Rating : 8.9/10
Country :India
Genre :Crime,Drama,Thriller,India Movie,
Released Date : 2022
Duration :  2h 20min
 
 
အညွှန်း

Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ
ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက်
အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်
သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး
သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး

လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ
အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်
သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့

ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ
ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ
ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား...

 

Read More 0 comments


 

Episodes : 8
Country : Korea
Released Date : 2022
 
 

အညွှန်း

 Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့

ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယား

ရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..

ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့

Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်…

ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့

ပြည်သူတွေရှိခဲ့ကြတယ်…ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်း

အစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာ

ငွေရအလွယ်ဆုံးက လောင်းကစားပဲ…ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့

ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်

သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီး

ဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့…

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

The Policeman’s Lineage, My Name စတဲ့ အကြမ်းစားကားတွေနဲ့လန်းခဲ့တဲ့မင်းသားကြီး Park Hee Soon နဲ့
Watcher, Undercover, Hellbound တို့မှာ မိမိုက်ခဲ့တဲ့ မမလှလှ Kim Hyun Joo တို့
နှစ်ယောက်ကိုအတွဲညီညီတွေ့ရဦးမယ့် ပဟေဠိဆန်ဆန် နိုင်ငံရေးနဲ့မှုခင်းကားသစ်လေးပါ။
ဒယ်ဟန်ပါတီအဖွဲ့ဝင် ရှင်းယန်းဂူကိုယ်စားပြု လွှတ်တော်အမတ် “နမ်ဂျွန်းဒို” က အသက်အရွယ်အားဖြင့်
တခြားပါတီတွေကအမတ်ကြီးတွေထက် ပိုငယ်ရွယ်ပြီး ပြည်သူတွေရဲ့စကားသံကိုလည်း အလေးထားနားထောင်ပေးတတ်တဲ့သူမို့
အမတ်တစ်ယောက်အနေနဲ့ ဂုဏ်သတင်းကျော်စောသူတစ်ယောက်ပေါ့။ နိုင်ငံတော်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့ “နမ်ဂျွန်းဒို” က ဇနီးနဲ့သားသမီးတွေအပေါ်လည်း နွေးထွေးပေးသူတစ်ယောက်ပါ။
တစ်ချိန်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရာကနေ လက်ရှိမှာ စာအုပ်ပြုပြင်ထိမ်းသိန်းရေးဆိုင်လေးဖွင့်ထားတဲ့ ဇနီးဖြစ်သူ “ဂင်ဟယ်ဂျူး” ကလည်း
တစ်ဖက်တစ်လမ်းကနေ အကူအညီလိုနေတဲ့ပြည်သူတွေကို အားပေးကူညီပေးတတ်တဲ့ စိတ်ထားကောင်းသူတစ်ယောက်ဆိုလည်းမမှားပါဘူး။
ဒီလိုလူမှုရေးလုပ်ငန်းတွေကိုလုပ်နေတဲ့သူတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့မဲဆွယ်ပွဲတွေ လူမှုရေးလုပ်ငန်းတွေကို လိုက်ကူညီပေးလေ့မရှိသလို
သူ့ကိုယ်သူအမတ်ကတော်ဆိုတာကို သမီးဖြစ်သူရဲ့သူငယ်ချင်းမိဘတွေကိုတောင် အသိမပေးဘဲဖုံးကွယ်ထားသူပါ။
ဒီလိုနဲ့တစ်နေ့မှာ အိမ်ကထွက်ပြေးသွားတဲ့သမီးဖြစ်သူကိုလိုက်ရှာရာကနေ သက်သက်အိမ်ခွဲနေတဲ့
အရွယ်ရောက်သားဖြစ်သူရဲ့အလောင်းကို မူးယစ်ဆေးတွေနဲ့အတူ မသင်္ကာဖွယ်အနေအထားနဲ့ရှာတွေ့လိုက်ရတဲ့အခါမှာ ..။
နိုင်ငံ့အရေးကိုဆောင်ရွက်နေတဲ့ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်သူက ဥပဒေနဲ့မကင်းတဲ့အလုပ်တွေနဲ့နွယ်နေတဲ့အခါ
ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ .. သူတို့လင်မယားကြားမှာရော အများမသိတဲ့ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲ ..။

 

 

 

Read More 0 comments


 

Rating : 5.9/10
Country :United state
Genre :Comedy,Crime,Thriller,India Movie,
Released Date : 2022
Duration :  2h 11min
 
 
အညွှန်း
ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့
အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ်
မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး
ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်

ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ
ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါ

သူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ
သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ်
မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ်

ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့
အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ်
တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ်
ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့…။
ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲ ...

 

Read More 0 comments


Rating : 6.9/10
Country :Philippines
Genre :Thriller,Philippines Movie,
Released Date : 2022
Duration :  1h 38min
 
 
အညွှန်း
ဇာတ်ကားနာမည်က Greed တဲ့ .. လောဘပေါ့။ လောဘ​တရားဟာ ဘယ်ဘာသာရေးမှာမဆိုရှိတယ်။ ခရစ်ယာန်မှာလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓဘာသာအလျောက် ပြဌာန်းထားတာတွေရှိတယ်။ လောဘ​အကြောင်းကတော့ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။

ဇာတ်လမ်းအကျဉ်း …

တွမ်မီ၊ ကီချီ၊ သာဒုံ ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့၃ယောက်ဆီ ထီလက်မှတ်တစောင်ရောက်လာပြီး သူတို့ ၃ယောက်စလုံးကို ထီလက်မှတ်အသွင်နဲ့ ရောက်လာတဲ့ လောဘတရားက တဖြည်းဖြည်း ဘယ်လို ဝါးမြိုသွားမလဲ ..
 

 

 

Read More 0 comments


 

Rating : 6.9/10
Country :Korea
Genre :Action,Drama,Horror,Korea Movie,
Released Date : 2022
Duration :  1h 50min
 
 
အညွှန်း
 
Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအညွှန်း …

ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။

ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။

လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။

အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ...

 

Read More 0 comments


Rating : 6.4/10
Country :Korea
Genre :Thriller,Korea Movie,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
ဇာတ်လမ်းအစမှာတော့ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက ကျောင်းသား နှစ်ယောက်ကို သူတစ်ပါး ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ‌ပုံတွေကို ရိုက်ကူးတဲ့အတွက် ပြစ်ဒဏ်ပေးတာနဲ့ စတင်ထားပါတယ်။

အပြစ်ပေးခံရတဲ့ထဲက တစ်ယောက်က ရိုးသားကြိုးစားဖိုးသခွားလေး … ဆိုလ်းတက္ကသိုလ်ကို သွားမယ့်သူဆိုပြီးတော့ ဆရာတွေ နှုတ်ဖျားမှာ နာမည်ကြီးနေတဲ့ အန်ဂျီဟို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောက်ဖဖြစ်လာမဲ့ အင်ဆောင်းမင်းတို့ဖြစ်တယ်။

ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို စိတ်ကူးယဉ်နေသူပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ‌ကောင်းမှုကြောင့် လက်မထပ်ရသေးခင်မှာ ကလပ်မှာသွား ကောင်မလေး နှစ်ယောက်နဲ့ သာယာပြီး မမေ့နိုင်စရာကောင်းတဲ့ ညလေး တစ်ညဖြစ်ခဲ့တယ်။

ပျောက်ဆုံးသွားတဲ့ အဲ့ဒီညကမှတ်ဉာဏ်တွေနဲ့အတူ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းဝင်လာတဲ့အခါ …
သာယာတဲ့ အိမ်ထောင်ရေးဘ၀‌လေးကို စိတ်ကူးယဉ်ခဲ့တဲ့ ဒိုယူဘင်း တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာလိုက်ကြစို့နော်။

 

 

Read More 0 comments


Rating : 8.1/10
Country :United state
Genre :Action,Adventure,Fantasy,
Released Date : 2022
Duration :  3h 12min
 
 
အညွှန်း
2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar
ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကို တင်ပေး
ထားပါတယ်။ HDTC ကွာလတီပဲဖြစ်တာမို့ HD အစစ်တွေလိုတော့
မကြည်သေးပါဘူး။ ခိုးရိုက်အဆင့်တွေထက်တော့ ကြည်ပါတယ်။
ဖြစ်နိုင်ရင်တော့ ကြည်တောက်ရှင်းကို စောင့်မှပဲ ဇာတ်ကားထဲက
အလှအပတွေကို သေချာခံစားလို့ရမှာပါ။ ဒါပေမဲ့ အရမ်းကိုကြည့်
ချင်လို့တောင်းနေတဲ့သူတွေလည်း ရှိနေတော့ တင်ပေးထားလိုက်
ပါတယ်။

ဇာတ်လမ်းအကျဉ်း
……………………….
ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ
တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင်
လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ
သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး
လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ
တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ
အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း
ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။

အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း
ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ
အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့
ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။

 

 

Read More 0 comments


 

Episodes : 40
Country :China
Released Date : 2022
 
 

အညွှန်း

အခုတစ်ခေါက်မှာတော့ Reset ဇာတ်ကားလေးနဲ့

အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ မင်းသားလေး (Bai Jing Ting) နဲ့

ချစ်စရာကောင်းတဲ့မင်းသမီးလေး (Tian Xi Wei)တို

လိုက်ဖက်ညီစွာရိုက်ကူးထားတဲ့ ရိုမန့်ဟာသကားလေးကို

တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်ကြောင်းလေးကတော့…

သခင်လေး ၆ယောက်အတွက်သတိုသမီးရွေးပွဲတစ်ခုကြောင့်

ရှင်းချွမ်းမှာမိန်းကလေးတွေအားလုံး စု‌ဝေးနေကြပါတယ်။

ရှင်းချွမ်းရဲ့နာမည်ကြီး ဂုဏ်သရေရှိသခင်လေး ၆ ယောက်မှ

ပါဝင်ပေမယ့်လည်း သိုသိုသိပ်သိပ်နေထိုင်တတ်သူ ယင်ကျန့်၊

သတိုသမီးအဖြစ် ရွေးချယ်မခံရဘဲ ဘဝကိုကြိုးစားဖြတ်သန်းရင်း

သက်သောင့်သက်သာနေချင်သူ လီဝေ၊

သူတိုနှစ်ဦးဟာ ကြမ္မာဖန်ပြီး မထင်မှတ်ဘဲ

အလွဲလွဲအမှားမှားနဲ့ တွေ့ဆုံခဲ့ကြပါတယ်

နှစ်ဦးသားအတူတူနေထိုင်ကာ

တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းကူညီရင်း

တဖြည်းဖြည်းမေတ္တာတွေတိုးလာခဲ့ကြတယ်။

ယင်ကျန့်တစ်ယောက် ရုံးတော်အရာရှိတစ်ယောက်

ဖြစ်လာတဲ့အချိန်မှာလည်း သူတိုရဲ့အမြင်တွေတူညီကာ

နှလုံးသားချင်း ထပ်တူကျခဲ့ကြလာပြီး ဘယ်လိုအချစ်တွေပိုကြမလဲ

ကျန်တဲ့သခင်လေး ၅ယောက်ကရော

သူတိုသမီးလောင်းရွေးချယ်ပွဲက အလျောင်းအလျာတွေနဲ့

ဘယ်လိုအလွဲတွေ ရင်ခုန်စရာတွေဖြစ်ကြမလဲ ..

 

Read More 0 comments


 

Episodes : 25
Country :China
Released Date : 2022
 
 

အညွှန်း

ရှေးခေတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်…

ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်…..

ယဲ့လင်စွမ်းနဲ့ ချီဟိုင်‌ရွေတိုဟာ ယဲ့ပေပြည်ရဲ့မြက်ခင်းလွင်ပြင်မှာ

အတူတူကြီးပြင်းခဲ့ကြပြီး မျိုးနွယ်စုကလူတွေရဲ့ ပစ်ပယ်မှုကိုခံနေရတဲ့

ယဲ့လင်စွမ်းအပေါ်မှာ ယဲ့ပေရဲ့မင်းသမီး(၇) ဖြစ်တဲ့ ချီဟိုင်ရွေကတော့

အမြဲဖေးမကူညီပေးခဲ့ပါတယ် အဲ့ဒါကြောင့်လည်း

လင်စွမ်းတစ်ယောက် မင်းသမီးအပေါ်မှာ တစ်သက်လုံး

သစ္စာခံသွားမယ်လို ဆုံးဖြတ်ထားခဲ့ပါတယ်…..

ယဲ့ပေကို သိမ်းပိုက်ချင်တဲ့ တချောင်ပြည်ရဲ့ ဧကရာဇ်ကောင်း ယွိရှိးမင်ကတော့

ထိမ်းမြားလက်ထပ်ပွဲကို ငြင်းပယ်မှာ သေချာနေတဲ့ ချီဟိုင်ရွေကို

တောင်းရမ်းခဲ့ပါတယ် ဘာလိုဒီလိုလုပ်ရတာလဲဆိုရင်

နှစ်ပြည်စစ်ဖြစ်ပွားတော့မှ ယဲ့ပေကို သိမ်းပိုက်နိုင်မှာမိုလိုပါပဲ….

တိုင်းပြည်နဲ့ ပြည်သူတွေကို ဒုက္ခမရောက်စေချင်တဲ့

မင်းသမီးလေးရဲ့ ဆုံးဖြတ်ချက်ကတော့

ကိုယ့်ကိုယ်ကိုယ် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီး

အဆုံးစီရင်သွားခြင်းပဲဖြစ်ပါတယ်…

ယဲ့ပေပြည်လည်း ပြိုလဲပြီး အချစ်ရဆုံးသူငယ်ချင်းကိုလည်း

ဆုံးရှုးလိုက်ရတဲ့ ယဲ့လင်စွမ်း တစ်ယောက်

ပိုင်လုဆိုတဲ့ နာမည်ကိုပြောင်းပြီးနောက်မှာတော့

တချောင်ရဲ့ နန်းတွင်းထဲကိုဝင်ရောက်ပြီး

ဧကရာဇ်ကောင်းကို လုပ်ကြံဖို တချောင်ပြည်ကိုရောက်ရှိလာခဲ့ပါတယ်….

အဲ့ဒီနောက်မှာတော့ လက်စားချေဖိုရောက်လာတဲ့ ပိုင်လုနဲ့ ယွိရှိးမင်တို

မေတ္တာရှိသွားခဲ့ပြီးနောက်ပိုင်းမှာ အချစ်က လူတွေကို

ထုံထိုင်းသွားစေနိုင်တာကြောင့် ယဲ့လင်စွမ်းတစ်‌ယောက်

ကလဲ့စားချေမယ့်အစီစဉ်ကို ဆက်လုပ်ဖြစ်သွားမှာလား……..

ဒီကားလေးရဲ့ Casts တွေအနေနဲ့ကတော့

-Prince of Lanling ,The story of Minglan ထဲကမင်းသား

Feng Shaofeng က တချောင်ပြည်ရဲ့ ဧကရာဇ် ယွိရှိးမင်အဖြစ်

– Goodbye my princess ထဲက မင်းသမီး

Peng Xiaoran က ယဲ့လင်စွမ်း(ပိုင်လု)အဖြစ်

– Nine percent အဖွဲဝင်ဟောင်းလည်းဖြစ်သလို

Next အဖွဲ ခေါင်းဆောင်လည်းဖြစ်တဲ့ Zhu Zhengting က ယိဝူယိုးအဖြစ်

ပါဝင်ထားကြတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့ casts ကောင်းကောင်းတွေပါဝင်

 

Read More 0 comments


 

Episodes : 124
Country : Korea
Released Date : 2022
 
 

အညွှန်း

Young Ih ဆိုတဲ့ကောင်မလေးဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ကျခဲ့ပြီး ချစ်စရာသမီးလေးထွန်းကားခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ခင်ပွန်းသည်ကတော့ ဆုံးပါးသွားခဲ့ရှာတယ်။

အဲ့ဒီနောက် သမီးလေးအနာဂတ်လှပရေး အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်ရှာတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ခင်ပွန်းမျက်ကြည်လွှာကို ယူပြီး ကုသပေးခဲ့တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ …

ဘာတွေဆက်ဖြစ်မလဲ?

 

Read More 0 comments


 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

Baek Dong Ju (Hyeri) က နာရေးကူညီမှုက ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သေသွားတဲ့လူတွေကို မြင်နိုင်၊ ပြောဆိုနိုင်တဲ့ အထူးစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားပါတယ်။ သေသွားတဲ့လူတွေဟာ Dong Ju ဆီကို သူတို့ရဲ့ နောက်ဆုံးဆန္ဒကို တောင်းဆိုတယ်။ တကယ်လို့ Dong Ju က မလုပ်ပေးဘူးဆိုရင် အဲ့နေ့တစ်နေ့လုံး ကံဆိုးမှုတွေကို ကြုံရမှာပါ။

 

Kim Jib Sa (Lee Jun Young) ကတော့ ဦးလေးဖြစ်သူပိုင်ဆိုင်တဲ့ “အီဒန်းဘဲ့” ကုမ္ပဏီက ဝန်ထမ်းဖြစ်ပြီး “အီဒန်းဘဲ့” ဆိုတာကတော့ တစ်နေ့ကို ဝမ် 100 ကနေစပြီး ဖောက်သည်တွေ တောင်းဆိုသမျှ အလုပ်အားလုံးကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း‌မျိုးပါ။

 

Baek Dong Ju နဲ့ Kim Jib Sa တို့နှစ်ယောက် အလုပ်တူတူလုပ်ကြရင်း သေသွားတဲ့ ဝိညာဥ်တွေရဲ့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်းနဲ့ ဖြစ်လာမယ့်အလွဲအချော်လေးတွေကြားထဲက သူတို့ရဲ့ Romance လေးတွေကို ကြည့်ရှုရမှာပါနော်။

 

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

METHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ်
ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါ

မာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်
ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်

ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ
အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ်
အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ်
ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့
မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါ

ဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ရာထူးတူညီစွာပဲ မန်နေဂျာအဖွဲ့မှူးရာထူးကိုရထားတာပါ
ဒါပေမဲ့ ဂျောင်ဂျွန်ကတော့ ဂျယ်အင်နဲ့ဆန့်ကျင်ဘက် သိမ်မွေ့ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်နေပါတယ်

တစ်နေ့ သူတို့ဝါရင့်မန်နေဂျာတွေကြားထဲ မန်နေဂျာလက်သစ်လေး ဆိုဟျွန်းဂျူရောက်လာတဲ့အခါ…
လူသစ်လေးဖြစ်တဲ့ ဆိုဟျွန်းဂျူတစ်ယောက် မန်နေဂျာတွေရဲ့ နေ့စဉ်ဒုက္ခတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား
သူမရထားတဲ့အလုပ်ကို သေချာလုပ်နိုင်မလားဆို ဘယ်လိုအခက်အခဲလေးတွေ အလွဲလေးတွေ ဖြစ်မလဲ...

 

 

 

Read More 0 comments


Episodes : 12
Country : Korea
Released Date : 2022
 
 

အညွှန်း

မင်းသမီး Shin Ye Eunက ဒီကားထဲမှာ Ok Chan Miဆိုတဲ့ ၁၉နှစ်အရွယ်ကျောင်းသူလေးဖြစ်ပြီးတော့
အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။

All of Us are dead ထဲက အားလုံးရဲ့အချစ်တော် Lomonကတော့
မိခင်ဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heonအဖြစ်ပါဝင်ထားပါတယ်။

Ok Chan Miဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့သေဆုံးမှုရဲ့နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ကြိုးစားနေခဲ့ပြီး
Ji Soo Heonကတော့ အနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။

ရည်ရွယ်ချက်ချင်းမကွာကြတဲ့ နှစ်ယောက်သားတွေ့ဆုံကြပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့
သည်းထိပ်ရင်ဖိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဦးမှာအသေချာပါပဲ။

School Dramaကို Thriller အမျိုးအစားနဲ့ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။

မျှော်နေတဲ့လူတိုင်းအတွက်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့လို့ အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

 

Read More 0 comments


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ဒီတစ်ခါ series အသစ်လေးမှာတော့ kdrama fan တွေနဲ့ရင်းနှီးပြီးသား

ဝါရင့်သရုပ်ဆောင်အကျော်အမော်တွေပါဝင်သလို

Ha Ji Won ရဲ့ 2022 Comeback drama တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။
Ja Geum Soon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့လမ်းမှာ ခင်ပွန်းနဲ့ကွဲကွာပြီး

တောင်ကိုရီးယားကို တစ်ယောက်တည်းလွတ်မြောက်လာရာကနေ

အောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်သူဌေးမအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပါတယ်။

အသက်တွေကြီးလာတဲ့အခါ သူကိုယ်တိုင်တောင်မမြင်ဖူးတဲ့ မြောက်ကိုရီးယားကမြေးဖြစ်သူကို

မသေခင်တွေ့သွားချင်တာကြောင့် အပူတပြင်းလိုက်ရှာပါတော့တယ်။

သူဌေးမရဲ့လက်ထောက်ကတော့ သခင်စိတ်ချမ်းသာပါစေ ဆိုတဲ့

ရည်ရွယ်ချက်နဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ကို အစားထိုးဖို့ဖြစ်လာတဲ့အခါ…

ဘယ်လို အလှည့်အပြောင်းတွေဖြစ်လာမလဲ...

 

 

Read More 0 comments


Episodes : 6
Country : Korea
Released Date : 2022
 
 

အညွှန်း

ဒုံဆူတစ်ယောက် ကိုယ်တွင်းအင်္ဂါကူးသန်းရောင်း၀ယ်ရေးအဖွဲ့ဆီမှာ


ပြန်ပေးဆွဲခံလိုက်ရပြီး မျက်လုံးတစ်ဖက်ပါ ဖောက်ထုတ်ခံခဲ့ရတယ်…

နောက်ပိုင်းကျ ဒုံဆူတစ်ယောက် တစ်စုံတစ်ခုကိုစတင်မြင်လာရတဲ့အခါ သူ့ရဲ့မျက်လုံးကို

တောင်ကိုးရီးယားတစ်နိုင်ငံလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ ကွင်းဆက်လူသတ်သမားကို

အစားထိုးပေးလိုက်တာဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီး

လူသတ်သမားမြင်‌ရတာတွေကို အတူတူလိုက်မြင်နေရတဲ့ ဒုံဆူဟာ

နောက်ထပ်လူမသတ်နိုင်အောင်တားဖို့အတွက် အဲဒီလူသတ်သမားကို လိုက်ရှာပါတော့တယ်…

Jung HaeIn, Go KyungPyo နဲ့ Kim Hye Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့

၆ပိုင်းပါရှိပါတယ်..

ဂျပန်ဒါရိုက်တာကြီး Takashi Miike က ရိုက်ကူးပေးထားပြီး Jung Hae in ရဲ့ သရုပ်ဆောင်ချက်အသစ်အဆန်းတွေကို

တွေ့မြင်ရဦးမဲ့ ဇာတ်ကားသစ်လေးဟာ ဒီနေ့ပဲ ၆ ပိုင်းလုံးထွက်ရှိသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး….

 

 

Read More 0 comments


Rating : 4.8/10
Country :United State
Genre :Horror,Sci-Fi,Thriller,
Released Date : 2022
Duration :  2h
 
 
အညွှန်း
 
တစ်နေ့ ပင်ကန်မြို့နယ်က ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့ဥတစ်လုံးကို တွေ့ခဲ့ပါတယ်
ဥက သာမန်ဥတစ်လုံးလိုမဟုတ်ဘဲ တော်တော် ကြီးမားတဲ့ဥပါ…ကလေးမလေးလည်း ကလေးတို့ရဲ့ထုံးစံအတိုင်း ဥကို အိမ်ယူလာတာပေါ့

ဒါပေမယ့် သူယူလာတဲ့ ဥက ထူးဆန်းတဲ့သတ္တဝါကြီးရဲ့ဥဖြစ်နေတဲ့အခါ….

သတ္တဝါကြီးလည်း သူ့ဥပျောက်သွားလို့ လိုက်လံရှာဖွေပြီး မြို့တွေထဲထိ၀င်လာကာာ လူတွေကို လိုက်လံ သတ်ဖြတ်တဲ့နောက် ဒီသတ္တဝါကြီးရဲ့အန္တရာယ်ကို သူတို့ ဘယ်လို ဖြေရှင်းသွားကြမလဲ..

 

 

Read More 0 comments


 

 

Rating : 5.9/10
Country :United state
Genre :Action,Adventure,Drama,
Released Date : 2022
Duration :  1h 41min
 
 
အညွှန်း
 
နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။
နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။

ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။

အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။

 

Read More 0 comments


Rating : 4.7/10
Country :India
Genre :Action,Adventure,Crime,India Movie,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့
မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့
စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ်
ထွက်ရှိလို့ လာခဲ့ပါပြီ

ဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး
နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့
ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်
ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက
တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး
သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်

ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး
စကားတွေလည်း အများကြီးပြောပါတယ်
ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး
စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်

အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို
မရမက အတင်းလာမယ်လုပ်ပြီး
ရောက်လာတဲ့အချိန်မှာတော့..

သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို
လုပ်ခဲ့ပါတော့တယ်

သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ
ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့
ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ
စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်

 

 

 

Read More 0 comments


Rating : 7.5/10
Country :India
Genre :Crime,Drama,Thriller,India Movie,
Released Date : 2022
Duration :  2h 15min
 
 
အညွှန်း
 
တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။
သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။
မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့
တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။

ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊
ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။

ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။
ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။
တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့
လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။

 

 

Read More 0 comments