Showing posts sorted by date for query 1994. Sort by relevance Show all posts
Showing posts sorted by date for query 1994. Sort by relevance Show all posts


 

Rating : 5.2/10
Country :United State
Genre :Drama,War,
Released Date : 2022
Duration :  1h 51min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ယူကရိန်းလို့ပြောလိုက်တာနဲ့ ပူတင်နှင့်ရုရှားကိုပါတွဲမြင်ကြမှာပါ ရုရှားတွေက ယူကရိန်းကို ဒုက္ခပေးကျူးကျော်ဖို့ချောင်းနေတာ အခု 2022မှမဟုတ်ပါဘူး 1994မှာ ယူကရိန်းဟာဆိုဗီယက်အမွေအနှစ်လက်ကျန် Nuclear လက်နက်တွေကို အမေရိကန်၊ဗြိတိန် နှင့်ရုရှားတို့ရဲ့ လုံခြုံရေးအာမခံပေးမှုကြောင့် ဖျက်သိမ်းခဲ့ပါတယ် ဒါပေမဲ့ ရုရှားတွေက 2014မှာ ယူကရိန်းပိုင်ကရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ပြီးအရှေ့ဘက်Donbassဒေသကိုကျူးကျော်ခဲ့ပါတယ်

ဒီMovieကတော့ 2014ကရုရှားတို့ကျူးကျော်ချိန်မှာ Donbass region ကျေးလက်ဒေသ မှာအ‌ခြေချနေထိုင်သူမိုင်ကိုလာ ဗော်ရိုနမ်ကိုတို့လင်မယားရဲ့ကြေကွဲစရာအဖြစ်အ‌ပျက်ပေါ်အခြေခံထားပါတယ် မိုင်ကိုလာက ဒေသဆိုင်ရာကျောင်းမှာ ရူပဗေဒဆရာတစ်ယောက်ဖြစ်ပြီ ရူပ‌ဗေဒ၊ သင်္ချာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့သုံးခုတောင်ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ ထို့အပြင် မိုင်ကိုလာတို့လင်မယား က စစ်ပွဲကိုဆန့်ကျင်သူ (ဝါ)ငြိမ်းချမ်းရေးဝါဒီတစ်ဦးဖြစ်ပါတယ်

သို့ပေမဲ့ ရုရှားတပ်တွေကျူးကျော်တဲ့နေ့မှာပဲကိုယ်ဝန်လွယ်ထားရတဲ့ မိုင်ကိုလာဇနီးကို သူလျိုလို့စွပ်စွဲပြီး ရုရှားစစ်သားတွေကပစ်သတ်သွားပါတယ် မိုင်ကိုလာတို့အိမ်ကိုလည်းမီးရှို့သွားပါတယ် ရုရှားတွေရဲ့မိုက်မဲမှုက အိပ်နေတဲ့ ကျားကိုသွားလှုပ်နိုးသလိုဖြစ်ပြီး မိုင်ကိုလာက ယူကရိန်းလွတ်မြောက်ရေးစစ်တပ်ထဲဝင်ခဲ့ပါတယ် မိုင်ကိုလာတစ်ယောက်စနိုက်ပါဘဝကိုခံယူပြီး ကို့ယ်နိုင်ငံကိုကျူးကျော်လာတဲ့စစ်မိစ္ဆာတွေကို ဘယ်လိုတိုက်ထုတ်ပြီးဇနီးသေဆုံးမှုအတွက် ကလဲ့စားချေပုံကိုမြင်တွေ့ရမှာပါ ဒီMovieရဲ့အခြားWar action Movieတွေနဲ့ကွဲပြားတဲ့ အလွန်ထူးခြားတဲ့အချက်က လက်ဖြောင့်တပ်သားတစ်ယောက်ရဲ့ တွက်ချက်ပုံ စိတ်ရှည်မှု နည်းစနစ်တွေကို အတိအကျဖော်ပြထားတာတွေ့ရမှာပါ......

 

Read More 0 comments


 

 

Rating : 8.3/10
Country :China
Genre :Drama,War,Chinese Movie,
Released Date : 1994
Duration : 2h 13min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။

ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို ” မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်” ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။

ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။

To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။

To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။

Read More 0 comments


 

Rating : 7.6/10
Country : United State
Genre : Action, Fantasy, Thriller
Released Date : 1994
Duration : 1h 42min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။

The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ  ပြန်လည်နိုးထလာခဲ့တယ်..နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်…he Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။ ဒီကား‌လေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း

Read More 0 comments




 

Rating : 6.5/10
Country : United State
Genre : Fantasy, Horror, Mystery
Released Date : 1994
Duration : 1h 52min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။

အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ကို အသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ရယ်၊ သူ့ကို ပထမဆုံး အနိုင်ယူခဲ့တဲ့ Nancy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Heather ရယ် သူမရဲ့သားလေး Dylan ရယ်ဆီကို Freddy အမည်ခံ မကောင်းဆိုးဝါးကြီး ရောက်ရှိလာပြီး ပြင်ပကမ္ဘာကို ထွက်လာဖို့ ကြိုးပမ်းချိန်မှာတော့ ဟောဒီ Part 6 The New Nightmare ဇာတ်ကားကြီး ဖြစ်ပေါ်လာပါတယ်။ကျွန်တော်တို့မြင်နေကြ Freddy ဟာ ပုံစံသစ် လက်သည်းအသစ်နဲ့ ရှယ်ကြမ်းပလန်ဝယ်ပြီး ဝုန်းတာကို တစ်ဝကြီး ကြည့်ရှုရမှာပါ။ စကားမစပ် အသက်ဆယ်နှစ်ကြီးသွားပြီဖြစ်တဲ့ Nancy လေးကို ပြည့်ဖူးနုရွတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရှုစားရပါမယ်။ သူမ ဘယ်လောက်ထိ လှလာလဲဆိုတာတော့ ဒေါင်းမျိုးလို့ ပြောနိုင်လောက်တဲ့ထိကို လှလာတာပါနော်။ ကြည့်ရှုခံစားလိုက်ကြပါဦး။

Read More 0 comments


 

Rating : 5.1/10
Country : United State
Genre : Drama, Romance, Thriller, Adult
Released Date : 1994
Duration : 1h 43min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားလေးက တစ်ခြားအချိန်မှာကြည့်မယ်ဆို ရိုးရိုးတမ်းတမ်းပဲ မတ်မတ်ရဲ့အလှအပကိုပဲ သီးသန့်ခံစား၊ ဒါပေမဲ့ ဇာတ်ကွက်ကိုသိပ်ခံစားလို့မရမယ့်ကားမျိုး‌ပါ။ အဲလိုပေမဲ့ အခုတော့ ကျွန်တော်တို့ ဒီအခြေအနေကြီးနဲ့ဆိုတော့ တော်တော်ကြည့်ရကိုက်တဲ့ကားဖြစ်သွားပြီမို့လို့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံလေးကို လောဘဇောတက်နေတဲ့ အာဏာရူးဗိုလ်ချုပ်ကြီးက အာဏာကောက်သိမ်းတဲ့အကြောင်းနဲ့စတယ်ပေါ့ဗျာ။ အဲလိုအာဏာသိမ်းတဲ့အချိန်မှာ ‌အီရင်းနဲဆိုတဲ့သတင်းထောက်မလေးကျွန်တော်တို့မတ်မတ်ရဲ့‌အမေက ဘောမကြီးလုံးလုံးပဲဆိုပါတော့ဗျာ။အဲဒီတော့ အဲလိုအခြေအနေမျိုးမှာ သတင်းထောက်မလေး အီရင်းနဲကို လီရယ်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဖြစ်လဲ စိတ်ပညာရှင်ဒေါက်တာလေးက အာဏာရှင်ရဲ့မကောင်းကွက်တွေကို အတူထုတ်ဖော်ဖို့ကြိုးစားကြတာကို ဒေါသအလိပ်လိပ်ထွက်လိုက်၊ မတ်မတ်ကို မြင်ပြီးစိတ်ပြန်ငြိမ်လိုက်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ ဒီကားက သူ့အဖော်အချွတ်အလှအပခန်းတွေလည်းများလို့ မိသားစုနဲ့မကြည့်သင့်တဲ့ကားလေးပါ။ ဒါကြောင့် 1994 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Of Love and Shadows လေးကို ဒေါသထွက်ရရင်း စိတ်လည်းပြန်လျှော့ရရင်း ခံစားကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။

Read More 0 comments


 

Rating : 7.5/10
Country : Korea
Genre : Drama
Released Date : 2021
Duration : 2h 6min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

The Book of Fishဟာ ကိုရီးယားရဲ့ နာမည်ကျော်ရုပ်ရှင် ဆုပေးပွဲတစ်ခုဖြစ်တဲ့Baeksang Arts Awardsရဲ့ ၅၇ကြိမ်မြောက်ဆုပေးပွဲမှာ Grand Prize(Daesan)ကို ရရှိခဲ့တဲ့ ရုပ်ရှင်ပါ။

လက်ရှိမှာတော့ ဆုပေါင်း ၇ ဆု နဲ့ တစ်ကြိုစရင်း ၂၁ ကြိမ်ဝင်ထားပါတယ်။]ဒါကတော့ လက်ရှိရထားတဲ့ ဆုပေါင်း ၇ ဆုပဲ ဖြစ်ပါတယ်။– Daesang Grand Award ( Baek Sang Art Awards)

– Best Director (Buil Film Awards)

– Best Director (Korean Association of Film Critics Awards )

– Best Film (Korean Association of Film Critics Awards )

– Best Actor Sol Kyung Gu (Korean Association of Film Critics Awards )

– Best Screen Play Kim Se Gyeom (Korean Association of Film Critics Awards )

– The Best Film of the Year (Korean Association of Film Critics Awards )ဒီကပရိတ်သတ်တွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ Deliver Us from Evil, Moving On ,Voice of Silenceတို့လို ကားကောင်းတွေကို ကျော်ပြီး Daesanဆု ရသွားခဲ့တယ်။ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ အီဂျွန်အစ်ဟာ The Throneတို့,ကိုရီးယားရဲ့ box officeအမြင့်ဆုံး ဆယ်ကားစာရင်းဝင် The King and Clownတို့အပါအဝင်ရာဇဝင်ကားအမြောက်အများကို ရိုက်ကူးဖူးတဲ့သူဖြစ်ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Hope(2013)ရဲ့ ဒါရိုက်တာလည်း ဟုတ်ပါတယ်။ဇာတ်ကတော့ ၁၈၀၁ခုနှစ်မှာ တည်ထားတယ်။ ဂျိုဆွန်းခေတ်‌နှောင်းပိုင်းကာလပေါ့။ဂျိုဆွန်းရဲ့ ၂၂ဆက်မြောက်မင်းဖြစ်တဲ့ ဂျောင်ဂျိုမင်းကြီး လက်ထက်မှာပါ။ သူသေလုဆဲဆဲအချိန်မှာပါပဲ။သူ့ကို ကံဆိုးမှုတို့ရဲ့ဘုရင်လို့ နာမည်ပြောင်ပေးရတဲ့အထိကို သူ့ဘဝမှာ ကြမ္မာငင်ခြင်းများခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာတင်ပဲ သေဆုံးခဲ့တယ်။ဒီကားထဲတော့ သူက အဖွင့်လောက်ပဲပါပေမဲ့ သူ့အကြောင်းထပ်သိချင်ရင်တော့ ဟွန်ဘင်းရဲ့ “The Fatal Encounter”မှာ ရှု့စားနိုင်ပါတယ်။အဲဒီခေတ်မှာ အထင်ရှားဆုံးဝါဒက ကွန်ဖြူးရှပ်ဝါဒသစ်ပေါ့။ နိုင်ငံတော်လက်စွဲ ဝါဒလို့ ဆိုလို့ရတယ်။ဗုဒ္ဓဝါဒလည်းရှိခဲ့ပေမဲ့ ကွန်ဖြူးရှပ်ဝါဒကတော့ ပိုနေရာယူထားပုံပါပဲ။ခရစ်ယာန်ဝါဒလည်း နည်းနည်းစိမ့်ဝင်နေပြီး အနောက်တိုင်းရဲ့ဝါဒဖြစ်တာကြောင့်ခရစ်ယာန်ဘာသာဝင်အဖြစ်ပြောင်းသွားတဲ့ သူတွေကို အဲဒီခေတ်မှာ မိစ္ဆာဒိဠိတွေအဖြစ် သတ်မှတ်ခဲ့ကြတယ်၊။အဲဒီခေတ်အဲဒီအခါတုန်းက နာမည်ကျော်စာပေပညာရှင် ညီအစ်ကိုသုံးဦးရှိခဲ့တယ်။ချောင်ယက်ဂျွန်း, ချောင်ယက်ဂျုံ ,ချောင်ယက်ယောင်းတို့ ညီအစ်ကို၃ဦးပေါ့။ကိုရီးယားသမိုင်းမှာ သူတို့အခန်းကဏ္ဍကလည်း မသေးခဲ့ဘူး။သူတို့သုံးယောက်စလုံးက ခရစ်ယာန်ဘာသာဝင်တွေ။ချောင်ယက်ဂျုံဆိုရင် ကိုရီးယားပြည်မှာ ခရစ်ယာန်ဝါဒကို ထွန်းကားစေခဲ့တဲ့သူအဖြစ် နာမည်ကျော်တယ်။ချောင်ယက်ယောင်းကတော့ အတွေးအခေါ် သိပ္ပံနဲ့ အုပ်ချုပ်ရေး နိုင်ငံရေး သီဝရီကျမ်းတွေအများကြီးရေးသားခဲ့လို့ ဒီနေ့ထိထက်တိုင် နာမည်ကျော်နေဆဲသူ။ မင်းတိုင်ပင်ခံလည်း ဟုတ်တယ်။The Great Thinker Dasan Jeong Yak-yong ဆိုပြီး သူ့အကြောင်းသီးသန့်တစ်ကားရိုက်ထားတာလည်းရှိတယ်။အကိုအကြီးဆုံးဖြစ်တဲ့ ချောင်ယက်ဂျွန်းကတော့ သိပ်နာမည်မကြီးဘူး။သူ့ကို ကိုရီးယားရဲ့ ရှေးဇီဝဗေဒပညာရှင်တစ်ယောက်အဖြစ်တော့ လူသိများခဲ့တယ်၊ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်ကတော့ သူပေါ့၊၊သူ့ညီတွေနဲ့ယှဉ်ရင် မျက်မှောက်ခေတ်မှာ နာမည်သိပ်မရှိရှာတဲ့ ချောင်ယက်ဂျွန်းကို မီးမောင်းထိုးပေးပြီးနာမည်ကျော်မင်းသားကြီးသုံးပေးထားတဲ့ ဒါရိုက်တာရဲ့စေတနာကြောင့် သူ့ကာရိုက်တာဟာ ဒီရုပ်ရှင်မှာ အရမ်းပေါ်လွင်နေတယ်။တောင်ကိုရီးယားရဲ့ Art Houseဒါရိုက်တာ လီချန်းဒုံရဲ့ အိုအေစစ်တို့ ပက်ပါးမင့်ကန်ဒီတို့မှာ လက်စွမ်းပြပြီးတဲ့နောက်ပိုင်းAHကားတွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ မင်းသားကြီး ဆိုးဂယောင်းဂူကို ဒီရုပ်ရှင်မှာ အဓိကနေရာကနေ ပြန်မြင်ကြရမှာပါ။သူ့ကားတွေကြည့်ဖူးတဲ့သူတွေတော့ သူဘယ်လောက်သရုပ်ဆောင်ကောင်းလဲ သိမှာပါပဲ။ရေခင်းပြစရာလိုမယ် မထင်ပါဘူး။ ချောင်ယက်ဂျွန်းနေရာက ဒီလိုသရုပ်ဆောင်ကို သုံးပေးထားတယ်။Reply 1994 က မင်ဒိုဟီးတို့၊ Mr Sunshineက ဗြောင်ရိုဟန်တို့လည်း အားဖြည့်ထားတယ်။Parasiteက အီဂျောင်အွန်းတို့ ကေဒရာမာတွေမှာ မြင်နေကျ ချွဲဝန်ယောင်းတို့အပြင်Miracle in cell no.7ထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မင်းသားကြီးRyu Seung-ryoကလည်း ချောင်ယက်ယောင်းအဖြစ် ပါ၀င် သရုပ်ဆောင်ထားတယ်။ဇာတ်ကတော့ ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ပါဘူး၊ဂျောင်ဂျိုဘုရင် ဘ၀နတ်ထံပျံပြီးနောက် ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ ချောင်ညီအစ်ကိုသုံးယောက်ကို နန်းတွင်းထဲကသူတွေက ရှင်းထုတ်ဖို့လုပ်ကြတယ်။တစ်ယောက်ကိုသတ်ပြီး ၂ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။“ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏” ဆိုတဲ့ စကားလိုပဲသူတို့ကို ဒီလိုဘာလို့လုပ်သလဲဆိုတာက ဒီဘာသာရေးဆိုတာထက် အများကြီး ပိုနက်နဲပေမဲ့ သေချာတော့ ရိုက်မပြသွားဘူး။အဓိကရိုက်ပြတာက အမျက်အဤသင့်ပြီး ပြည်နှင်ခံရတဲ့ ချောင်ယက်ဂျွန်းရဲ့ဘဝကိုပဲ။သူ့ညီချောင်ယက်ယောင်းက စာတွေအများကြီး ရေးဖြစ်ပေမဲ့ပိုတော်တဲ့အကိုဖြစ်သူက ဒီပြည်နှင်ခံကာလရှည်ကြီးမှာ ဘာလို့ စာအုပ်၂အုပ်ပဲထွက်ပဲ ထွက်လာခဲ့လဲဆိုတဲ့ အချက်ကိုဒါရိုက်တာက နားလည်ခံစားပေးပြီး သူ့အမြင်ကနေ ချပြသွားခဲ့တယ်။ခေတ်ရှေ့အရမ်းပြေးတဲ့ ဘုရင်ခေတ်မှာ မင်းမလိုချင်တဲ့ ဒီမိုကရေစီဆန်တဲ့လွတ်လပ်တဲ့သဘာဝရှိတဲ့ ချောင်ယက်ဂျွန်းရဲ့ အတွေးအခေါ်တွေကိုပါ ချပြသွားတယ်။ပြောရရင် ခေတ်နဲ့မကိုက်လောက်အောင်တော်နေတဲ့ လူတော်တစ်ယောက်အဖြစ် ပြသသွားခဲ့တယ်။သူ့ကို ကြည့်ပြီး ကျွန်တော်တို့ဆီက မင်းမျက်သင့်ခဲ့ဖူးတဲ့ လူတော်တွေဖြစ်တဲ့ အနန္တသူရိယတို့ လက်ဝဲသုန္ဒရတို့ကိုတောင် ပြေးမြင်မိတယ်။သူတို့ကဗျာတွေကိုထည့်သွင်းပြီး သူတို့ဘဝကို ဒီလိုအကျယ့်ဝိတ္ထာရချဲ့ခံစားပြီး ရိုက်ကူးပြနိုင်ရင်‌ ကောင်းမှာပဲလို့တောင် တွေးမိ‌သေးတယ် ။နောက်ခေတ်တွေမှာတော့ ဖြစ်နိုင်ကောင်းပါရဲ့။ရုပ်ရှင်ဖြစ်ဖြစ် စာပေဖြစ်ဖြစ် ကိုယ့်စာပေကိုယ့်အနုပညာကို ချစ်တတ်အောင်သင်ပေးနိုင်တာလည်း သူ့ဂုဏ်ရည်တစ်ခုပဲမဟုတ်လား။အီဂျွန်အစ်ကတော့ ချောင်ယက်ဂျွန်းရဲ့ ငါးကျမ်းရဲ့ နိဒါန်းကိုယူပြီး ယက်ဂျွန်းကို ချစ်တတ်အောင် ကောင်းကောင်းကြီး ရိုက်ပြသွားခဲ့တယ်။စီနီမာတိုဂရပ်ဖီပိုင်းကို အဖြူအမဲနဲ့ ရိုက်ကူးထားပြီး တရုတ်တို့ဂျပန်တို့ကိုရီးယားတို့ရဲ့ရှေးပန်းချီတစ်ရပ်ဖြစ်တဲ့ မင်ပန်းချီချပ်တွေကို ခံစားရသလိုဖြစ်အောင်ရိုက်ပြသွားခဲ့တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုတယ်။ဒီလိုခံစားစေချင်လို့ ဒါရိုက်တာက ဒီဘက်ခေတ် ရိုက်ခဲလှတဲ့ ကိုရီးယားအဖြူအမဲရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တာပါပဲ။ငွေကြေးအရအောင်မြင်မှုကို ဂရုမပြုဘဲ လုပ်သင့်တာကိုလုပ်သွားတဲ့ ဒါရိုက်တာအီဂျွန်အစ်ဟာ တော်တော်တော့ ချီးကျူးစရာကောင်းပါတယ်။ဇာတ်လမ်းက အရမ်းထွေထွေထူးထူးကြီးမဟုတ်ပေမဲ့ Art Filmတစ်ကားကို ချဉ်ခြင်းတပ်မိရင်ဖြစ်ဖြစ်၊မင်းခေတ်စိုးခေတ်က လူ့အခြေအနေသဘာ၀ကို လေ့လာကြည့်ချင်ရင်ဖြစ်ဖြစ်၊ဒီကားကိုကြည့်ပြီး ကျွန်တော်တို့ဆီက မင်းမျက်သင့်ခံ ရှေးစာဆိုကျော်ကြီးတွေကို အစားထိုး စိတ်ကူးထဲပုံဖော်ကြည့်ချင်ရင်ဖြစ်ဖြစ်ကြည့်သင့်ကြည့်ထိုက်တဲ့ Art filmကောင်းတစ်ကားပါပဲ။{ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏” စကားပုံဖွင့်ဆိုချက် }ကြက်ဥ၏ အနှစ်အရောင်အဆင်းသည် ရွှေဒင်္ဂါးအရောင်မှ ထုံးခြောက်အရောင် အထိ အရောင်အသွေးအမျိုးမျိုးရှိ၍ကြက်ဥကို ကြည့်ရုံဖြင့် အတွင်းက အနှစ်မည်သည့် အရောင်ဖြစ်မည်ကို မသိနိုင်ချေ။တိမ်တောင်တိမ်လိပ်တို့သည်လည်း အရောင် အမျိုးမျိုး၊ အသွင်အမျိုးမျိုး တစ်ခဏချင်း ပြောင်းလဲတတ်သဖြင့်မည်သည့်အရောင် အသွင်သို့ ပြောင်းမည်ဟု ကွဲကွဲပြားပြား ခွဲခြားသိမှတ်ရန် ခက်ခဲသည်။ထိုနည်းအတူ မင်းမူမင်းရေး၊ နိုင်ငံရေး ပရိယာယ်တို့သည်လည်း ကြိုတင်အသိခက်အောင် ရှိတတ် သည်ဟု ဆိုလိုသည်။အသိခက်သောအရာများတွင် ထိုစကားကို သုံးနှုန်းသည်။ (ဝိတ္ထာရ = အကျယ်)ချောင်ညီအစ်ကိုသုံးယောက်ကို စာဖိုင်မှာ Cheungလို့ ရေးထားပြီး မှတ်တမ်းတင်တဲ့နေရာမှာတော့ Jeongလို့ရေးထားပေမဲ့ဂျောင်ဂျိုမင်းကြီးရဲ့ Jeongနဲ့ ရောကုန်မှာစိုးတာကြောင့် Cheungကိုပဲ သုံးလိုက်ပါတယ်။သူတို့အကြောင်း အကျယ်သိချင်ရင် Jeong Yak (Jeon ,Jong, young)အမည်များဖြင့် ရှာဖတ်လို့ရပါတယ်။

Read More 0 comments


 

Rating : 7.1/10
Country : United State
Genre : Drama, Crime, Romance
Released Date : 1994
Duration : 1h 500min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားက Neo-Noir Crime ပုံစံပါ…Erotic Thriller လဲ ဟုတ်တယ်…

ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေက ပြင်းထန်တာကြောင့် ညွှန်းလိုက်တာနဲ့ Spoiler ဖြစ်စေနိုင်တာမို့ ဇာတ်ကြောင်းကို ဘာမှမညွှန်းချင်ပါ။Rating တွေကြည့်လိုက်တာနဲ့ အမိုက်စားဇာတ်ကားဆိုတာတော့ မငြင်းနိုင်ပါဘူး။ယောကျ်ားတွေကြောက်တဲ့ ရုပ်ရှင်တွေထဲက မိန်းမတွေရှိကြတယ်မလား…500 Days of Summers ထဲက ဆမ်းမားတို့….Gone Girl ထဲက အေမီတို့လေ…အဲ့ဒီစာရင်းထဲကို ဒီဇာတ်ကားထဲက ဘရစ်ဂတ်ဆိုသူလေးကိုပါ ထပ်တိုးဖြည့်လိုက်ပါ။မိန်းမတို့မာယာ သမုဒ္ဒရာလို နက်ရှိုင်းရုံတင်မကဘူး..မွန်းကြပ်သေတတ်သေးတယ်။

Read More 0 comments


 

 

Rating : 6.3/10
Country : United State
Genre : Horror, Mystery
Released Date : 2021
Duration : 1h 47min

အညွှန်း

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။

Part -1(1994), Part – 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်

လာမယ့် Trilogy Event လည်းဖြစ်ပါတယ်

ဇာတ်လမ်းကတော့… ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့

နှစ်မြို့ရှိကြတယ်… ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့

စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ…

ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာက

မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့…

သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။

တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။

Read More 0 comments


 

Rating : 5.9/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Jonathan Freeman, Scott Weinger, Dan Castellaneta
Released Date : 1994
Duration : 1h 9min

အညွှန်း
ဒီကားလေးကတော့ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသားDisney ကားလေးဖြစ်ပါတယ် အာလာဒင်လို့ပြောလိုက်ရင် ကော်ဇောပျံကြီးကိုစီးပြီးသွားလေ့ရှိတဲ့ကောင်လေးဆိုတာလူတိုင်းသိပြီးကြမှာပါပထမကားရဲ့အဆက်ဒီကားလေးမှာတော့ မီးခွက်စောင့်ဖြစ်သွားတဲ့ ဗီလိန်ကြီးဂျာဖာလက်စားချေဖို့ပြန်ရောက်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါအာလာဒင်နဲ့ မင်းသမီးလေးတို့ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေတွေ့ကြုံရမလဲ လူဆိုးကြီးဂျာဖာကကော ဘယ်လိုကောက်ကျစ်ယုတ်မာပြီးအာလာဒင်တို့ကကော ကျော်ဖြတ်သွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ
Read More 0 comments


 

Rating : 3.8/10
Country : United State
Genre : Adult, Mystery, Thriller 
Cast : Harry Hamlin, Lysette Anthony, Michael Ironside
Released Date : 1994
Duration : 1h 33min

အညွှန်း
ထူးဆန်းပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ မိန်းမလှလေးတစ်ယောက်နဲ့မိန်းမနဲ့ အဆင်မပြေလို့ ကွဲရတော့မှာမို့လို့ စိတ်ညစ်နေတဲ့ ရုံးကဝန်ထမ်းတစ်ယောက် တွေ့ကြတဲ့အခါ..
မိန်းမလှလေးရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ဒုက္ခရောက်နေတဲ့ဘဝကို ဘယ်လို ကယ်တင်ကြမလဲ…
ဇာတ်ရှုပ်ကို ဘယ်လိုရှင်းကြမလဲ..မိန်းမလှလေးကရော ဘာလို့ ဒုက္ခရောက်နေတာလဲ ..မင်းသားနဲ့ မင်းသမီးဘယ်လိုငြိကြမလဲ…ဆိုတဲ့မေးခွန်းတွေကို အဖြေရှာကြည့်ကြရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းကို ပီပြင်စေဖို့ အဖော်အချွတ်တွေကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားတာကြောင့်မိသားစုနဲ့အတူကြည့်လို့မရပါဘူး…ကလေးသူငယ်တွေမကြည့်ပါနဲ့…၁၈ နှစ်ပြည့်မှ ကြည့်ကြပါ။
Read More 0 comments


Rating : 5.6/10
Country : United State
Genre :  Action, Comedy, Crime
Cast :    Eddie Murphy, Jon Tenney, Joey Travolta
Released Date : 1994
Duration : 1h 44min 


အညွှန်း
တစ်ခါတစ်လေမှာ ဂုဏ်သရေအရှိဆုံးလို့ထင်ရတဲ့လူတစ်ယောက်ဟာရက်စက်တဲ့ရာဇဝတ်ကောင်ဖြစ်နေတက်သလိုပျော်စရာအကောင်းဆုံးအပန်းဖြေနေရာတစ်ခုရဲ့နောက်ကွယ်မှာ ကြောက်စရာလျှို့ဝှက်ချက်တွေရှိနေတက်ပါတယ်။
အသက်ရှင်စဉ်မှာအမြဲကတောက်ကဆဖြစ်ခဲ့ပေမဲ့သံယောဇဉ်အရှိဆုံးဆရာသမားကိုဆုံးရူံးလိုက်ရတဲ့အတွက်Alex Foley တစ်ယောက်အဲ့ဒီလူသတ်ကောင်ကိုမဖြစ်မနေလက်စားချေဖို့ဆုုံးဖြတ်ခဲ့ပါတယ်။တစ်ကားလုံးရယ်နေရမှာသေချာတဲ့ ရဲဇာတ်မြူးကားလေးပါ။


 

Read More 0 comments


Rating : 5.5/10
Country : United State
Genre :   Comedy
Cast :  Matthew McConaughey, Snoop Dogg, Isla Fisher
Released Date : 1994
Duration : 1h 35min 


အညွှန်း
Rebellious Stoner ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကွဲပြဲကြီးလုပ်ချင်ရာတွေလုပ် လောကကြီးကိုကိုယ့်စိတ်ကူးအတိုင်းကိုယ့်ခံယူချက်အတိုင်းဖြတ်သန်းပြီး ပျော်တတ်တဲ့သူကြီးအဖြစ် ဒီမှာ Matthew McConaughey ကိုတွေ့မြင်ရမှာဖြစ်ပြီး နာမည်ကြီးအဆိုတော် Snoop Dogg နဲ့တွဲဖက်ပြီး ပြဲကြမူးကြပျော်ကြပါးကြပုံကိုတွေ့မြင်ရမှာပါ။ လောကကြီးမှာ ဘယ်သူကဘယ်လိုပဲပြုပြင်ဖို့လာကြိုးစားကြိုးစား ကိုယ့်ပုံစံအတိုင်းကိုယ်တွေးခေါ်တဲ့အတိုင်းပဲလုပ်ချင်ရာတွေလုပ်ရတာ တစ်ခါတစ်လေပျော်ဖို့သိပ်ကောင်းမှာပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့ အမြဲပျော်ချင်ပြီး မူးပြဲနေတတ်တဲ့ ကဗျာဆရာတစ်ယောက် သူအရမ်းချစ်ရတဲ့မိန်းမဆုံးသွားတော့ မိန်းမထားခဲ့တဲ့သေတမ်းစာကို ဘယ်လိုတွေလုပ်ပြီးဖြည့်ဆည်းမယ်ဆိုတာတွေ့ရမှာပါ။ Snoop Dogg ကြီးရဲ့အားပေးအားမြောက်မှုနဲ့ ကဗျာဆရာကြီးဘယ်လိုတွေမူးပြဲပြီးစခန်းသွားမလဲဆိုတာကြည့်ချင်သူများ ကြည့်လိုက်ကြပါဦး

 

Read More 0 comments


Rating : 7.1/10
Country : United State
Genre :   Comedy, Drama, Romance
Cast :   Hugh Grant, Andie MacDowell, James Fleet
Released Date : 1994
Duration : 1h 57min 


အညွှန်း
“ပထမမင်္ဂလာဆောင်”
ကိုယ်က အနှောင်အဖွဲ့ကိုကြောက်တတ်တဲ့ လွတ်လပ်သူပေါ့။ မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မင်္ဂလာဆောင်ခြင်းဆိုတာနဲ့ ရန်သူဖြစ်ခဲ့တာပေါ့။ ဒီမင်္ဂလာပွဲမှာ ကိုယ်မင်းကို ပထမဆုံးစတွေ့ခဲ့တယ်။ ချစ်တယ်ဆိုတာ အိပ်နေရတာလောက် မကောင်းဘူးလို့ထင်ထားတဲ့ ကိုယ်…အဲဒီနေ့မှာအချစ်ဆိုတာကို ပါးပါးလေး စတွေ့မိခဲ့တယ်။ မင်းအရမ်းလှနေတယ်။ ကိုယ်တို့ အတူ ကြည်နူးစရာညတစ်ညကိုဖြတ်သန်းခဲ့ပြီး ရိုးရိုးလေးပဲ နှစ်ဦးသဘောတူ ခွဲခွာခဲ့ကြတယ်။ ကိုယ်တို့ဘဝရဲ့ အရေးအကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားမှာကို သိရက်နဲ့တောင်မှပေါ့။

“ဒုတိယမင်္ဂလာဆောင်”

ဒီမင်္ဂလာဆောင်ကိုလည်း ကိုယ်နောက်ကျပြန်ပြီ။ ပြီးတော့မင်းရဲ့ သတို့သားဖြစ်မယ့် အခွင့်အရေးမှာလည်း နောက်ကျခဲ့ရပြီ။ ပြီးတော့ ဒီမင်္ဂလာဆောင်တွေကို မုန်းတတ်လာပြီ။ စိတ်ဓာတ်အကျဆုံးအချိန်မှာ မင်းနဲ့တွေ့ခဲ့ပြီး နောက်ထပ် ကြည်နူးစရာညတစ်ညရခဲ့တယ်။ ဒီလိုညမျိုး ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ ခံစားချက်နဲ့အတူ ကိုယ်နှလုံးသားထဲမှာ ကျိတ်ငိုခဲ့ရတယ်။

“တတိယမင်္ဂလာဆောင်”

ကိုယ်အမုန်းဆုံးမင်္ဂလာဆောင်ပေါ့။ ကိုယ် မင်းကို ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်လင်းပြခဲ့ပေမဲ့ ဒီဖြစ်စဉ်ကြီးဖြစ်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ ကိုယ်ချစ်တဲ့သူက တခြားသူရဲ့ရင်ခွင်ထဲမှာရှိနေတာကို ကြည့်ရတာ အချစ်အပေါ်ထားတဲ့ကိုယ့်ရဲ့ ယုံကြည်မှု ကိုယ့်နှလုံးသားလို တစ်စစီ ကြေမွသွားခဲ့တယ်။

“သေဆုံးခြင်း”

ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်စိတ်တစ်ပိုင်း ပဲ့ကျသလိုပါပဲ။ သူ့ကို ဘယ်တော့မှမတွေ့နိုင်ဘူးဆိုတဲ့အသိနဲ့ ဝမ်းနည်းမှုမှာ အခါခါကျရှုံးရပေမဲ့ သူ့ကြောင့်ရခဲ့တဲ့ ပျော်စရာအချိန်တွေကို သတိရပြီး ကိုယ်နဲ့ သူ့ကိုခွဲလိုက်တဲ့ သေမင်းကို အနိုင်ယူလိုက်တယ်။ ဒီမှာသေမင်း မင်းသူ့ကိုခေါ်သွားလို့ရပေမဲ့ မင်း ငါတို့ရဲ့ ပျော်စရာအချိန်တွေကိုတော့ယူမသွားနိုင်ပါဘူးကွာ။

“စတုတ္ထ မင်္ဂလာဆောင်”

ကိုယ်အချစ်ကို လက်လျှော့ပြီး ကိုယ့်ရဲ့ အကြီးမားဆုံးရန်သူကို ထွေးပွေ့ဖို့ကြိုးစားမိတဲ့နေ့ပေါ့။ ဒါပေမဲ့ မင်းရောက်လာခဲ့တယ်။ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်ချက်ကို ပြန်နှိုးဆွပြီး အချစ်ကို ပြန်ခံစားမိစေခဲ့တယ်။ အချစ်ကို ယုံကြည်လာပြီး အချစ်အတွက် သတ္တိရှိစေခဲ့တယ်။ ကိုယ် ဒီနေ့မှာ မင်းကို ကတိတောင်းတယ်။ ကိုယ့်ကို ဘယ်တော့မှလက်မထပ်ပါနဲ့လို့။ မင်းကလည်း ကတိပေးတယ် လက်မထပ်ပါဘူး။ မင်္ဂလာဆောင်ခြင်းဆိုတဲ့ရန်သူကို အဝေးပို့ပြီး ကိုယ်တို့နှစ်ယောက် ချစ်ခြင်းနဲ့ပဲ တွယ်နှောင်ထားပြီး ဘဝကို တူတူဖြတ်သန်းကြဖို့ အစပြုခဲ့တဲ့နေ့လေးပေါ့…..။Four Weddings and a Funeral (1994) ဇာတ်ကားလေးက Comedy, Drama, Romance ဇာတ်ကားလေးဖြစ်ပြီးတော့ ပြုံးနေရင်း ကြည်နူးရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ 

 

Read More 0 comments


Rating : 4.0/10
Country : United state
Genre :   Action, Adventure, Comedy
Cast :  Jean-Claude Van Damme, Raul Julia, Ming-Na Wen
Released Date : 1994
Duration :  1h 4min 

အညွှန်း

ပရိတ်သတ်ကြီးအတွက် ဂျွန်ကလော့ဒ်ဗန်ဒမ်းရဲ့ Street Fighter ဆိုတဲ့ Action/Thriller/Sci-Fi အမျိုးအစား ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ဒီကားထဲမှာ ဗန်ဒမ်းကို A.N တပ်မှူးကြီး အက်ဖ်ဝီလီယံဂိုင်လ် အဖြစ်မြင်တွေရမှာဖြစ်ပြီး အခြားဇာတ်ဆောင်တွေများစွာလည်း ပါဝင်အားဖြည့်ထားပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ ကယ်ဆယ်ရေးလုပ်သား ၆၃ ယောက်ကို ပြန်ပေးဆွဲပြီး ပြန်ရွေးငွေ “ဒေါ်လာ ၂၀ ဘီလီယံ” တောင်းဆိုထားတဲ့ အာဏာရူးဗိုလ်ချုပ်အမ်ဘိုင်ဆန် လက်ကနေ ဒီဓားစားခံတွေကို ဗိုလ်မှူးကြီးဂိုင်လ်နဲ့ အဖွဲ့သားတွေ ဘယ်လိုလက်တွဲညီညီကယ်ဆယ်ကြမလဲဆိုတာကိ​ု ကြည့်ရှုခံစားလိုက်ကြပါစို့


 

Read More 0 comments


Rating : 7.8/10
Country : India 
Genre :   Comedy, Drama, Music 
Cast :  Shah Rukh Khan, Suchitra Krishnamoorthi, Deepak Tijori
Released Date : 1994
Duration :  2h 38min 

အညွှန်း

ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး““ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ“ဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို

ဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲအရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လားတဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလားလောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီးဇီးရိုးတွေအတွက်ရောရှိပါ့မလားဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲအခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲအရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့ဘယ်လောက်ဇီးရိုးကျလဲဆိုရင်မိသားစုထဲမှာမျက်နှာကောင်းမရအပေါင်းသင်းကြားထဲမှာမျက်နှာငယ်ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်းသူ့နာမည်ကတော့ဆူနီးလ်တဲ့ဟုတ်ပါတယ်အလုပ်အကိုင်မယ်မယ်ရရမရှိပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ဘာထူးခြားတာများရှိလဲအများနဲ့မတူထူးခြားတာဆိုလို့တေးဂီတဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦးဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူးသူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီးသူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲဘာကြောင့်လဲဆိုတော့ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ်ပညာအရည်အချင်းအလုပ်အကိုင်ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်းဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား…


 

Read More 0 comments


 

Rating : 6.4/10
Country : China
Genre : Action, Adventure, Comedy 
Cast : Jet Li, Chingmy Yau, Deannie Ip 
Released Date : 1994
Duration : 1h 35min

အညွှန်း
ဒီတစ်ခါဂျက်လီရဲ့1994ကထွက်ရှိခဲ့တဲ့ရှောင်လင်ကွန်ဖူးအက်ရှင်လေးပဲဖြစ်ပါတယ်…IMDB rating 6.4…Rotten Tomataes95အထိရထားပါတယ်ဇာတ်လမ်းကဟောင်းနေပေမယ့်အခုထက်အက်ရှင်ကွက်နေတဲ့ကောင်းဆဲပါ


 
ဂျက်လီရဲ့My Father Is Heroကားထဲမှာဂျက်လီသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ကလေးသရုပ်ဆောင်Tes Miuဟာဒီကားမှာလည်းဂျက်လီရဲ့သားအဖြစ်ပါဝင်ထားပါတယ်ဒီကားမှာဂျက်လီဟာတော်လှန်ရေးသမားဟုန်ရှီကွမ်အဖြစ်သရုပ်ဆောင်းထားပြီဂျက်လီရဲ့ကွန်ဖူးကားတွေမှာပါဝင်နေကြတုတ်သိုင်း..ဓားသိုင်း…လက်သီးသိုင်းမျိုးမဟုတ်ပဲ

ဒီကားထဲမှာဂျက်လီဟာလှံလက်နက်ကိုအသုံးပြုထားပြီးရိုက်ထားသလိုအရင်ခေတ်တွေကဒီနေ့ခေတ်တွေမာလိုကွန်ပျူတာဖန်းတီးချက်တွေလုံးဝမပါဝင်ပါဘူး ဒီဇာတ်ကားမှာဂျက်လီဟာThe Legend of Fong Sai Yukကားထဲကလိုမင်းသားတစ်ယောက်သာမကထုတ်လုပ်ရေးအပိုင်းမှာပါ ပါဝင်ထားတာလည်းဖြစ်ပါတယ်


 
ဇာတ်လမ်းကတော့တော်လှန်ရေးသမားဟုန်ရှီကွမ်မိသားစုဟာအစိုးရရဲ့သတ်ဖြတ်မှုကိုခံခဲ့ရပြီးသားဖြစ်သူမန်းတင်ဟာအသတ်မခံရဘဲအသက်ရှင်ခဲ့ပါတယ် ဒါပေမဲ့အတွင်းလူသစ္စာဖောက်တာကြောက်စရာကောင်းတယ်ဆိုတဲ့စကားအတိုင်းအဖွဲ့ထဲကလူဖြစ်တဲ့မာလင်းရည်ဟာဟုန်ရှီကွမ်းအပေါ်အမျိုးမျိုးသစ္စာဖောက်ပြီးလုပ်ကြံသတ်ဖြတ်ပါတယ်

ဒါပမဲ့ဟုန်ရှီကွမ်းရဲ့လှံတံကြောင်သေဆုံးခဲ့ရပါတယ်ဟုန်ရှီကွမ်းသတ်ခဲ့တဲ့သစ္စဖောက်မာလင်းရည်ဟာမသေပဲအဆိပ်ဘီလူးအသွင်ပြောင်းပြီရှောင်လင်ကျောင်းတော်မှာရှိတဲ့မင့်ရတနာမြေပုံကိုရယူကြိုးစားပါတော့တယ်ဒါပေမဲ့ဟုန်ရှီကွမ်းနဲ့တွေ့ပြီးမင့်မင်းဆက်ရတနာမြေပုံကိုသစ္စဖောက်မာလင်းရည်လက်ထဲရပါ့မလားဆိုတာရှုစားကြပါဦး

ဒီကားထဲမှာကွန်ဖူးသာမကထိုက်ချိကိုလည်းအသုံးပြုထားတာတွေ့ရပြီးဂျက်လီရဲ့အက်ရှင်ကားလေးကိုရှုစားကြပါအုံးခေတ်ကာလများကြာခဲ့ပြီဖြစ်လို့ရသမျှအကောင်းဆုံးအကြည်ကိုသာတင်ဆက်ပေးထားပါတယ်
Read More 0 comments


Rating : 6.9/10
Country : India 
Genre :  Drama, Thriller 
Cast :  Mithun Chakraborty, Om Puri, Sohum Shah
Released Date : 1994
Duration :  2h 50 min

အညွှန်း



” တကြိမ်လောက်ပဲ ဖြစ်ဖြစ် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ ပြောလိုက်”ဒီစကားက ဘယ်သူမဆိုပေါ့ ကိုယ်သိပ်ချစ်တဲ့ သူဆီက အလိုချင်ဆုံးစကားပဲ

ချစ်တယ်လို့ အပြောခံရဖို့ နှစ်တွေ အလီလီ အချိန်တွေ အကြာကြီးရင်းနှီးပေးဆပ်ကြရတယ် ့့့့့့အချစ်ဆိုတာ လွယ်မယောင်နဲ့ ခက်သလို ခက်ခဲမယ် ထင်ရပေမယ့် လွယ်သွားတာတွေလည်း အများသား

ဘယ်လိုကြိုးစားရင်ဖြင့် ချစ်လာပ်လိမ့်မယ်

ဘယ်လိုနည်းလမ်းသုံး

ဘယ်လို ချည်းကပ် ဆရာများစွာ သင်ကြားပေးနေပေမယ့် ဒီကိစ္စက မေးခွန်းမသိနိုင်တဲ့ စာမေးပွဲလိုပဲတဲ့

ဒါကြောင့်လည်း လူတွေပြောကြတာ အချစ်ကိစ္စမှာတော့ ဟိုလူ့ကို အတုယူ

ဟိုလူ့လို မလုပ်နဲ့ဆိုပြီး သင်ကြားပေးလို့မှမရပဲ

တကယ်လို သင်ကြားပေးလို့ရတောင် အချစ်သင်ရိုးညွှန်းတန်းက အမြဲပြောင်းလဲနေမှာပဲ ့့့့့့့့့တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ နည်းလမ်း မှန်မှန် ချစ်တတ်ဖို့ပါပဲ ့့့့

အခုပြောပြချင်တာကတော့ မိန်းကလေးတစ်ယောက် နည်းလမ်း ကျကျပဲ ချစ်မိတာလား

သူချစ်ပုံချစ်နည်း မှားတာလား ဒါပေမဲ့ ချစ်တာတော့ ချစ်တာပဲ ့့့့့

အဲ့ဒီ အချစ်တွေရဲ့ အကျိုးဆက်တွေပဲပေါ့ ့့့့့့့့့=======================================================ဇာတ်လမ်းအကြောင်းမပြောခင် SRK ဟာ ၁၉၉၃ မှာ Darr နှင့် ၁၉၉၄ မှာ Anjaam ဆိုပြီး ဗီလိန် ကာရိုက်တာနဲ့ နှစ်ကား ထွက်ရှိခဲ့တယ်

နှစ်ကားလုံး ကောင်းမကောင်း ပြောမနေတော့ဘူး Daar မှာ အကောင်းဆုံး ဗီလိန် ဇာတ်ရုပ်နဲ့ စကာတင် စာရင်းဝင်တယ်

Anjaam နဲ့ အကောင်းဆုံး ဗီလိန် ဇာတ်ဆောင်ဆု ရတယ််။SRK ရဲ့ သရုပ်ဆောင်မှုက ပြောစရာမရှိအောင်ပဲ

အရာရာကို ငွေနဲ့ဝယ် သိမ်းပိုက် ဘာပြသနာ ဖြစ်ဖြစ် ငွေနဲ့ပဲ ဖြေရှင်းပြီး မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့

စက်မှု လုပ်ငန်းစုကြီးရဲ့ ပုုိင်ရှင် ဗီဂျေးအဂူနီးဟိုသရီ ့့့့

အရာရာကို အထက်စီးကပဲ ဆက်ဆံတတ်ပြီး ကိုယ့်စိ်တ်ဝင်စားတဲ့ မိန်းကလေးကို စကားသွားပြောတာတောင်“ဒီကလပ်ထဲက မိန်းကလေးတွေ အကုန်လုံးက ကိုယ်သူတို့နဲ့ တွဲကကြပါစေဆိုပြီး မျှော်လင့်နေကြတာ ဒါပေမဲ့ ဒီအခွှင့်ရေး မင်းကို ပေးမယ်”အဲ့ဒီလို လူစားမျိုး နတ်ပြည်သွားမယ်ဆိုရင်တောင် ကောင်းမှု ကုသိုလ်နဲ့သွားမှာ မဟုတ်ဘူး ပိုက်ဆံနဲ့ လမ်းခင်းပြီး သွားမယ့် လူစားအရာရာကို အနိုင်ပိုင်း စိတ်ကြိုက် လုပ်ချင်သလို ဖြစ်နေတဲ့ သူကိုသွားသေလိုက်လေ ဆိုပြီး ငြင်းလွှတ်လိုက်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ကလပ်တစ်ခုမှာ ပထမဆုံး အကြိမ် စတွေ့ဖူးတာပဲသူမ နာမည်က ရှီဗာနီး ့့့့့့့နေရာတကာ မောက်မာပြီး ငါတကောကောနေတဲ့ ဗီဂျေး တစ်ယောက် သူမနဲ့ကျမှ နူးညံ့မှုဆိုတာသိလာတယ်

ကဗျာတွေ စာတွေကို ခံစားတတ်လာပြီ သီချင်းတွေတောင် ညည်းတတ်နေပြီပဲ

သူ့ကို ချစ်မိနေပြီကိုး ့့့့့့=======================================================ရှီဗာနီး ့့့့့ ရှီဗာနီးကတော့ အဲးအိန္ဒိယ လေကြောင်းလိုင်းရဲ့ လေယာဉ်မယ် တစ်ယောက်

အစ်မလင်မယားနဲ့ အတူနေပေမယ့် ရောဂါသည် မိန်းမဖြစ်သူကို ဂရုမစိုက်ပဲ

အချိန်ပြည့် အလောင်ကစားပဲ သိတဲ့ ခဲအိုဖြစ်သူနဲ့ လုံးဝ မတည့်ဘူး

မိန်းကလေး တစ်ယောက် ဖြစ်ပေမယ့် မဟုတ်မခံ ဆက်ဆက်ထိ မခံတဲ့ လူစားမျိုး

ဒါကြောင့်လည်း ဆရာဆိုဒ်နဲ့ လာလုံးတဲ့ ဗီဂျေးကို သွားသေလိုက်လို့ ပြတ်ပြတ်ပဲ ငြင်းလွှတ်လိုက်တာ ့့့့့=======================================================ဗီဂျေး တစ်ယောက် ရှီဗာနီးကို အသည်းအသန် ချစ်မိနေပြီ ့့့့့

အမေဖြစ်သူကို ဖွင့်ပြောပြီး မိသားဖသား ပီပီ တောင်းရမ်းပေးဖို့ ပူစာပါတော့တယ်အမေကလည်း ဒီသားလေး စိတ်တိုင်းကျ သွားတောင်းပေးပေါ့ သွားတဲ့ အချိန်မှာတော့ ့့့့့့ရှီဗာနီးရဲ့ အိမ်မှာ မင်္ဂလာဧည့်ခံပွဲ တစ်ခုကို မြင်လိုက်ရပါတော့တယ်သတို့သမီး ဖြစ်သူမှာ ရှီဗာနီး ဖြစ်နေတဲ့ အခါမှာတော့ ့့့့့့့့့့့့့=======================================================” ဟိုး ကောင်ကင်ယံက ကြယ်ကလေးတစ်ပွင့်

သူ ကျွန်တော့်ကို ချစ်နေမယ်လို့ ထင်ခဲ့မိတယ်(တဖက်သတ်)ချစ်ရပါသော ကြယ်ကလေး ကျွန်တော့်ကို ပေးလှည့်ပါဗျာမေမေက ဒီကြယ်လေးကို ကျွန်တော့် အတွက်ပေးခဲ့တာ “=======================================================နူးညံ့တဲ့ နှလုံးသားနဲ့ ပထမဆုံး အကြိမ် ချစ်ခဲ့မိတဲ့ မိန်းကလေးကို ဆုံးရှုံးလိုက်ရတဲ့ ဗီဂျေး တစ်ယောက် အရင်ထက်ပို ကြမ်းတမ်းသွားပါပြီှ

သူ့ဘဝသူ တွယ်တာရမှန်းတောင် မသိတော့ဘူး

အချိန်ရှိသ၍ အမဲလိုက်နေတတ်တယ်” အပြစ်မဲ့တဲ့ တိရစ္ဆာန် လေးတွေကို ဘာကြောင့် လိုက်သတ်နေရတာလဲ သားရယ်

ကျွန်တော် ကြိုက်လို့ အဲ့လို လုပ်ရတာကိုက အားရလို့ “” ငါပြောဖူးတယ် မဟုတ်လား ငါမရနိုင်တဲ့ အရာတစ်ခုကို ဖျက်စီးပစ်လိုက်တယ်လို့ “


 

Read More 0 comments


 

Rating : 5.9/10
Country : United State
Genre : Animation, Adventure, Family
Cast : Scott McAfee, Candace Hutson, Heather Hogan
Released Date : 1994
Duration : 1h 13min

အညွှန်း
၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The LandBefore Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ
Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆောသူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွေ ဒိုင်နိုဆောအမျိုးအစားတစ်ခုစီရဲ့ သဘာဝလေးတွေကိုပါသေသေချာချာလေး ထည့်ရိုက်ထားတာမို့ ကလေးလေးတွေရော လူကြီးတွေပါ ကာတွန်းကြည့်ရင်း ဗဟုသုတရစေမှာအမှန်ပါပဲ။ ပြီးတော့ ဒီကာတွန်းကားလေးမှာ သတိထားမိတာက ကလေးလေးတွေရဲ့ တကယ့် အပြုအမူနဲ့ စိတ်နေစိတ်ထားလေးတွေကို ထည့်ရိုက်ထားတာပါ။ စိတ်တိုလွယ်တဲ့ကလေး တစ်ခုခုဆို ကြောက်တတ်တဲ့ ကလေး သူများကို သနားတတ်တဲ့ကလေး ဘာမဆို စပ်စပ်စုစု လုပ်တတ်တဲ့ကလေးတွေ ပြီးတော့ သူတို့ရဲ့ အပြုအမူလေးတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လေးတွေကို ပြပေးထားတာက entertainment တင်မက ကလေးလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ဆုံးမရာမှာ တစ်နည်းနည်းနဲ့ အထောက်အကူပေးပါလိမ့်မယ်။ဒီတော့ အများကြီးတော့ မညွှန်းတော့ပါဘူး ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကြီးတွေက ဘယ်လိုနေကြလဲလို့ ကလေးလေးတစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ကျွန်မ ဒီဇာတ်ကားလေးကိုပဲ ပြဖြစ်မယ်ထင်ပါတယ်။ အိမ်မှာ ကလေးရှိတဲ့သူတွေရောကာတွန်းကားနှစ်သက်တဲ့သူတွေရော ဒီကာတွန်းကားလေးတွေကို မြည်းစမ်းကြည့်ပါ နောင်တမရစေရဘူးလို့ အာမခံပါတယ်နော်။
Read More 0 comments


 

Rating : 4.1/10
Country : United State
Genre : Comedy, Sport 
Cast : Jerry O'Connell, Flex Alexander, Mark S. Allen
Released Date : 2020
Duration : 1h 26min

အညွှန်း
ပေါ့ပေါ့ပါးပါး ဟာသကားလေးတွေမှ ကြည့်ချင်တယ်ဆိုတဲ့လူတွေအတွက် ball busterလာပါပြီဗျာ ဒီကားလေးက အမေရိကန် ဘတ်စကတ်ဘောသမားကြီး Rich Johnson(1946-1994)ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို ၈၃ရာခိုင်နှုန်းနဲ့အထက် referenceယူပြီးရိုက်ကူးထားတာပါ ငယ်စဥ်ထဲက ဖခင်ရဲ့ အပြင်းအထန်လေ့ကျင့်ပေးမှုတွေကြောင့် ဘတ်စကတ်ဘောမှာ proတစ်ယောက်ဖြစ်ပေမဲ့ တော်တော့်ကို ဂွကျတဲ့လူတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့တလွဲအပြုမူတွေကြောင့် အပစ်ပေးခံရပြီး ရန်ပုံငွေအသင်းနဲ့ နယ်လှည့်ရန်ပုံငွေရှာဖို့ အကြောင်းဖန်လာပါတော့တယ် ပွဲထဲမှာ အနိုင်ယူဖို့ကလွဲပြီးဘာကိုမှ ဂရုမစိုက်တဲ့လူတစ်ယောက် သူ့ရဲ့ကမ္ဘာငယ်လေးထဲကနေထွက်ပြီး အပြင်လောကမှာ လူမျိုးစုံနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ ဘယ်လိုတွေလွဲဦးမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ပြုံးပြုံးကြီးစောင့်ကြည့်ရမှာဖြစ်ပါတယ် (တစ်ချို့နေရာတွေမှာ မိုက်ကယ်သားစစ်ရဲ့ အမျိုးတွေလား ထင်မှတ်မှားရအောင် ယဥ်ကျေးကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ် ဘော်ဒါတွေနဲ့ ကြည့်ရင် ပိုခွီးရမှာပါ)
Read More 0 comments

 

Rating : 2.8/10
Country : United State
Genre : Action
Cast : Kane Kosugi, Cary-Hiroyuki Tagawa, Rade Serbedzija 
Released Date : 2014
Duration : 1h 30min

အညွှန်း
Tekken ဆိုတာကတော့ ဂိမ်းပလက်ဖောင်းအစုံနီးပါးကနေ ကစားလို့ရနေတဲ့ ဂျပန်လက်ဝှေ့ဂိမ်းနာမည်ပါ။ ဒီဂိမ်းကို 1994 ခုနှစ်ကနေ စတင်ထုန်ဝေခဲ့ပြီး လက်ရှိအချိန်အထိဆို Tekken 7 အထိ ဂိမ်းထွက်ထားပြီးပါပြီ။
ဒီ Tekken ကားလေးတော့ ဂိမ်းကို Live Action အနေနဲ့ အသက်ပြန်သွင်းထားတဲ့ ဇာတ်ကားပေါ့။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့….
တက်ခန်မြို့တော်ရဲ့ အပြင်ဘက်က အန်ဗေးလ် ဆိုတဲ့ ဆင်းရဲသားရပ်ကွက်ထဲမှာနေနေပြီး ကြေးမြင့်တဲ့ ပစ္စည်းတွေလိုက်ခိုးပေးနေတဲ့ ဂျင် ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။
တစ်နေ့မှာ ဂျင်ဟာ ငွေအတွက် တက်ခန်ရဲ့ ပစ္စည်းတစ်ခုကို ခိုးမိရာကနေ အဖွဲ့အစည်းကနေ ခြေရာပြန်ခံပြီး သူ့အိမ်ကို မီးရှို့ပစ်လိုက်ပါတယ်။
ဒီမှာတင် မီးရှို့တဲ့အထိ အမေပါသွားတဲ့အတွက် နာကျည်းပြီး တက်ခန်ရဲ့ခေါင်းဆောင်ကို ရအောင်သတ်ဖို့ တက်ခန်မှာတစ်နှစ်တစ်ခါကျင်းပတဲ့ သံမဏိလက်သီးပြိုင်ပွဲကို ရအောင်ဝင်ပြိုင်ဖို့ကြိုးစားရာကနေ….
ဒီကားထဲမှာ အဓိက ညွှန်းချင်တာကတော့ သူတို့ရဲ့ martial arts ပါ
တိုက်ကွက်တွေ ရိုက်ချက်တွေက တော်တော်ကို မိုက်ပါတယ်။
ဘယ်အချိန်ပြန်ကြည့်ကြည့် မိုက်နေဆဲ ဆိုတဲ့အထဲမှာပါပါတယ်။
မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။
ကြည့်ပြီးသားဆိုရင်လည်း ဇာတ်ကားကောင်းလေးမို့ တစ်ခေါက်ခေါက်ပြန်ကြည့်ကြည့်ဖို့ကို တိုက်တွန်းချင်ပါတယ်။
Read More 0 comments