိုတဲ့

နာမည်နဲ့ Live Actionတစ်ကားရိုက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကိုပဲ Homestayနာမည်နဲ့ပဲ

ဂျပန်က Live Action တစ်ခါထပ်ရိုက်ထားတာပါ။ သဘာ၀လွန် ဇာတ်ကြောင်းကောင်း

ကောင်းနဲ့ ဆယ်ကျော်သက်ပညာပေး ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။

Read More 0 comments


 

 

Rating : 5.1/10
Country : United State
Genre :Action,Crime,Drama,
Released Date : 2010
Duration : 2h 1min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးကတော့ အင်မရန်းဟာရှ်မီနဲ့ နေဟားရှရ်မာတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Action/Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
”သူခိုးရဲ့သားက သူခိုးပဲဖြစ်မယ်။ လူမိုက်ရဲ့သားက လူမိုက်ပဲဖြစ်လိမ့်မယ်။ ဒါကလူတွေ မြင်ကြတဲ့ လောကကြီးရဲ့ နိယာမတစ်ခုပေါ့”
ဒုစရိုက်သမားကြီးဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးပြီးတဲ့နောက်မှာ ဆူရာ့ဂျ်ဟာ နာကျည်းစိတ်နဲ့ ဒုစရိုက်အလုပ်တွေပဲလုပ်ရင်း
မိုက်တွင်းနက်သထက်နက်နေမိတယ်။

ဒါကိုမြင်ရတော့ မွေးစားအဖေဖြစ်သူ ရဲအရာရှိကြီးဂျိုးဆပ်က
လူမိုက်တွေနဲ့ဝေးသွားရင်တော့ စိတ်ပြောင်းသွားနိုင်ရဲ့ဆိုတဲ့အတွေးနဲ့ ဆူရာ့ဂျ်ကို သြစတြေးလျနိုင်ငံပို့ဖို့ စီစဥ်လိုက်ပါတယ်။
နယ်မြေသစ် နေရာသစ်ရောက်သွားတဲ့ ဆူရာ့ဂျ်ဟာ စိတ်သစ်လူသစ်နဲ့ ဘဝကိုအကောင်းဆုံးနေထိုင်ရင်း အိန္ဒိယသူလေး ဆူဟာနီနဲ့ဆုံခဲ့တယ်။
တိုင်းတစ်ပါးမှာသာနေနေပေမယ့် ဆူဟာနီရဲ့ ကိုယ့်လူမျိုးပေါ်မှာချစ်တဲ့စိတ်ကမသေးပါဘူး။ သူ့ဘဝအခြေကျဖို့ကြိုးစားရင်း ဒီမျိုးချစ်ကောင်မလေးအပေါ် အချစ်တွေလည်းတိုးရင်းပေါ့။

ဒါပေမဲ့ ဆူဟာနီရဲ့ အစ်ကိုကတော့တယူသန်…သြစတြေးလျလူမျိုးတွေဆို နာကျည်းမုန်းတီးနေတာ။ နာကျည်းဆို သြစတြေးလျလူမျိုးတွေက အိန္ဒိယလူမျိုးတွေအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံမှုကို မြင်တွေ့နေရတာကိုး။
ဒီလိုနဲ့ သြစတြေးလျတွေနဲ့ အိန္ဒိယလူမျိုးတွေကြားက တင်းမာမှုတွေကြီးမားလာပြီး သတ်ဖြတ်လုယက်တဲ့ အနေအထားဖြစ်လာတဲ့အခါမှာ ဆူရာ့ဂျ်တစ်ယောက် ပါဝင်ပတ်သတ်လာရပါတော့တယ်။

လူမျိုးနှစ်စုအကြားက တင်းမာမှုဟာ နှစ်နိုင်ငံအကြားတင်းမာမှုအခြေအနေအထိ ရောက်လာတဲ့အခါမှာ ဆူရာ့ဂျ်ဘယ်လိုပါဝင်မလဲ၊ ဒီတင်းမာမှုကြီးရဲ့ ရင်းမြစ်ကရော ဘယ်ကစတာလည်းဆိုတာကို ဘယ်လိုအဖြေရှာမလဲဆိုတာ အက်ရှင်ခန်းတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းအောင်ရှုစားရမှာဖြစ်ပါတယ်။

Read More 0 comments


 

 

Rating : 6.8/10
Country :United State
Genre :Drama,Thriller,
Released Date : 2010
Duration : 1h 53min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆာရာဆိုတဲ့ အမျိုးသမီးဟာ သူရေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စင်ပေါ်မှာ
ဂုဏ်ယူဝံ့ကြွားစွာနဲ့ ‌အမှတ်တရစကားပြောနေလေရဲ့ ….

ဒီလို ဂုဏ်ယူနေရတဲ့ အကြောင်းရင်းကလည်း ဒီစာအုပ်ဟာ သူ့ရဲ့မိခင်

ရေချယ် စင်းဂါး
ဒေးဗစ် ပဲရိစ် နဲ့
စတက်ဖန်ဂိုး တို့ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်နေလို့ပါ။

အခုချိန်မှာ အိုမင်းရင့်ရော်သွားပြီဖြစ်တဲ့ ဒီလူ ၃ ယောက်ရဲ့ ငယ်ဘ၀ဟာ
ဂုဏ်ယူချီးကျူးစရာတွေ အပြည့်ပေါ့ ။

မိုဆက်အေးဂျင့် ၃ ယောက်ဖြစ်တဲ့ သူတို့ဟာ ဘာလင်ကို နိုင်ငံတော်အဆင့် မစ်ရှင်တစ်ခုနဲ့
တာ၀န်ကျခဲ့တယ် …

သူတို့ရဲ့တာ၀န်က ဆရာ၀န်အမည်ခံပြီး လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ
၁၅ နှစ်တာလုံး ဘယ်လိုမှ မဖမ်းမိသူ ဒေါက်တာ ဗိုဂယ်ကို ဖမ်းဆီးဖို့ပေါ့….

ဒီလို ဂုဏ်ယူစရာ အဖြစ်အပျက်ကို သမီးဖြစ်သူက စင်ပေါ်မှာ ၀မ်းပန်းတသာ ပြောနေပေမဲ့
ကာယကံရှင် ဖြစ်သူ ရေချယ်ကိုယ်တိုင်ကတော့ ရွှင်ပျမနေခဲ့တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး …

လူတကာက သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပေမဲ့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာ
ကိစ္စတစ်ခု ရှိနေသေးတာကို ရေချယ်၊ စတက်ဖန်နဲ့ ဒေးဗစ်တို့ သုံးယောက်သာ သိပါတယ်

IMDb 6.8 RT 77% ရှိရရှိထားပြီး မင်းသမီးကြီး Helen Mirren၊ မင်းသမီးချော Jessica Chastain ၊ မင်းသား Sam Worthington နဲ့ Tom Wilkinson တို့လို အကောင်းစားကြီးတွေ ပါ၀င်ထားပြီး ဇာတ်အိမ်အသွားအလာကလည်း အကောင်းစားကြီးဖြစ်တာမို့
လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး

Read More 0 comments


 

 

Rating : 8.1/10
Country : United State
Genre : Drama, War
Released Date : 1986
Duration : 2h

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?

Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက သူ့ ဒဿနတွေချည်းပဲလေ။

တပ်သား Chris ဟာ ကောလိပ်တက်ခွင့်ရသူပါ။ ပညာတတ်တစ်ယောက်။ သူ့ရုပ်ရည်ရူပါဟာ စစ်ပွဲနဲ့ မအပ်စပ်ဘူး။ လုံးဝကို မအပ်စပ်တာ။ ရိုးသားပြီး စိတ်ကောင်းရှိတဲ့လူ။ Vietnam မြေပြင်ပေါ်ကို သူဘာလာလုပ်တာလဲ?

ကျောင်းထွက်ပြီး စစ်ထဲကို စေတနာ့ဝန်ထမ်းလုပ်ပြီးဝင်လာတာတဲ့။

“ချမ်းသာတဲ့သူတွေကျတော့ စစ်ပွဲနဲ့‌ရှောင်နေတယ်။ ဆင်းရဲတဲ့လူတွေကျတော့ တိုက်ပွဲထဲမှာ ရုန်းနေရတယ်”

သူက အဲ့လိုလူမျိုးထဲမှာမပါဘူး။ အဆင့်အတန်းဂုဏ်တွေ ချောင်ထိုးထားပြီး စစ်ပွဲမှာ တိုင်းပြည်တာဝန်လာထမ်းတာ။
“ကောလိပ်တက်နေလဲဘာထူးမှာလဲ။ လူ့လောကအကြောင်း ဘာမှ ရေရေရာရာသင်ပေးတာမှမဟုတ်တာ”
ခုတော့ “Vietnam စစ်မြေပြင်” ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာတွေသင်နေလေရဲ့…Vietnam ရောက် အမေရိကန်တွေဟာ စိတ်ဓာတ်တွေ ရေစုန်မြောနေပြီ။ အကုန်လုံးက စုတ်ပဲ့နေတာ။ တပ်သားအသစ်တွေဆို ပစားမပေးဘူး နှိမ်ခိုင်းတယ်။ မြန်မြန်သေ အေးတယ်။ ဒါမှ ဒုက္ခမပေးနိုင်မှာ။ ဘာလို့လဲဆို တိုက်ပွဲ အတွေ့အကြုံ မရှိလို့တဲ့။ သေရေးရှင်ရေးဆိုရင်တော့ တပ်သားအသစ်တွေကို ရှေ့တန်းတင်တော့တာပဲ။

Sergeant Elias ကတော့ တခြားသူတွေနဲ့မတူဘူး။ သူဟာ အမြဲတန်း စစ်နိုင်သူပဲ။ စိတ်ထားကောင်းပြီး တပ်သား အသစ်တွေအပေါ် စိတ်ရှည်ရှာတယ်။ လိုအပ်တာတွေ သေချာသင်ပေးတယ်။ သူနဲ့ဆန့်ကျင်ဘက်က Sergeant Barnes ဆိုတဲ့ ဘဲကြီးပေါ့။ မျက်ခွက်ကိုက ဆွဲထိုးချင်စရာ ရုပ်ကြီးနဲ့။

Platoon ( တပ်စု ) ထဲမှာ အဖွဲ့နှစ်ဖွဲ့ကွဲတယ်။ Elias ရဲ့ ဘက်တော်သားနဲ့ Barnes ရဲ့အစေခံကျွန်သပေါက်တွေ။ Chris ကတော့ Elias ရဲ့ အကောင်းဆုံး တပည့်ပေါ့။ အဖွဲ့နှစ်ဖွဲ့ဟာ အယူအဆမတူသလို အချင်းချင်းလဲ အမြင်စောင်းနေကြတာပါ။တစ်ရက်မှာ ရန်သူ့ စခန်းတစ်ခုကို ဝင်မွှေပါတယ်။ ရန်သူတွေ ရှိမနေပေမဲ့ ရန်သူတွေရဲ့ စွန့်ခွာလက်ဆောင် မိုင်းလေးကြောင့် တပ်သားနှစ်ယောက် ကြွသွားတယ်။ အလောင်းကတော့ တူးနေပြီ။ တစ်ယောက်ကတော့ ဒယိမ်းဒယိုင် ထွက်လာတယ်။ လက်တော့မရှိတော့ဘူး။ အူတွေကလဲ အလိပ်လိုက်ထွက်လို့… Barnes အရမ်းတင်းသွားတယ်။ ရန်သူတွေ ဝင်သွားခဲ့တယ်ဆိုတဲ့ ရွာကို အမြန်လိုက်။ ပြီးတော့… ရွာသားတွေကို နှိပ်စက်ပြီးမေးတော့တာပဲ။

ဒီမှာ……

စိတ်ကောင်းရှိပါတယ်ဆိုတဲ့ Chris တစ်ယောက်ဟာ နောက်တစ်ယောက်ဖြစ်သွားတော့တာပဲ။ ခြေတစ်ဖက်မရှိတဲ့ ကောင်လေးကို အော်ဟောက်နေမိတယ်။ အမေအိုကြီးက တောင်းပန်ငိုယိုလို့နေတာ…။ Chris ကတော့ ရပ်မနေခဲ့ပါဘူး။ အဲ့ကောင်လေးကို တွန်းလှဲပြီး ခေါင်းကို သေနတ်ဒင် နဲ့ထုသတ်လိုက်တယ်။ ဦးနှောက်တွေတောင်ထွက်လာတယ်။ အမေအိုကြီး အငိုတိတ်သွားတယ်။

သူ့မျက်လုံးကတော့ သားဆီမှာ…
မယုံနိုင်တဲ့ အကြည့်တွေနဲ့ပေါ့…
ငိုဖို့တောင် မျက်ရည်မကျန်ရှာတော့ဘူး…

သူငယ်ချင်းတစ်ယောက်ကလဲ Chris ကိုကြည့်လို့။ မယုံနိုင်ဘူး။ Chris ကတော့ မျက်နှာ မှိုင်ပြီး ထွက်သွားတယ်။ Oliver Stone ဟာ လူတွေရဲ့ ပတ်ဝန်းကျင်ကြောင့်ပြောင်းလဲသွားတဲ့စရိုက်ကို အကောင်းဆုံးချပြလိုက်တာပါ။

Sergeant Barnes ဟာ အစစ်အမေးကြမ်းလွန်းတယ်။ ရွာသူကြီးကို အတင်းစစ်မေးတယ်။ ဝင်ရှုပ်နေတဲ့ သူ့မိန်းမကို Headshot နဲ့ Kill လိုက်တယ်။ မကျေနပ်နိုင်သေးတဲ့ သူ့စိတ်က အဖိုးကြီးရဲ့ သမီးလေးကို မဲတော့တာပဲ။ Elias ကပြေးဝင်ပြီးတားတယ်။ ထိုးကြကြိတ်ကြနဲ့။ ရန်ဖြစ်။ ဝင်ဆွဲ။ လုံးထွေးနေကြတယ်။ ပွဲပြီးတော့ Barnes ဟာ Elias ကို ကြည့်လိုက်တယ်။ ” တွေ့ကြသေးတာပေါ့ ” ဆိုတဲ့ အဓိပ္ပာယ်နဲ့။

Barnes ရဲ့ ကောင်တွေက ခြုံတစ်ခုမှာ ကောင်မလေးတစ်ယောက်ကို မုဒိန်း ကျင့်နေကြတာ။ အောက်တန်းကျတဲ့ ခွေးမျိုးတွေ။ Chris ဝင်ချလာတယ်။ ဒီမှာတော့ သူ့စိတ်ကောင်းက လွှမ်းမိုး‌နေတဲ့အချိန်။ ကောင်မလေးကို ဆွဲခေါ်တယ် ကျင့်နေတဲ့ကောင်တွေကို ခပ်ကြမ်းကြမ်း ဆဲဆိုနေတယ်။ ဟိုကောင်တွေက Chris ကိုပြောတယ်…..

“မင်းက သောက်ခြောက်လား? ဒီဟာမ က Vietnam ကွ”

နာကျည်းနေတဲ့ Chris က ပြန်‌အော် ပြောလိုက်တယ် ….

” She’s a f**king human being !!!
F**k you !!! “

လူလူချင်းတောင် တိရိစ္ဆာန်သဖွယ် သဘောထားနိုင်သွားတဲ့ စုတ်ချာ နေတဲ့ စိတ်ဓာတ်တွေကို ကွက်ကွက် ကွင်းကွင်းကြီးပြသွားတာပဲ။ ဒါတောင် အမေရိကန်တွေနော်။ ဖွံဖြိုးပြီး နိုင်ငံတစ်ခုရဲ့ စစ်သားတွေပါ။ ပထမကမ္ဘာစစ်တင်မက ဒုတိယကမ္ဘာစစ်မှာပါ လူတွေရဲ့ အားကျမှုကို ရခဲ့တဲ့ တပ်မတော်။ ဘာမဟုတ်တဲ့ Vietnam တောထဲမှာ ဖြစ်ပျက်သွားတာက မြင်မကောင်းရှုမကောင်းကိုဖြစ်လို့……

Chris ဟာ သူသိလိုက်ရတယ်…
သူလိုချင်နေတဲ့ လူ့ဘဝကြီးအကြောင်းကိုပေါ့…

” ကျနော်တို့ဟာ ရန်သူတွေနဲ့ စစ်တိုက်နေကြရတာမှမဟုတ်ပဲ။ အချင်းချင်း တိုက်နေကြရတာ။ အထူးသဖြင့် ကိုယ့်စိတ်ထဲက ဆိုးတာနဲ့ကောင်းတာရဲ့ မဟာစစ်ပွဲကြီးပေါ့ ” ( Chris Taylor )

ခင်ဗျားတို့ ကျနော်တို့လဲ နေ့စဉ်ရက်ဆက် တိုက်နေကြရတာပဲမဟုတ်လား?

ရလဒ်ကော ကောင်းကြရဲ့လား?

Barnes နိုင်သွားလား?

Elias နိုင်သွားလား?ဒီဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေဟာ တကယ့်အဖြစ်အပျက်တွေပေါ်အခြေခံထားတာပါ။ Oliver Stone ဟာ Vietnam စစ်ပွဲအပေါ် အရမ်း အာရုံကျနေခဲ့တာပါ။ ဒီတစ်ခါတော့ သူ ကြမ်းပြလိုက်ပြီလေ။

Cinematography ကို Robert Richardson ကကိုင်ခဲ့တာပါ။ Shutter Island ( 2010 ) နဲ့ Hugo ( 2011 ) ကိုကောင်းကောင်းကိုင်ခဲ့သူ။ ဒါ့အပြင် The Aviator, Once Upon a Time In Hollywood, Kill Bill စတာတွေရဲ့ Cinematography ဖန်တီးရှင်ကြီးပါ ..

Rating: 8.1
Rotten Tomatoes: 87%
Metacritic: 92% ကိုလဲ ရထားပါတယ်။

ဇာတ်လမ်းလေးပြီးသွားရင်..
သေချာပါတယ် Chris Taylor ရဲ့ အတွေးတစ်ပိုင်းတစ်စ ဟာ ခေါင်းထဲ နစ်မြုပ်ကျန်နေရစ်တော့မှာပါ …

Read More 0 comments


 

Rating : 5.0/10
Country : United State
Genre : Comedy, Family, Fantasy
Released Date : 2010
Duration : 1h 41min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။

Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ…။

Read More 0 comments


 

Rating : 5.5/10
Country : United State
Genre : Comedy, Romance
Released Date : 2010
Duration : 1h 38min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ်

တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး

အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်

ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ်

ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ဘယ်လိုအနှောင့်အယှက်တွေရှိလာဦးမလဲ

ဂျက် ကလည်း သူတို့‌မြေးလေးနှစ်ယောက်ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပါတီအတွက်အိမ်အလည်လာရင်းနဲ့ ဂရက်ရဲ့ တလွဲတချော်တွေကို ဘယ်လိုအထင်လွဲမိပြီး ဘယ်လို ပြန်အဆင်ပြေသွားမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ

Read More 0 comments


 

Rating : 5.5/10
Country : United State
Genre : Comedy, Romance
Released Date : 2010
Duration : 1h 38min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ်

တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး

အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်

ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ်

ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ဘယ်လိုအနှောင့်အယှက်တွေရှိလာဦးမလဲ

ဂျက် ကလည်း သူတို့‌မြေးလေးနှစ်ယောက်ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပါတီအတွက်အိမ်အလည်လာရင်းနဲ့ ဂရက်ရဲ့ တလွဲတချော်တွေကို ဘယ်လိုအထင်လွဲမိပြီး ဘယ်လို ပြန်အဆင်ပြေသွားမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ

Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Action, Crime, Drama
Released Date : 2010
Duration : 1h 57min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

“လူတိုင်းနိုင်ငံရေးလုပ်လာကြတဲ့ အခြေအနေတစ်ခုရှိတယ်

လုံးဝမဖြစ်သင့်တဲ့အဖြစ်မျိုးမှန်း သိနေတဲ့အခါမှာ ဝင်ပါရတော့တာပဲလေ

ကိုယ့်ဘဝဆုံးသွားနိုင်တယ်ဆိုတာတောင်သိလျှက်နဲ့ပေါ့”ဒါကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဘာ့ဂ်က ပြောခဲ့တဲ့စကားပေါ့…

ဘော်စတွန်မြို့က စုံထောက် သောမတ်စ်ခရေဗင်မှာ အမ်မာခရေဗင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်..

တစ်နေ့တော့ သူနဲ့သူ့သမီးနဲ့ အိမ်တံခါးဝကအထွက် လူတစ်ယောက်က “ခရေဗင်”လို့အော်ပြီး Shotgun နဲ့ပစ်သွားတာမှာ သူ့သမီးမှန်ပြီး ဆုံးသွားတယ်…..

ခရေဗင်ဟာ စုံထောက်တစ်ယောက်ဖြစ်တဲ့အတွက် ရန်ငြှိုးရန်စတွေရှိမှာပဲလို့ရဲတွေကတွေးမိတဲ့အခါမှာ လူသတ်သမား တကယ်တမ်းသတ်ချင်တဲ့လူကစုံထောက်ခရေဗင်ပဲဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်…

သူ့ကိုပစ်တဲ့အချိန်မှာ သူ့သမီးကိုမှားပြီးထိသွားတယ်ပေါ့…

ဒါပေမဲ့ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိတဲ့ စုံထောက်ခရေဗင်အတွက်တော့တစ်ကိုယ်တော်ထောက်လှမ်းမှုတွေလုပ်ပြီး လူသတ်သမားကို လိုက်ရှာတဲ့အခါမှာသူ့သမီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မထင်မှတ်စွာဘဲ ရှာဖွေတွေ့ရှိလာခဲ့ရချိန်မှာတော့…

Read More 0 comments


 

Rating : 7.1/10
Country : India
Genre : Crime, Thriller, Drama
Released Date : 2010
Duration : 2h 43min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိန္ဒိယနိုင်ငံရေးကား political thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

နိုင်ငံရေးကားတွေကို ပုံဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Bollywood ဒါရိုက်တာ Prakash Jha က ရိုက်ကူးထားပြီး ဘောလိဝုဒ်ဖန်တွေတိုင်း မစိမ်းတဲ့

Ranbir Kapoor, Ajay Devgn, Nana Patekar, Katrina Kaif နဲ့ Arjun Rampal စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ် အိန္ဒိယဝန်ကြီးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူ ဘဟာရာတီဟာ သူမအဖေကိုဆန့်ကျင်ပြီး ပြိုင်ဖက်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဘဟာစကာဆန်ညဲနဲ့ မေတ္တာသက်ဝင်ခဲ့ပြီး သားတစ်ယောက်မွေးခဲ့ပါတယ် ဒါပေမဲ့ ဝန်ကြီးချုပ်အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ကလေးဆိုပြီး သူမရဲ့အစ်ကိုက အဲ့ကလေးလေးကို မွေးကင်းစမှာတင် စွန့်ပစ်ခဲ့ပါတယ်…အဲ့ကလေးလေးကရော ဘယ်ရောက်သွားမလဲ ဘယ်သူဖြစ်လာမလဲ…ဘဟာရတီဟာ သူမချစ်သူရဲ့ စွန့်ပစ်ခံရပြီးနောက်မှာ သူမအစ်ကိုရဲ့ တိုက်တွန်းမှုနဲ့ ရာ့တရာဝဒီပါတီခေါင်းဆောင်ရဲ့ညီနဲ့ ထပ်မံလက်ထပ်ခဲ့ရပြီး သားနှစ်ယောက်ထပ်မွေးခဲ့ပါတယ် အဲ့သားနှစ်ယောက်ကရော ဘယ်သူတွေဖြစ်လာပြီး နိုင်ငံရေးမှာ ဘယ်လိုပါဝင်လာကြမလဲကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သမီးဖြစ်သူ အင်ဒူကရော နိုင်ငံ​​ရေးမှာ ဘယ်လိုပတ်သက်လာပြီး ဘယ်လိုကြိုးကိုင်လာမလဲသားတွေအချင်းချင်းကြားက ယှဉ်ပြိုင်မှုတွေ ညီအစ်ကိုတွေအချင်းချင်းကြားက အားပြိုင်မှုတွေ ပြိုင်ဖက်ပါတီတွေအချင်းချင်းကြားက နိုင်ငံရေးလှည့်ကွက်တွေ နိုင်ငံရေးကစားကွက်တွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာဖြစ်လို့ politics ကားကြိုက်တဲ့ ဘောလိဝုဒ်ဖန်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်..။ဝါရင့်သရုပ်ဆောင်တွေ အပြိင်အဆိုင်အားပြိုင်ထားကြတာကို ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးအတွင်း စပါယ်ရှယ် ကြည့်ရှုခံစားရမှာပါ။

Read More 0 comments


 

Rating : 6.0/10
Country : Korea
Genre : Drama, Romance, Adult
Released Date : 2010
Duration : 1h 45min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

My Boss,My Hero ဇာတ်ကားထဲက မင်းသားကြီး Jung Joon-ho…

Penthouse ထဲက ဂန်မာရီတဖြစ်လဲ မင်းသမီးကြီး Shin Eun Kyung…

Want A Taste ထဲက မင်းသမီးကြီး Shim Yi-young…စတဲ့ တကယ့်ဝါရင့် မင်းသား မင်းသမီးကြီးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း…။ချစ်သူဘဝမှာ ၃ ပွင့်ဆိုင်ကြတာက အချစ်ကိုရှာဖွေတုန်းဆိုပြီး လက်ခံလို့ရပေမယ့်အချစ်ကိုသတ်မှတ်ပြီးသား အိမ်ထောင်းရေးတစ်ခုမှာ ၃ ပွင့်ဆိုင်ကြတဲ့အခါမှာတော့….။IMDb Rating (6/10) ရရှိထားသလို ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ထားတဲ့ဇာတ်ကားလေးပါ။

Read More 0 comments


 

Rating : 7.1/10
Country : China
Genre : Drama, Romance
Released Date : 2010
Duration : 1h 54min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒါရိုက်တာ ကျန်းယိမုံ 張藝謀 ရိုက်ကူးထားတဲ့ Under the Hawthorn Tree (山楂樹之戀) ဆိုတဲ့ ၂၀၁၀ ခုနှစ်လောက်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားအကြောင်း ပြောပြချင်ပါတယ်။ အဓိက ကြည့်ဖြစ်သွားတာကတော့ (ကျွန်တော့်ချစ်သူလေး) ကျိုးတုန်းယွီ သရုပ်ဆောင်ထားလို့ပါ။ ဒီဇာတ်ကားက စာရေးဆရာမ အိုက်မီ ရေးသားခဲ့တဲ့ Hawthorn Tree Forever (山楂樹之戀) ဆိုတဲ့ ဖြစ်ရပ်မှန် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်တဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းဟာ ၁၉၇၀ ခုနှစ်ဝန်းကျင် ယဉ်ကျေးမှုတော်လှန်ရေးကာလကို အခြေခံထားပါတယ်။ ပုံမှန်အားဖြင့်ဆို ဒီဇာတ်လမ်းမျိုးကို တရုတ်အစိုးရက ရိုက်ကူးခွင့် မပေးသလို ရိုက်ကူးဖို့လဲ ဆင်ဆာတွေ တစ်ပြုံကြီးထိနိုင်တဲ့ ဇာတ်လမ်းမျိုး ဖြစ်နေလို့ပါတယ်။ ဒီဇာတ်ကားဟာ လူ ၂ ဦးရဲ့ ချစ်ခြင်းကိုသာမက အဲ့ဒီခေတ်ရဲ့ ခေတ်စနစ်အခြေအနေကိုပါ သေချာရိုက်ကူးထားခဲ့ပါတယ်။ဒါရိုက်တာက ကျန်းယိမုံဆိုတော့ သိပ်ပြီး ညွှန်းစရာတော့ မလိုလောက်ပါဘူး။ ဇာတ်ကားကို ၂၀၁၀ ခုနှစ်မှာ ပြည်မကြီးနှင့် ဟောင်ကောင်မှာ စတင်ပြသခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ စင်္ကာပူမှာ ရုံတင်ခဲ့ပါတယ်။ဇာတ်ကြောင်းကို နည်းနည်းပြောပြရရင် ဇာတ်လမ်းကို ၁၉၇၀ ခုနှစ်ဝန်းကျင် ယဉ်ကျေးမှုတော်လှန်ရေးကာလ၊ ဟူပေပြည်နယ် ယိချန်မြို့အနီးနားက ရွာငယ်လေး ၁ ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကျင့်ရှိုးလို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ အကြောင်းတစ်ခုက ပညာသင်လူငယ်ဘဝကနေ ဥက္ကဋ္ဌကြီး မော်ရဲ့ ညွှန်ကြားချက်ကြောင့် ပြန်လည်သင်ကြားရေးအစီအစဉ်နဲ့ ကျေးလက်တောရွာမှာ အလုပ်ကြမ်းသမားအဖြစ် သွားရောက်လုပ်အားပေးရပါတော့တယ်။ ကျင့်ရှိုးရဲ့ မိသားစုတွေ သွားရောက်ရတဲ့နေရာက ချန်ကျန်းမြစ်ဘေးနားက ရှီးပင်းရွာလေး ဖြစ်ပြီး 三門峽 လို့ခေါ်တဲ့ Three Gorges Dam ဆည်ကြီးရှိနေရာ နေရာဒေသကို ရောက်သွားတာပေါ့။ကျင့်ရှိုးနေထိုင်ရတဲ့ ရွာလေးမှာ ဟောသွန်းဆူးပင်ကြီး တစ်ပင်ရှိတယ်။ အဲ့ဒီ ဟောသွန်းပင်ကြီးကို ဒေသခံတွေကတော့ သူရဲကောင်းတို့၏ သစ်ပင် လို့ ခေါ်ကြတယ်။ ဘာကြောင့် ဒီလိုခေါ်ရတာလဲဆိုတော့ တော်လှန်ရေးကာလတုန်းက အဲ့ဒီသစ်ပင်အောက်မှာ ဂျပန်တွေဟာ တရုတ်မျိုးချစ်တော်လှန်ရေးတပ်သားတွေကို သတ်ဖြတ်ခဲ့တယ်တဲ့။ အဲ့ဒီသစ်ပင်ဟာလဲ တော်လှန်ရေးတပ်သားတွေရဲ့ သွေးကို သောက်သုံးပြီး ကြီးထွားလာခဲ့တာလို့ ဆိုကြတယ်။ကျင့်ရှိုးတို့ မိသားစုတွေ နေထိုင်ရတဲ့ ခြံဝန်းလေးက ရွာထိပ်မှာ ရှိတယ်။ တစ်နေ့ကျတော့ လေ့လာရေးခရီးထွက်လာတဲ့ ဘူမိဗေဒကျောင်းသားလေး စွန်းကျန့်ရှင်း (လောင်စန်း) ဆိုသူနဲ့ တွေ့ဆုံမိသွားကြတယ်။ အဲ့ဒီလိုနဲ့ ကျင့်ရှိုးနဲ့ လောင်စန်းတို့ လူငယ်သဘာဝချင်း စိတ်ဝင်စားလာရင်းနဲ့ နီးစပ်လာတာပေါ့။ အဲ့ဒီမှာ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြရာကနေမှ နောက်ခံအကြောင်းအရာတွေကို သိလာရတယ်။လောင်စန်းရဲ့ အဖေက စစ်တပ်မှာ အဆင့်မြင့်အရာရှိကြီးတစ်ဦး၊ ဒါပေမဲ့ လောင်စန်းရဲ့ အမေကျတော့ လွန်ခဲ့တဲ့ ၄ နှစ်က “လက်ယာယိမ်းသူ” ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ကျင့်ရှိုးရဲ့ အဖေကျတော့ နိုင်ငံရေးအကျဉ်းသား၊ အမေကိုကျ “အရင်းရှင်ဝါဒီသမား” ဆိုတဲ့ စွပ်စွဲချက်ကြောင့် အခုလို မဲဇာတောင်ခြေပို့ခံရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က နိုင်ငံရေးသမားတွေ၊ လက်ယာယိမ်းနဲ့ အရင်းရှင်ဝါဒီ လို့ တံဆိပ်တပ်ခံရရင် အပြင်းအထန် နှိပ်ကွပ်ခံရတော့တာပါပဲ။ကျင့်ရှိုးတို့ မိသားစုဟာလဲ သူမရဲ့ ဖခင်ကြောင့် အခုလို ဒုက္ခတွေခံစားနေရတာဖြစ်ကြောင်း၊ သူမက ရှေ့လျှေက် ကျောင်းဆရာမအဖြစ် အလုပ်ဝင်လုပ်ပြီး မိသားစုကို ထောက်ပံ့ပေးချင်တဲ့အကြောင်း ပြောလာတယ်။ အဲ့ဒီမှာပဲ လူကြီးသား လောင်းစန်းက ကျင့်ရှိုးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာပေါ့။ နောက်ပြီး လောင်စန်းက ကျင့်ရှိုးတို့အိမ်အတွက် အသားငါးတွေ၊ စားစရာတွေ ယူဆောင်လာပေးတတ်တာပေါ့။ အဲ့ဒီခေတ်က အသားစားရဖို့ မပြောနဲ့ ဆန်ပြုတ်တောင် အနိုင်နိုင်ကိုး။ဒီလိုနဲ့ လောင်စန်းနဲ့ ကျင့်ရှိုးတို့ ၂ ဦးသားက ချစ်မိသွားကြရင်း ချစ်သူတွေ ဖြစ်သွားကြတယ်။ လောင်စန်းက ကျင့်ရှိုးကို လက်ထပ်ဖို့ ပြောကြတဲ့အခါ ကျင့်ရှိုးက သူမ အရွယ်ရောက်လာတဲ့အထိ စောင့်ပေးဖို့ ပြောတယ်။ လောင်စန်းကလည်း လက်ခံလိုက်တယ်။ ကျန်တာကတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့……

Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : Action, Comedy, Crime
Released Date : 2010
Duration : 1h 51min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခါတော့ အက်ရှင်ကြိုက်တဲ့ပရိသတ်တွေအတွက်

တကယ့်ကိုရင်ထဲထိစေမယ့် Red ဆိုတဲ့ အက်ရှင်ရိုမက်တစ်ဇာတ်ကြမ်းကားလေးနဲ့မိတ်ဆက်ပေးပါရစေ

Red ဆိုတာကတော့ Retire: Extremely Dangerous ရဲ့အတိုကောက်ပါ

အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားတာပါအေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့

ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက

ဒီဇာတ်ကားလေးရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ

ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ

ဘယ်လိုပါဝင်ထားကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဒီထဲမှာ သူတို့ကိုသတ်ဖို့ အမိန့်ပေးခံထားရလို့အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ

သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်ရင်ဖိုဖွယ်ရာ တိုက်ခန်းခိုက်ခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာသူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမာလား

သူတို့ရော အသက်အန္တရာယ်လွတ်သွားရဲ့လားဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာကြည့်ရှုအားပေးကြပါလို့

Read More 0 comments


 

Rating : 7.8/10
Country : Korea
Genre : Drama, Action, Crime
Released Date : 2010
Duration : 1h 59min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(원빈 ) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။

ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။

ဒီဇာတ်ကားကို ညွှန်းပေးရင်ပေါ့သွားမလားပဲ။ မင်းသားထယ်စောက်(원빈) ဟာ တစ်ကားလုံးမှာ စကားပြောတာ ကျွန်တော့်အထင် အခွန်း၂၀ ထက်ပိုမယ် လို့မထင်ပါဘူး။

မင်သား 원빈ဟာ အစိုးရလျှို့ဝှက်အဖွဲ.စည်းမှ အထူးလေ့ကျင့်ထားတဲ. အေဂျင့်တစ်ယောက်ပါ သူ.ဇနီးသည်နှင့်သူ့အားချောင်းမြောင်းလုပ်ကြံခံရပြီး ဇနီးသည်မှာ နေရာမှာပွဲချင်းပြီးသေဆုံးခဲ့ပါတယ် မင်းသား ချန်တေ့ရှီး(원빈)ကတော့ဒဏ်ရာများဖြင့် အသက်မသေပဲလွတ်မြောက်ခဲ့ပြီးဇာတ်မြုတ်နေခဲ့ရာ ကလေးတစ်ယောက်ကို ခင်တွယ်ရာမှ မမျှော်လင့်ပဲ ရက်စက်ကြမ်းကြုတ်သောလူဆိုးဂိုဏ်းနှင့်ထိပ်တိုက် တွေ့ခဲ့ကြပုံကို ခပ်ကြမ်းကြမ်းကြည့်ရှူ.ကြရမှာပါ။ IMDb Rating မှာ 7.9 ရထားလို့မကောင်းမှာတော့ပူစရာမလိုဘူး ထင်ပါတယ် …………………..။

ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားပါ။

Read More 0 comments


 

 

Rating : 4.9/10
Country : United State
Genre : Adventure, Comedy, Family
Released Date : 2010
Duration : 1h 25min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လူပုလေးတွေနေတဲ့ကျွန်းပေါ်ထူးထူး ဆန်းဆန်းရောက်ရှိသွားတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့တင်ဆက်ထားတဲ့ စွန်းစားခန်း (Fantasy/Adventure) ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ပိုပြီးအားကောင်းအောင်လို့ ကျွန်တောတို့ရဲ့ ဟာသမင်းသားကြီး (Jack Black) က အားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ မင်းသား Jack Black ကတစ်နေ့တာ့ ဘာမြူဒါ တြိဂံ ကိုလေ့လာရေးခရီးထွက်တဲ့အခါမှာ မုန်တိုင်းမိပြီးတော့ လူပုလေးတွေနေတဲ့ကျွန်းကိုရောက်သွားတာ ပါ။ ပထမတော့ ရန်သူအဖြစ် ဆက်ဆံကြပေမယ့် နောက်ပိုင်းလူပုလေးကျွန်းနှစ်ကျွန်းတိုက်ပွဲကိုဝင်ရောက် ကူညီဖြစ်သွားတဲ့ဇာတ်လမ်းလေးပါ။ ကြည့်လို့တကယ်ကောင်းသလို ရီနေရမယ့် ဇာတ်လမ်းလေးဖြစ်တာ မို့ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

Read More 0 comments