Showing posts sorted by date for query 2005. Sort by relevance Show all posts
Showing posts sorted by date for query 2005. Sort by relevance Show all posts


 

Rating : 6.3/10
Country : United State
Genre : Drama,Mystery,Thriller,
Released Date : 2022
Duration :  1h 38min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။
မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီ
ပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန်
ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့
သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့
အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ
ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က
မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး
လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား
သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ....

 

Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Horror,Sci-Fi,Thriller,
Released Date : 2005
Duration :  1h 33min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊
ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊
ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။

ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊
အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့်
တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ နားလည်လာပြီး ​မြို့ပျက်​တွေက​နေ လူကုံထံ မြို့သစ်​တွေဆီကို အစာရှာဖို့ တက်လာကြပါ​တော့တယ်၊
ဒီလိုနဲ့ပဲ ရိက္ခာရှာ​ပေးရတဲ့ ရိုင်​လေတို့အဖွဲ့ဟာ ဖုတ်​ကောင်​တွေရဲ့ ရန်ကိုပါ ကာကွယ်ရမယ့် တာဝန်ရှိလာပါ​တော့တယ်။

​သွေးသံရဲရဲနဲ့ 2005ထွက် ဇာတ်ကားနဲ့ မတူ​အောင် ပြကွက်​တွေက အ​တော်​လေးကြမ်း​လို့ သွေးလန့်တတ် သူ​တွေ၊ ​ရွံစရာ​တွေကို sensitiveဖြစ်သူ​တွေ သတိထားပြီး ကြည့်ဖို့ ​ပြောချင်ပါတယ်။

 

Read More 0 comments


Rating : 8.0/10
Country :United State
Genre :Animation,
Released Date : 2022
Duration :  27min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

DC Comics ရဲ့ နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ကိုစံသိန်းရဲ့ Animated Movie အသစ် ထွက်ရှိလာပါတယ်။

2005 တုန်းကလည်း မင်းသားကြီး Keanu Reeves သရုပ်ဆောင်တဲ့ Constantine ဇာတ်ကားထွက်ခဲ့သေးတော့ ဒီဇာတ်ကောင်ကို တော်တော်များများ ရင်းနှီးကြပြီးသားဖြစ်မှာပါ။

ဇာတ်လမ်းအကျဉ်းကို ပြောရရင် Apocalypse War အပြီးမှာ ကမ္ဘာသားတိုဟာ စစ်နိုင်လိုက်ပေမယ့် ‌တန်ကြေးကတော့ အများကြီးပေးဆပ်လိုက်ရပါတယ်။လူတိုင်း ကိုယ်ချစ်တဲ့လူတွေကို ဆုံးရှုးခဲ့ရတယ်။ဒီတော့ Constantine က Flash ရဲ့အကူအညီနဲ့ အချိန်ကိုပြန်ပြင်ပြီး အစကတည်းက Apocalypse War ဆိုတာ မရှိခဲ့အောင် လုပ်ဖိုကြိုးစားခဲ့ပါတယ်။အဲ့ဒါကြောင့် Constantine တစ်ယောက် House of Mystery လိုခေါ်တဲ့ ပဟေဠိဆန်ဆန်အိမ်ကြီးမှာ အဆုံးမရှိအကျဉ်းချခံခဲ့ရပါတယ်။Constantine တစ်ယောက် ဒီအိမ်ကြီးထဲရောက်လာတဲ့အခါ သူဘာကြောင့်အပြစ်‌ချခံခဲ့ရတာလဲ။ဒီအိမ်ကြီးကရော ဘာလဲ။ဒီကနေ ဘယ်လိုလွှတ်မြောက်အောင် ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။

 

 

Read More 0 comments


 

 

Rating : 7.1/10
Country : United State
Genre : Drama, Fantasy, Mystery
Released Date : 2005
Duration :  1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

The Man From Earth2007,The Machinist2004,Mr. Brooks2007 , Inception 2010
တို့လို ကားတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ကြပါ…
ဆိုတော့ ဒီဇတ်လမ်းရဲ့ taste ဟာဘယ်လိုဖြစ်နိုင်လဲဆိုတာ အနည်းငယ်တော့ ရိပ်မိနိုင်ပါတယ်…
…ခေါင်းစားချင်တယ်…ဒါမှမဟုတ် ကွကိုယ် ဒုက္ခရောက်နေပြီလို့
ယူဆနေတဲ့သူတွေ တိုင်လည်တာတွေမှကြိုက်တဲ့သူတွေ ကလွဲလို့ ကျန်တဲ့သူတွေလက်ရှောင်သင့်ပါတယ်..
ဂျက်ဆိုတဲ့ လူဟာ စစ်သားတစ်ယောက်..ရှေ့တန်းမှာ ကံဆိုးစွာပဲ
ပစ္စတိုနဲ့ အနီးကပ်တေ့ဖြုတ်ခံလိုက်ရတယ်…ဒီဒဏ်ရာကြောင့် မသေခဲ့ပေမဲ့
နောက်ဆက်တွဲသတိမေ့တတ်တဲ့ရောဂါနဲ့ အာရုံကြောရောဂါကြောင့်
ပင်စင်ပေးလိုက်တယ်….
သူဟာ ပေါ့ပါးစွာ ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လမ်းမကြီးကနေ လမ်းလျှောက်ပြန်လာခဲ့တယ်..
အဲ့ဒီနောက် သူသတိရတဲ့အချိန်မှာတော့ တရားရုံးမှာ
ရဲအရာရှိတစ်ယောက်ကိုသတ်မှုနဲ့
တရားရင်ဆိုင်နေရတယ်…
တရားသူကြီးရဲ့ စစ်မေးမှုအောက်မှာ သူ့အဖြေက ဘာမမှတ်မိတဲ့အတွက်
မသိပါဘူးဆိုတာပါပဲ…
အဲ့ဒီနောက်မှာတော့…

 

Pianist မင်းသား Adrian Brody ရယ်
မင်းသမီးချော Keira Knightly ရယ်
ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ရယ်
ပါဝင်သရုပ်ဆောင်ထားပါတယ်….

Read More 0 comments


Rating : 6.8/10
Country : Japan
Genre : Action,Adventure,Drama,Japan Movie,
Released Date : 2005
Duration : 2h 8min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။

ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်…
သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး
လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်…
အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို
ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်…အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ
လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။
အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။

အာဇုမိဟာ Jidaigeki အမျိုးအစား ရုပ်ရှင်တစ်ကားပါ။ Jidaigekiဆိုတာကတော့ ဂျပန်သမိုင်းရဲ့ 1603 ကနေ 1868အထိအတွင်းက တိုခုဂဝရဲ့ခေတ်မှာ အဓိကဇာတ်အိမ်တည် ရိုက်တတ်တဲ့ သမိုင်းကားတွေကို ခေါ်တာပါ။ဂျပန်သမိုင်းရဲ့ အကြီးကျယ်ဆုံး ဆာမူရိုင်းစစ်ပွဲ၁၁ခုထဲက တစ်ခုဖြစ်ခဲ့တဲ့ တိုခုဂဝရဲ့ ခေတ်မှာ ဇာတ်အိမ်တည်ထားပြီး တိုခုဂဝနာမည်ကိုလည်း ဇာတ်ကားထဲမှာ သုံးထားတယ်။

ဇာတ်လမ်းကတော့ အဲဒီခေတ်က အကြီးကျယ်ဆုံး ဆာမူရိုင်းစစ်ဘုရင်တစ်ယောက်ဖြစ်ခဲ့တဲ့ တိုရိုတိုမိနဲ့တိုခုဂဝတို့ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ်မှာ လုပ်ကြံရေးသမားအဖွဲ့တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ သူတို့အဖွဲ့က စစ်ကို ဘယ်သူပဲနိုင်နိုင် သတ်ဖြတ်မှုတွေကရှိနေမှာမို့ စစ်နယ်ရှင်တွေကို လုပ်ကြံဖို့ အသန်မာဆုံး ဆာမူရိုင်းတွေဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ အဖွဲ့ပါပဲ။ စစ်ပွဲမရှည်ရအောင် တိုရိုတိုမိရဲ့ မဟာမိတ်စစ်နယ်ရှင်သုံးယောက်ကို လုပ်ကြံဖို့ ဖွဲ့ထားတဲ့ အဖွဲ့လည်းဟုတ်ပါတယ်။ အချင်းချင်းပြန်သတ်ခိုင်းပြီး ကျန်တဲ့လူကိုပဲ ဆက်ရှင်သန်ခွင့်ပေးတဲ့အထိကို လေ့ကျင့်မှုတွေက ပြင်းထန်ပါတယ်။ အာဇုမိရုပ်ရှင်ဟာ ဒီလေ့ကျင့်ရေးပြီးမြောက်ပြီးတဲ့နောက် စစ်ကိုတားဖို့ စစ်နယ်ရှင်တွေကို သတ်ဖြတ်လုပ်ကြံတဲ့အကြောင်း ရိုက်ထားတဲ့ ခပ်ကြမ်းကြမ်းဆာမူရိုင်းကားတစ်ကားပါပဲ။ တစ်နဲ့နှစ် နှစ်ကားထွက်ထားပြီး နှစ်ကားစလုံး အချိန်တစ်ဆက်တည်းပါပဲ။ Part 1, Part 2လို့ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။

အာဇုမိဟာ Kenshin ဇာတ်ကားတွေလောက်နီးနီး နာမည်ကျော်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ဆာမူရိုင်းကား ဖြစ်တာနဲ့အညီ Fight Sceneတွေလည်း တော်တော်ကောင်းပါတယ်။ မူရင်းမန်ဂါကလည်း တော်တော်နာမည်ကြီးခဲ့သလို ရုပ်ရှင်ဟာလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

 

 

Read More 0 comments


Rating : 5.7/10
Country : United State
Genre : Drama,Adult,
Released Date : 2005
Duration : 1h 37min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မလီဆာဆိုတဲ့ ချစ်စရာမြှီးကောင်ပေါက်မလေးဟာ အထက်တန်းကျောင်းသူလေးတို့ထုံးစံအတိုင်း

ကိုယ့်အပေါ်မကောင်းတဲ့ကောင်ဆိုးလေး ဒန်နီရယ်ကိုမှ စွဲလမ်းနေမိပါတယ်။

သူကချစ်မိနေပေမယ့်လည်း ဒန်နီရယ်ကတော့ သူ့ကိုအလေးမထားပဲ

ပထမဆုံးလိင်အတွေ့အကြုံခပ်ကြမ်းကြမ်းကိုသာပေးပြီး ပလစ်လိုက်ပါတယ်။

ဆယ်ကျော်သက်တို့သဘာဝဖြစ်တဲ့ အိမ်ကလူတွေကိုစိတ်ကုန်မယ်၊

လောကကြီးကိုစိတ်ကုန်မယ်၊ အရွဲ့တိုက်မယ်၊ ပုန်ကန်မယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး၊

အသစ်အဆန်းတွေကို လက်တည့်စမ်းမယ်ဆိုတဲ့အကျင့်လေးတွေရှိနေတဲ့ မလီဆာတစ်ယောက် သူ့ရဲ့စိတ်ညစ်မှုတွေကို လိင်ကိစ္စနဲ့ထွက်ပေါက်ရှာ

ဖို့ပဲ ဖြစ်လာတဲ့အခါမှာတော့….

 

 

Read More 0 comments


Rating : 6.2/10
Country :China
Genre :Crime,Drama,Thriller,
Released Date : 2005
Duration : 1h 41min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း မမှားဘူး။

ရုပ်ရှင်နာမည်က Election ဆိုပေမဲ့ တခြားရွေးကောက်ပွဲတော့မဟုတ်ဘူး။ ဟောင်ကောင်ရဲ့ အကြီးဆုံးဂိုဏ်းကြီးရဲ့ ဂိုဏ်းခေါင်းဆောင်ရွေးကောက်ပွဲအကြောင်း။ ဒီရုပ်ရှင်မှာ နှစ်ကားလုံးခြုံကြည့်ရင် ဇာတ်လိုက်လို့မည်မည်ရရပြောစရာ ဇာတ်ကောင်မရှိဘူး။ သို့ပေမဲ့ ရွေးကောက်ပွဲ၀င်အရွေးခံတဲ့ ဇာတ်ကောင်တွေအားလုံးရဲ့ ကာရိုက်တာတွေက အတော်လေးခိုင်မာသလို စိတ်၀င်စားစရာလည်းကောင်းတယ်။ ဂိုဏ်းစတားတွေဆိုတော့ လူကောင်းနဲ့တူတဲ့ကောင်လည်းမပါဘူး။ နည်းနည်းပြောစရာရှိတာဆိုလို့ Louis Koo ရဲ့ ဇာတ်ကောင် ဂျင်မီက စည်းစောင့်တဲ့ကာရိုက်တာဖြစ်နေလို့ တခြားဇာတ်ကောင်တွေထက် ကောင်းမယောင်ဖြစ်နေတဲ့ သဘောလေးပဲရှိတယ်။ တိုနီလျောင်ခဖိုင်တို့ Simon Yamတို့ရဲ့ ဝါရင့်တဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း ဒီလိုကာရိုက်တာတွေကို ပိုအသက်၀င်စေခဲ့တယ်။ ပြောရရင် လူကောင်းမပါတဲ့ အမှန်အကန်လူဆိုးတွေရဲ့အကြောင်း ဇာတ်လမ်းပဲ။

တကယ်တမ်း Johnnie To ကားဆိုလို့ အရင်က ကျွန်တော်ကြည့်ဖူးတာ Drug War ဆိုတဲ့ကားပဲရှိတယ်။ အဲဒီကားလည်းမဆိုးဘူး။ ကြည့်ကောင်းတဲ့ထဲ ပါတယ်။ Johnnie To ကို မာစတာပိစ်ချည်း ဆယ်ကားကျော်ရှိတဲ့ ဒါရိုက်တာလို့ပြောကြပေမဲ့ ကြည့်ကောင်းတဲ့ Drug War ကိုတောင် အဲဒီမာစတာပိစ်စာရင်းထဲ မထည့်ထားဘူး။ Drug War လိုကား‌ကတောင် Johnnie To ရဲ့ ခပ်ညံ့ညံ့ရုပ်ရှင်တစ်ကားလို့ အာရှရုပ်ရှင်ဖန်တွေက မှတ်ချက်ပြုကြတယ်။ အစကတော့ Overrated ဖြစ်နေတာလား ထင်ခဲ့သေးပေမဲ့ Election ကို ကြည့်ပြီးတဲ့အခါ အမြင်ပြောင်းသွားတယ်။ သူ့စကေးနဲ့ဆို Johnnie To ဟာ ကျွန်တော်တို့ဒီက ဟောင်ကောင်ရုပ်ရှင်ဖန်တွေ ကြားမှာတော့ အတော် Underated ဖြစ်တဲ့ ဒါရိုက်တာလို့တောင် မြင်လာတယ်။ John Woo တို့ ဘာတို့ရဲ့ ဂန်းရုပ်ရှင်တွေ ကြည့်ကောင်းပေမဲ့ တကယ်တမ်း အနုပညာဖြစ်မှုနဲ့တိုင်းရင် Johnnie To က အပုံကြီးသာတယ်ဆိုတာတော့ Election ကို ကြည့်ဖူးတဲ့သူတွေ ငြင်းကြမယ်မထင်ဘူး။ ဟောင်ကောင်ရုပ်ရှင်ဖန်တစ်ယောက်ဖြစ်တဲ့ Quentin Tarantino ကလည်း 2005 ရဲ့ အကောင်းဆုံး ရုပ်ရှင်ဟာ Johnnie To ရဲ့ Election လို့ ထောပနာပြုထားတယ်။

အာရှဂန်းကားတွေထဲတော့ သူနဲ့အလားတူ ဥပမာပြုစရာမရှိဘူးလို့ ဆိုရမယ်။ ဒီ၂ကားကို ကြည့်ပြီးတဲ့အချိန် ကျွန်တော့်စိတ်ထဲ Godfather ကို ပြေးမြင်မိသလို ဒီလိုမြင်တာလည်း ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ သူများစကား ငှားသုံးရရင် “ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်လဲပြောရရင် အာရှရဲ့ Godfather လို့ပဲ ခေါင်းထဲပေါ်လာပေမဲ့ တူတယ်လို့လည်းပြောမရပြန်ဘူး။ သို့ပေမဲ့ ဒီရုပ်ရှင်ကို ကျွန်တော် အနီးစပ်ဆုံး ဥပမာပေးစရာ စကားလုံးက ဒါပဲရှိပါတယ်” ဆိုသလိုပဲပေါ့။ တူတယ်လည်းပြောလို့ရတယ် မတူဘူးလည်းပြောလို့ရတယ်။ ထူးတာက ၁နဲ့၂မှာ အများစုမှာ ၂ကိုပိုကြိုက်ကြပြီး Godfather 1ဟာ 2အတွက် အားယူစရာရုပ်ရှင်ဖြစ်ခဲ့တဲ့ ပုံစံမျိုးပဲလို့ ဥပမာပေးကြတယ်။ ကျွန်တော်တော့ တစ်ရောနှစ်ရောဟာ နှစ်ကားလုံး တစ်ကားမရှိဘဲ တစ်ကားရဲ့အရသာက မပေါ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ စီနီမာအရဆိုရင်တော့ ၂ကိုတော့ ပိုသဘောကျမိတာပါပဲ။ သေချာတာကတော့ ဟောင်ကောင် ဂန်းရုပ်ရှင်ကားတွေရဲ့ စီနီမာတိုဂရပ်ဖီထဲ Election ရဲ့ စီနီမာတိုဂရပ်ဖီဟာ သိသိသာသာကို အနုပညာဆန်ပါတယ်။ ဒါကြောင့်လည်း Johnnie To ကို မာစတာပိစ်အများကြီးရှိတဲ့ ဒါရိုက်တာလို့ ဆိုကြတာပါပဲ။

Cast တွေကလည်း Tony Leung Ka-fai, Louis Koo, Simon Yam, Gordon Lam, Nick Cheung စတဲ့ Johnnie To နဲ့ရိုက်နေကျ ဟောင်ကောင်ရဲ့ နာမည်ကြီးမင်းသားတွေ ပါ၀င်ထားပါတယ်။ Election နှစ်ကားဟာ ဟောင်ကောင်ရဲ့ Action ဂန်းကားမဟုတ်ဘဲ Thriller ဂန်းရုပ်ရှင် မာစတာပိစ်ကောင်းကောင်းကို ဟောင်ကောင်ရဲ့ နာမည်ကျော်မင်းသားတွေ တသီတသန်းကြီးနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ Johnnie To ဟာ Election 2 ကားအပြင် Throw Down, Running Out of Time, Exiled, The Mission, PTU, Mad Detective, Breaking News, Blind Detective,The Longest Nite, A Hero Never Dies လို စုံထောက်ရုပ်ရှင် ဂန်းရုပ်ရှင် မာစတာပိစ်ကားတွေ တသီကြီးကိုလည်း ရိုက်ခဲ့ပါတယ်။

တတိယပိုင်းဖြစ်လာမယ့် Election 3 ဟာလည်း သတင်းထွက်နေတာ အတော်ကြာပြီဖြစ်သလို Johnnie To လက်ထဲ ဇာတ်ညွှန်းဟာ အတော်ရှည်နေလို့ ပထမခြမ်းနဲ့ ဒုတိယခြမ်း ဘာသုံးရမလဲမသိဖြစ်နေတယ်ဆိုပါတယ်။ ဒုတိယခြမ်းကိုသုံးရင် Election 2မှာ မီးမောင်းထိုးပြခဲ့တဲ့ Louis Koo ရဲ့ကာရိုက်တာ ဂျင်မီ ပါတော့မယ်မဟုတ်ဘူးလို့ဆိုပါတယ်။ ၁၇နှစ်ကြာပြီး ၂၀၂၃ ကျထွက်မယ်လို့ ယူဆရတဲ့ Election 3 ဟာ ဟောင်ကောင်ဖန်တွေ အမျှော်လင့်ဆုံး ရုပ်ရှင်တစ်ကားလည်းဟုတ်ပါတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျလာတဲ့အရည်အသွေးကြောင့် Election 3 ကိုတော့ သိပ်မမျှော်လင့်ထားပေမဲ့ Johnnie To ရဲ့ Election နဲ့ Triad Election ကတော့ ကြည့်ဖူးသမျှ ဟောင်ကောင်ဂန်းကားတွေ မှုခင်းကားတွေထဲ အကြိုက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်ပါပဲ။

 

 

 

 

Read More 0 comments


 

 

Rating : 4.3/10
Country : United State
Genre : Animation,Comedy,Family,
Released Date : 2005
Duration : 1h 12min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ကြည့်ရတာပေါ့ပေါ့ပါးပါးရှိပြီး
လူတော်တော်များများနဲ့ရင်းနီးပြီးသားဖြစ်တဲ့ ကြွက်ကလေး စတူးဝပ်လစ်တဲလ် ရဲ့
ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာ Stuart Little -1 ကိုထွက်ရှိခဲ့ရာမှ ပရိတ်သတ်အခိုင်အမာရရှိခဲ့ပြီး
နောက် Stuart Little 2 နှင့် 3 ကို အသီးသီးဆက်လက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Stuart Little 3 မှာတော့…ကြွက်ကလေး စတူးဝပ်တို့ မိသားစုဟာ နွေရာသီအား
လပ်ရက်မှာ အပန်းဖြေစခန်းတစ်ခုကိုသွားခဲ့ကြပါတယ်။ သဘာဝတရားကြီးကိုချစ်
မြတ်နိုးပြီး စွန့်စားခန်းတွေလုပ်ရတာသဘောကျတဲ့ စတူးဝပ် အတွက်တော့ ထိုတော
တွင်းစခန်းမှာနေရတာဟာ တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်တစ်ခုလိုဖြစ်နေပါတော့တယ်။
မိဘနှစ်ပါးလုံးဆီက ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံခံရတာကို သဘောမကျတဲ့
စတူးဝပ်တစ်ယောက် ဒီတောတွင်းခရီးစဉ်ကိုအသုံးချပြီး ဘယ်လိုအပြောင်းအလဲတွေကို
ဖန်တီးယူမလဲ… သစ်တောထဲမှာ ဘယ်လိုမျိုးအန္တရာယ်များတဲ့စွန့်စားခန်းတွေကို ကြုံတွေ့
ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ကြပါဦး…

Read More 0 comments


 

 

Rating : 5.0/10
Country : United State
Genre : Thriller,
Released Date : 2022
Duration : 1h 32min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို
ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca
Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့်
ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ
ဖြစ်ပါတယ်။

Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး
သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို
အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle)
ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။
ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု
သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine
Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan
McDonald) နဲ့ Thaddius (Paul Dano) တို့ ပါလာခဲ့ပါတယ်။ အဲတော့ သမီးဖြစ်သူ ရို့စ်က စိတ်ဆိုးပြီး
မိသားစုတွင်း ရှုပ်ထွေးမှုလေးတွေဖြစ်လာခဲ့တာပေါ့ . . .၊ ဒီလိုမျိုး ရှုပ်ထွေးမှုတွေနဲ့ ဒရမ်မာဆန်ဆန်ကား
လေးကို ဇာတ်လမ်းရဲ့ လှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ပေးချင်တဲ့
မက်ဆေ့ချ်လေးတွေကိုလည်း ဒီကားလေးကြည့်ပြီးရကြမယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒီကားကောင်းလေးကို
ကြည့်ရင်း အရင်ခေတ်က နာမည်ကြီးခဲ့တာတွေကို ပြန်လည်တမ်းတလိုက်ရအောင်ပါ။

Read More 0 comments


 

Rating : 4.8/10
Country : Korea
Genre : Adult, Comedy
Released Date : 2005
Duration : 1h 41min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Sung Eun ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ဖူးစားဘက်သာဆိုရင် မြင်မြင်ချင်းတန်းချစ်မယ့် အချစ်မျိုးဆိုပြီး ယုံကြည်နေတဲ့ တကယ့်ကိုမနူးမနပ်ကျောင်းသူလေးပါသူ့ရဲ့ဖူးစာဘက်ဟာ မင်းသားလေးဖြစ်ပြီး ညတစ်ညမှာ သူနဲ့တွဲကရင်း အနမ်းတွေပေးကာချစ်မိသွားမှာလို့ ယုံကြည်ထားတဲ့သူလေးဖြစ်ပါတယ်တစ်နေ့မှာ SungEun က သူတို့ကျောင်းကို အချန်ပိုင်းဆရာလေးတွေရောက်လာပြီး သင်ပေးတဲ့ထဲက ဆရာတစ်ယောက်ကို သဘောကျမိသွားပြီး သူ့ရဲ့ဖူးစာဘက်ပဲလို့ မှတ်ယူလိုက်ပါတယ်SungEun မှာ တကယ်ကိုအရမ်းခင်ရတဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ် အဲ့လိုသူတို့အဖွဲ့နဲ့ မတည့်တဲ့ နာမည်ကြီးကောင်မလေးတစ်ယောက်လည်းရှိပါတယ်

သူတို့နှစ်ဖွဲ့က အဲ့ဒီအသစ်ရောက်လာတဲ့ဆရာ BongGu ဆိုသူကို ပြိုင်တူသဘောကျမိတဲ့အခါ ဘယ်သူအရင်လိုက်နိုင်မလဲ ပြိုင်ကြပါတယ်အဲ့လိုပြိုင်ရာမှာ နာမည်ကြီးကျောင်းသူ Baek SeMi က လည်လည်းလည်သလို အရမ်းကိုသွက်သွက်လက်လက်ရှိသူဖြစ်ပြီး SungEun ကို ဆရာနဲ့ အရင်ဆုံး အတူအိပ်နိုင်တဲ့သူက နိုင်ပြီး မအိပ်နိုင်တဲ့သူက လက်လျှော့ရမယ်ဆိုပြီး စိန်ခေါ်လိုက်ပါတယ်အဲ့လိုကိစ္စတွေနားမလည်သေးတဲ့ SungEun တစ်ယောက် ဆရာ BongGu ဆိုသူကိုလည်း လက်မလွှတ်နိူင်ဘူး ဘယ်လိုရှေ့ဆက်လုပ်ရမလဲဆိုတာလည်းမသိဘဲ ဘေးက အပို့ကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ဆရာ့ရဲ့အချစ်ကို တကယ်ပဲရပ့မလားဆိုတာ ကြည့်လိုက်ပါအုံးနော်

Read More 0 comments


 

Rating : 6.2/10
Country : India
Genre : Drama, Comedy, Crime
Released Date : 2005
Duration : 2h 50min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မကြာသေးခင်က နောက်ဆက်တွဲဇာတ်ကားထွက်ရှိထားတဲ့ Bunty Aur Babli 2 (2021) ရဲ့ပထမဇာတ်ကားဖြစ်ပါတယ်။

ဒီကားမှာတော့ Bunty ခေါ် Rakesh အဖြစ် အမီတာဘချန်းကြီးရဲ့သား (Abhishek Bachchan) ခေါင်းဆောင်ပါဝင်ထားပြီး

အမီတာဘချန်းကိုယ်တိုင်လဲ ရဲအရာရှိ DCP Dashrath Singh အဖြစ်အားဖြည့်ထားပါတယ်။ဇာတ်လမ်းကတော့ ရာကတ်ရှ် (Abhishek Bachchan) ဟာရွာငယ်လေးတစ်ခုမှာနေထိုင်ပြီး ရထားလက်မှတ်သိမ်းဖခင်ဖြစ်သူရဲ့သားဖြစ်ပေမယ့်

ဖခင်ဖြစ်စေချင်တဲ့သူ့အလုပ်ကိုဆက်ခံဖို့ဝန်လေးပြီး အောင်မြင်ကျော်ကြားနာမည်ကြီးချင်တဲ့ အိမ်မက်အကြီးကြီးတွေရှိနေပါတယ်။

ဒါတွေကိုစိတ်ကူးယဉ်ဆန်လွန်းတယ်ထင်ပြီး လက်သင့်မခံခဲ့တဲ့ သူ့အဖေဟာ

ဒီအလုပ်ကိုအင်တာဗျူးသွားရင်သွား မဟုတ်ရင်တော့ အိမ်ပေါ်ကဆင်းရမယ်ဆိုပြီးတော့အကျပ်ကိုင်ခဲ့ပါတော့တယ်။

ဗင်မီ (Rani Mukerji) ဆိုတဲ့ မိန်းမလှလေးဟာလဲ ရွာငယ်လေးတစ်ခုမှာမွေးဖွားကြီးပြင်းခဲ့ပေမယ့် တစ်နေ့မှာ မစ္စအိန္ဒိယဖြစ်လာရမယ်ဆိုတဲ့

အိမ်မက်ကြီးကို ပိုင်ဆိုင်ထားသူပါပဲ၊ သူ့ကို အိမ်ကအတင်းအကျပ်လက်ထပ်ပေးဖို့စီစဉ်တဲ့အချိန်မှာတော့ အိမ်ကနေထွက်ပြေးခဲ့ပြီး ဘူတာမှာ

သူ့လိုပဲ အိမ်ပေါ်ကဆင်းချလာတဲ့ ရာကတ်ရှ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။တောနယ်မြို့ရွာငယ်လေးဆီက အိမ်မက်အကြီးကြီးတွေကိုယ်စီနဲ့လူနှစ်ယောက်၊ ဆက်ရိုးသားနေလို့အလုပ်မဖြစ်တော့ဘူးဆိုတာ

အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေနောက်မှာသင်ခန်းစာရသွားပြီးတဲ့နောက် လောကကြီးကိုခါးစောင်းတင်ဖို့ကြိုးစားကြပါတော့တယ်။

စေ့စပ်ကျနတဲ့ အစီအမံ၊ ပိရိတဲ့သရုပ်ဆောင်ကွက်တွေနဲ့အတူသူတို့မှာ အောင်ပွဲတွေလဲအလီလီရလာခဲ့ပါတယ်။

အဲ့ဒီအောင်ပွဲတွေနဲ့အတူ မသိသူမရှိ နိုင်ငံကျော်လာခဲ့ချိန်မှာတော့ သူတို့ကိုလက်ရဖမ်းဖို့ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ထားပြီး ဇွဲနပဲကြီးလှတဲ့

ဂျေစီပီ ဒါဆရတ်ဆင်း (Amitabh Bachchan) ရဲ့စောင့်ကြည့်ထောက်လှမ်းမှုအောက်ကိုရောက်ရှိသွားတဲ့အခါ..။

Bunty Aur Babli ဟာဝေဖန်ရေးသမားတွေရော ပရိသတ်တွေပါအကြိုက်တွေ့ခဲ့ကြပြီး ၂၀၀၅ ရဲ့ ဒုတိယဝင်ငွေအများဆုံးဇာတ်ကားဖြစ်တဲ့အထိအောင်မြင်ခဲ့ပါတယ်။

အောင်မြင်လွန်းလို့ ဇာတ်ကားထဲက ဘန်တီနဲ့ ဘာဘလီရဲ့အကွက်တွေကို အတုယူပြီးလိမ်လည်လှည့်ဖျားဖို့ကြိုးစားတဲ့စုံတွဲတွေပါအပြင်မှာတကယ်ပေါ်လာခဲ့တဲ့အထိပါပဲ။

အောင်မြင်မှုနဲ့ထိုက်တန်အောင်လဲ ဇာတ်လမ်းဇာတ်ကွက် သရုပ်ဆောင် သီချင်းတွေ တင်ပြပုံတွေနဲ့ ဖျော်ဖြေရေးပိုင်း အနုပညာပိုင်းဘက်ပေါင်းစုံက

ထောင့်စေ့ပြီး စင်းလုံးချောနီးပါးကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Read More 0 comments


 

Rating : 5.6/10
Country : United State
Genre : Drama, Action, Comedy
Released Date : 2005
Duration : 1h 35min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက “ချိုလိမ်” ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ အမှားအယွင်းတွေဖြစ်လာပြီးနောက် စစ်ဆင်ရေးလည်း မအောင်မြင်ခဲ့ပဲ Shane ကိုယ်တိုင် ဒဏ်ရာနဲ့ ဆေးရုံပေါ်ရောက်လာတော့တာပါပဲ။ တီထွင်သူ ပရော်ဖက်ဆာရဲ့ ဇနီးသည်က ကိရိယာကို သွားယူနေစဉ်မှာ Shane တစ်ယောက် ကလေးတွေကို ကာကွယ်ဖို့ ဖြစ်လာရာမှာတော့ ကလေးဆိုးတွေနဲ့ စည်းကမ်းတကျ စစ်သားကောင်းကြီးတို့ ဘယ်လို ဘုဘောက်ကျ မလဲဆိုတာ ပြုံးတုံ့တုံ့ ကြည့်ရှုရပါမယ်။Disney ရဲ့ လက်ရာဖြစ်လို့ အထင်တော့ မသေးသင့်ပါဘူး။ ဇာတ်ကားဟောင်းတွေက ကျွန်တော်တို့ရဲ့ ခေါင်းကိုက်ပျောက်ဆေးတွေပါ။ ငယ်ဘဝရဲ့ အငွေ့အသက်လေးတွေကို ပြန်လည်ဖမ်းဆုပ်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ…

Read More 0 comments


 

Rating : 5.3/10
Country : Japan
Genre : Drama, Action, Sci Fi
Released Date : 2005
Duration : 2h 8min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး I-500 တွေကတော့ စာရွက်ပေါ်မှာပဲ ရှိခဲ့ပါတယ်။ စာရွက်ပေါ်မှာပဲ ရှိခဲ့တဲ့ I-500 တွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်ဆိုပေမယ့် ဒီကနေ့ ရေငုပ်သင်္ဘောတည်ဆောက်ရေးနဲ့ ပတ်သက်ရင် အမြဲတမ်း ဒီစိတ်ကူးတွေက ရှိနေဆဲပါပဲ။I-507 ရေငုပ်သင်္ဘော၊ သာမန်ရေငုပ်သင်္ဘောတွေနဲ့ မတူတဲ့ နည်းပညာအမြင့်ဆုံး ရေငုပ်သင်္ဘော၊ ဒီရေငုပ်သင်္ဘောထဲမှာ Kaiten လို့ခေါ်တဲ့ လူလိုက်ပါထိန်းချုပ်ရတဲ့ အသေခံတိုပီဒိုကြီးတွေ တင်ထားတယ်။ လူသားတိုပီဒို (Human Torpedo) လို့ နာမည်ပြောင်ပေးထားကြတယ်။ တပ်တဲ့လက်နက်တွေကို ကြည့်မယ်ဆိုရင်လဲ တိုပီဒိုပစ္စင် ၄ ပေါက်၊ ၂ လက်တွဲ ၂၀၃ မမ အမြောက်ပစ္စင် ၁ လက်၊ ၃၄ မမ စက်အမြောက် ၂ လက်၊ Kaiten တိုပီဒို ၄ စင်း၊ အကဲကြည့် ကင်းထောက်ဖို့အတွက် ရေငုပ်သင်္ဘောငယ်တစ်စီး၊ ကင်းထောက်လေယာဉ်တွေ ပါဝင်တယ်။ဇာတ်လမ်းအစက ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ် ဂျပန်နဲ့ နာဇီ ဂျာမဏီတို့ လျှို့ဝှက်စီမံကိန်းတွေကို လုပ်ကြတယ်။ နာဇီတပ်တွေ ကျရှုံးချိန်မှာ ဟစ်တလာဟာ ဂျပန်အင်ပါယာကို နောက်ဆုံးလက်ဆောင်အနေနဲ့ I-507 နည်းပညာနဲ့ ရေငုပ်သင်္ဘောတစ်စီးလုံးကို လက်လွှဲပေးလိုက်တယ်။ ဂျပန်တွေကလည်း အာရှဘက်မှာ အခြေအနေမကောင်းဘူး။ ဟီရိုရှီးမားနဲ့ နာဂါဆာဂီ မြို့ကြီး ၂ မြို့ Atomic ဗုံးတွေ ကြဲချခံရအပြီး အမေရိကန်တွေဟာ တတိယ Atomic Bomb ကို တိုကျိုမြို့ပေါ် ကြဲချဖို့ B-29 ဗုံးကြဲလေယာဉ်အုပ်စုကို လေယာဉ်တင်သင်္ဘောနဲ့ သယ်ဆောင်လာတယ်။ အဲ့ဒီအကြောင်းကို သိတဲ့အခါ စစ်ဦးစီးချုပ် အာဆာကူရာက ဒီရေတပ်တော်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ဖို့ ရေတပ်တော်မှူး ဗိုလ်မှူးကြီး မာဆာမီကို I-507 ရေငုပ်သင်္ဘောရဲ့ ဦးစီးမှူးအနေနဲ့ စေလွှတ်ခဲ့တယ်။

တပ်တော်မှူး မာဆာမီဟာ ဂျပန်ရေတပ်တော်မှာ ရန်သူ့သင်္ဘောဖျက်ဘီလူး ဆိုပြီး နာမည်ပြောင်ရထားတဲ့လူဖြစ်တယ်။ တပ်တော်မှူး မာဆာမီ စဉ်းစားမိတာက ပုံမှန်ဆို ဒီလိုကြားဖြတ်တိုက်ခိုက်ဖို့အတွက်ဆို ရေငုပ်သင်္ဘောအုပ်စုကို အထောက်အကူတွေနဲ့ စေလွှတ်ပေမယ့် ဒီတစ်ခါကျ တစ်စီးတည်းသာ စေလွှတ်ခဲ့တယ်။ ရေငုပ်သင်္ဘောရဲ့ ပုံစံက အရမ်းခေတ်မှီပြီး ထူးဆန်းတဲ့ လျှို့ဝှက်နည်းပညာတွေနဲ့ ပြည့်နှက်နေလို့ သူတို့ကိုယ်တိုင်လည်း အကျွမ်းတဝင်မရှိသေးဘူး။ တစ်ဖက်မှာလည်း အမေရိကန်တွေက ဒီနည်းပညာမြင့် ရေငုပ်သင်္ဘော I-507 ကို ခြေရာခံလိုက်နေတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော Bonefish ကို အပြုတ်နှံသွားရုံတင်မကဘဲ I-400 တွေထက် အဆပေါင်းများစွာ အန္တရာယ်ရှိတယ်လို့ သတင်းရထားလို့ ဒီရေငုပ်သင်္ဘောကိုသာ ရလိုက်ရင် သူတို့ရဲ့ ပြိုင်ဘက်တွေကို နည်းပညာ ခြေရာဖြတ်နိုင်တော့မှာမို့ အမေရိကန်အတွက်လည်း အရေးကြီးတယ်။ဒီလောက်ဆို ဇာတ်ကားက ကြည့်မကောင်းမှာ မပူရတော့မှန်း သိလောက်ပါပြီ။ Death Note ထဲမှာ Light ရဲ့ချစ်သူ ရှီအိုရီ နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Yuu Kashii လဲ ပြန်ပါလာတယ်။ နောက်ပြီး ဒီဇာတ်ကားက စာရေးဆရာ ဟရူတိုရှီ ဖုကူအီရဲ့ Best-Selling စာအုပ်ဖြစ်တဲ့ “Lorelei” ကို ဇာတ်ညွှန်းရေးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။P.S: I-500 ရေငုပ်သင်္ဘောစီမံကိန်းဟာလည်း တကယ်ရှိခဲ့ဖူးပါတယ်…

Read More 0 comments


 

Rating : 7.4/10
Country : United State
Genre : Drama, Thriller
Released Date : 2005
Duration : 2h 11min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ဝေဖန်ချက်တွေအများကြီးရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်းကတော့ဒီကားဟာဇာတ်ကားကောင်းတစ်ကားဆိုတာကို ငြင်းနိုင်ဖွယ်ရာ မရှိပါဘူး။

၂၀၀၅ခုနှစ်ကထွက်ခဲ့တဲ့ဒီကားကို အခုထိမကြည့်ရသေးရင်တော့ထပ်ပြီးနောက်မကျသွားခင် အခုပဲDownloadဆွဲပြီး ကြည့်ရှုသင့်တယ်လို့ပဲပြောလိုက်ပါရစေ။

ဇာတ်လမ်းကတော့ Crime Thrillerအမျိုးအစားပါ။ တိုကျိုမှာဖြစ်ခဲ့တဲ့မှုခင်းတစ်ခုကိုအ‌ခြေခံပြီး ဒီကားဖြစ်မြောက်လာခဲ့တာပါ။

ဇာတ်လမ်းကတော့ ဟေလီဆိုတဲ့ စာတွေအရမ်းဖတ်ပြီးသီချင်းတွေလည်းကြိုက်တဲ့ ၁၄နှစ်အရွယ်ကောင်မလေးဟာသူ့အဖေအရွယ်လောက်ရှိတဲ့ ၃၂အရွယ်ဓာတ်ပုံဆရာ ဂျက်ဖ်နဲ့အွန်လိုင်းမှာစကားပြောကြရင်းနဲ့ အပြင်မှာဆုံကြဖို့ချိန်းဖြစ်သွားပါတယ်။အသက်မပြည့်သေးတဲ့ မြီးကောင်ပေါက်မလေးနဲ့ လာချိန်းတွေ့ကတည်းကိုကမူသိပ်မမှန်ဘူးဆိုပေမယ့်လည်း ဟေလီကတော့ အကြောက်အလန့်မရှိပဲ သူကြိုက်တဲ့bandပွဲကသီချင်းကိုနားထောင်ချင်လွန်းလို့ဆိုပြီး အခုမှစတွေ့တဲ့ဂျက်ဖ်အိမ်ကိုလိုက်သွားပါတယ်။သားကောင်လေးတစ်ကောင်တော့ မုဆိုးရဲ့ကျော့ကွင်းထဲကျရောက်သွားလေမလားဆိုပေမယ့်ဘယ်သူကတကယ့်သားကောင်ဖြစ်ပြီး ဘယ်လိုဇာတ်လမ်းလှည့်ကွက်တွေရှိနေလဲဆိုတာကိုယ်တိုင်ပဲကြည့်ရှုပြီး အကဲဖြတ်လိုက်ပါဦး။(ဒီလိုအမဲလိုက်သူနဲ့သားကောင်အခြေအနေကြောင့်ပိုစတာမှာ Little Red Riding Hoodပုံပြင်က မနီလေးနဲ့ဆင်အောင်အနီရောင်ခေါင်းစွပ်လေးထည့်သွင်းထားခြင်းပါ)။ ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်တွေကလည်း တစ်ချိန်ကချစ်စရာမင်းသမီးချောလေး(Ellen Page)အခုတော့ဘဲကြီး Elliott Pageဖြစ်သွားသူလေးနဲ့ အခုသရဲကားတွေနင်းကန်ရိုက်နေတဲ့မင်းသားPatrick Wilsonပါ။ ဇာတ်ကောင်နှစ်ယောက်တည်းဆိုပေမယ့် ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ၊ဇာတ်လမ်းကျောရိုးနဲ့ Coloring effectsတွေကြောင့် စွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။Hard Candyလို့ နာမည်ပေးထားတဲ့အတိုင်း အပြစ်ကင်းစင်‌မှုတွေနဲ့ ပြင်းရှရှကြမ်းတမ်းမှုတွေပေါင်းစပ်ထားတဲ့ ဒီကားကို ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါဦး။

Read More 0 comments


 

Rating : 6.8/10
Country : United State
Genre : Adventure, Comedy, Fantasy
Released Date : 2021
Duration : 2h

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အ​ခြေတည်ပြီး Adventure / Fantasyအမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်

Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာအာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ကမ်မလော့ ကို သိမ်းပိုက်ပြီးအာသာရဲ့ အရင်က မိတ်ဆွေတွေနဲ့ မဟာမိတ်တွေကို မညှာမတာ လိုက်ဖမ်းပါတော့တယ်အာသာကလည်း လန်စီလော့ရဲ့ ဒေါသကနေ လွတ်မြောက်ဖို့အတွက် ရောမမှာ ပုန်းရှောင်နေပါတော့တယ်ပြည်သူတွေဟာလည်း လန်စီလော့ရဲ့ အုပ်ချုပ်မှု ကို ငြင်းဆန်ပြီး ဘုရင်အာသာပြန်လာမှာကိုပဲ မျှော်နေကြပါတယ်လန်စီလော့နဲ့ သူ့ရဲ့ ဆက်ဇွန်လူမျိုး ကြေးစားသမားတွေက နိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်နေကြ တဲ့အတွက်ပါပဲအဲ့လိုနဲ့ ရောမမှာ ပုန်းနေတဲ့ ဘုရင်အာသာဟာလည်း လန်စီလော့နဲ့ သူ့ရဲ့ စစ်တပ်ကို တိုက်ခိုက်ဆန့်ကျင်ဖို့အတွက် ပြန်လာပါတော့တယ်

Read More 0 comments


 

Rating : 5.2/10
Country : United State
Genre : Action, Comedy, Crime
Released Date : 2005
Duration : 1h 55min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Because of the notoriety she gained from the Miss United States pageant, Gracie Hart's (Sandra Bullock's) life as an undercover F.B.I. Agent is over. In addition, Agent Eric Matthews (Benjamin Bratt) broke off their relationship which she did not take well. Begrudgingly on the advice her boss, F.B.I. Assistant Director Harry McDonald (Ernie Hudson), Gracie decides to become the F.B.I.'s media relations officer. Ten months later with the assistance of style coach Joel Meyers (Diedrich Bader) and a best-selling book behind her about her experience, Gracie becomes a designer-clad media darling and the made-up face of the F.B.I. The new Gracie is the exact opposite of Agent Sam Fuller (Regina King), a woman who, like Gracie before her pageant experience, has deep seated anger issues. The two do not get along, but that doesn't stop McDonald from assigning Sam to be Gracie's bodyguard. The two are sent to Las Vegas, Nevada when Gracie's friend, reigning Miss United States Cheryl Frasier (Heather Burns), and the long-time Miss United States pageant host Stan Fields (William Shatner) were kidnapped there. At the F.B.I.'s Las Vegas field office, Assistant Director Walter Collins (Treat Williams) wants Gracie solely to be the media spokesperson on the case, but Gracie wants to be back in the field, especially when she uncovers some leads that Collins dismisses. Despite their antagonistic relationship, Gracie and Sam have to work together to follow these leads. Along with them are Joel and insecure F.B.I. Agent Jeff Foreman (Enrique Murciano), the foursome who, in addition to finding Cheryl and Stan, have to elude Collins' other Agents, Collins, who wants Gracie and Sam back on a plane to New York City, and who wants the glory of solving the case for himself.

Read More 0 comments


 

Rating : 5.7/10
Country : United State
Genre : Drama, Adult, Comedy, Romance
Released Date : 2005
Duration : 1h 35min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား….ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှပြါ…သိဘို့။မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို …။ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်….ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း

ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀

ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို လှမ်းခေါ်ခဲ့တယ်။ အခန်းထဲမှာ နှစ်ယောက်တည်း

စမ်းသပ်နေရင်း ဒင်နီယယ်လာက အဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။ သူက မလိုအပ်ကြောင်းပြောပေမယ့် ဒင်နီယယ်လာက

ဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကို မခံနိုင်တော့ပဲ..။လူရိုးလူအေးကြီး တစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ့ဇ်ရဲ့ ဘဝကို ဒင်နီယယ်လာ တစ်ယောက် ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင် မွှေနှောက်မလဲဆိုတာ ဆက်လက်ရှုစားကြပါ။

ဒင်နီယယ်လာ အဖြစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာအလှဆုံး အမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့ မမကြီး Monica Bellucci ရဲ့

မိမွေးတိုင်း ဖမွေးတိုင်း အလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။

Read More 0 comments


 

 

Rating : 6.3/10
Country : Korea
Genre : Action, Comedy, Crime
Released Date : 2005
Duration : 1h 51min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါ

ရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ်
ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ်
ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော
ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့

 

စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ်
စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ
ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်…
သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ…


ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ 

Read More 0 comments


 

 

Rating : 4.7/10
Country : United State
Genre : Action, Adventure, Crime
Released Date : 2005
Duration : 1h 37min

အညွှန်း

Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်….Elektra  ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်…Elektra ရုပ်ရှင်ကိုဇန်နဝါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ဝင်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည််….ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း….အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်….ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်….ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….

Read More 0 comments


 

 

Rating : 7.6/10
Country : United State
Genre : Drama, Thriller, Romance
Released Date : 2005
Duration : 2h 4min

အညွှန်း

ဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။
သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။
Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။
Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။
ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။

ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ်
” ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။
ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက လက်မခံဝံ့ကြဘူး။
တကယ်တမ်း ဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ များတယ်ဆိုတဲ့ အသိက ထိတ်လန့်စရာကောင်းတယ်။
တန်းနစ်ပွဲတစ်ပွဲမှာ ဘောလုံးက ကွင်းလယ်က ပိုက်ကွန်ရဲ့ အပေါ်တည့်တည့်ကိုရောက်သွားတဲ့ အခိုက်အတန့်တွေရှိတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အဲ့ဒီဘောလုံးက အရှေ့ကိုကျတာဖြစ်ဖြစ် အနောက်ကိုကျတာ ဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်။
ကံလေးနည်းနည်းကောင်းရင်တော့ အရှေ့ကို ကျသွားမယ်။ အဲ့ဒီကျ ခင်ဗျားနိုင်ပြီ။
ကံဆိုးပြီး အနောက်ကိုပြန်ကျလာရင်တော့ ခင်ဗျား ရှုံးပြီ “တဲ့

Match Pointရဲ့ အဓိကဇာတ်ကောင်ကတော့ ပြောခဲ့တဲ့အတိုင်း ကံကောင်းဖို့က အဓိကလို့ ယုံထားတဲ့ ခရစ်ဆိုတဲ့ တန်းနစ်ကစားသမား။
နောက်ကျ နည်းပြလုပ်ရာက ဗြိတန်အထက်တန်းလွှာက လူတစ်ယောက်ကို သင်ပေးရင်း ကံကောင်းပြီး အဲ့ဒီအထက်တန်းလွှာ အသိုင်းအဝိုင်းကို ဝင်ခွင့်ရသွားပြီး သူ့ဘဝကိုတက်လမ်းကို ရှာခဲ့တဲ့သူပေါ့။

ဒုတိယဇာတ်ဆောင် စကားလက်ဂျိုဟန်ဆန်ရဲ့ ဇာတ်ကောင်ကတော့ မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ နိုလာဆိုတဲ့မိန်းမတစ်ယောက်။
သူ့ဇာတ်ကောင်ကတော့ ခရစ်နဲ့ကွဲလွဲတယ်။ ခရစ်က ကံက အဓိကလို့ယုံတဲ့ လက်တွေ့သမား။
နိုလာကတော့ မာနအတွက် သူ့အတွက်မဖြစ်နိုင်တဲ့ သရုပ်ဆောင်အလုပ်ကို ‌ကျောမခိုင်းနိုင်တဲ့ သူပေါ့

သူတို့၂ယောက်လုံးက အထက်တန်းလွှာအသိုင်းအဝိုင်းက မောင်နှမနှစ်ယောက်နဲ့ ပက်သက်မိကြရာက သူတို့ချင်းလည်း ပက်သက်မိကြတယ်။
အယ်လန်က ဒီကာရိုက်တာ၂ယောက်ကို တစ်ယောက်ကို ကံကောင်းတဲ့ကာရိုက်တာ တစ်ယောက်ကို ကံဆိုးတဲ့ ကာရိုက်တာ အနေနဲ့ ပုံဖော်ပြီး
ကံကောင်းခြင်းဆိုးခြင်းဟာ ဘဝမှာဘယ်လောက်အထိအရေးပါနေပြီး ကံပေါ်မှာ ကျွန်တော်တို့ ဘဝတွေ ပုံထားရတယ်ဆိုတာကို မြင်သာအောင်ကို ပြထားတယ်။
ကျွန်တော်တော့ ဒါကို သူ့သရော်မှုတစ်ခုလို့ပဲမြင်တယ်။
ပြောရရင် ဘဝမှာ ကံလေးကောင်းလို့ ဘဝပေးကောင်းလို့ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာတာကို ဟုတ်လှပြီ ထင်တဲ့လူတစ်ချို့ကို သရော်ထားတဲ့သဘောပဲလို့ မြင်တယ်။

ဒီရုပ်ရှင်ဟာ တခြားအယ်လန်ကားတွေလိုပဲ ဇာတ်လမ်းဇာတ်ကွက်ရိုးရှင်းတယ်။
ကာရိုက်တာကို အဓိကထား ပုံဖော်ထားတယ်။
တခြားအယ်လန်ကားတွေနဲ့ ကွဲတာက တခြားအယ်လန်ကားတွေက လောကကိုအရွဲ့တိုက်ရယ်မောလိုက်တဲ့သရော်ကားမျိုးဆို Match Pointကတော့ လောကကို နာနာကျင်ကျင်နဲ့ကို သရော်လိုက်တဲ့ကားမျိုးလို့ ဆိုရမယ်။
ဒီလိုpsycho thriller ပုံစံပိုကြိုက်တဲ့သူ တစ်ချို့ကတော့ ဝူဒီအယ်လန်ထဲ သူတို့အကြိုက်ဆုံးကားလို့ဆိုကြတယ်။
သူ့အရွဲ့တိုက်သရော်တာတွေကိုပဲ ပိုသဘောကျမိတဲ့ ကျွန်တော့်အတွက်တော့ဒီကားကို တခြားကားတွေနဲ့ယှဉ်ရင် သိပ်ဘဝင်မကျမိဘူး။
သို့ပေမဲ့လည်း ကျွန်တော်ကြိုက်တဲ့ အယ်လန်ကားတွေထက်တောင် ဒီကားက ratingပိုကောင်းပါတယ်။ခုနလိုပိုကြိုက်ကြတဲ့သူတွေလည်း များမှာပါပဲ။
ဘာပြောပြောပါ ဇာတ်လမ်းပြီးခါနီးထိ အယ်လန်ဟာ သူ့သရော်ဟန်ကို သစ္စာဖောက်လိုက်တယ် ထင်ရခဲ့ပေမဲ့ အဆုံးမှာတော့ အယ်လန်ဟာ သူ့သရော်ဟန်ကို သစ္စာရှိခဲ့တာကို မျက်ဝါးထင်ထင်မြင်ရမှာပါပဲ။
ကိန်းရုပ်ရှင်ပွဲတော်မှာပြတုန်းကတော့ ဒီကားကို ဝေဖန်ရေးဆရာတွေက သမားရိုးကျ ဝူဒီအယ်လန်ရုပ်ရှင်တစ်ကားမဟုတ်ဘူးလို့တောင် ဝေဖန်ခဲ့ကြပါသေးတယ်။

သရုပ်ဆောင်တွေအနေနဲ့ ဗြိတိသျှသရုပ်ဆောင်တွေချည်း သုံးထားပြီ
ညှို့ဓာတ်ပြင်းတဲ့ အမေရိကန်သရုပ်ဆောင် စကားလက်ဂျိုဟန်ဆန်ကတော့
ညှို့ဓာတ်ပြင်းတဲ့ အမေရိကန်သရုပ်ဆောင်အနေနဲ့ပဲ ပြန်သရုပ်ဆောင်ထားခဲ့တယ်။
သူရဲ့ခပ်ဟော့ဟော့အခန်းတွေကိုလည်း မြင်ကြရမှာပါ။
အော်စကာဆုပေးပွဲမှာလည်း ဒီကားအတွက် ဇာတ်ညွှန်းကိုယ်တိုင်ရေးထားတဲ့ ဝူဒီအယ်လန်ဟာ ဇာတ်ညွှန်းဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပြီး တခြားပွဲတွေမှာလည်း ဇာတ်ညွှန်းဆုတွေ အကုန်ဆန်ခါတင်ဝင်ခဲ့ပါတယ်

 

 

Read More 0 comments