Halo (2022)


 

 

Episodes : 9 (Season 1)
Country : United State
Released Date : 2022
 
 

အညွှန်း

Halo ဆိုတာ ဒီမှာတော့လူသိနည်းလောက်ပေမယ့် တခြားနိုင်ငံတွေမှာ တော်တော်ကြီးအောင်မြင်ခဲ့တဲ့ Sci-fi ဂိမ်းစီးရီးဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်အတော်ကျယ်ပြန့်ခိုင်မာတာမို့ live action ဇာတ်လမ်းတွဲအဖြစ်ပြန်ပုံဖော်ခံရတာ ကွက်တိပဲလို့ပြောရမှာပါ။1883, Mayor of Kingstown တို့လိုအမိုက်စားစီးရီးတွေထုတ်ထားတဲ့ Paramount + ကဆိုတော့ အပြင်အဆင်အထူးပြုလုပ်ချက်ပိုင်းတွေ ရုပ်ရှင်ကားကြီးလိုဖြစ်နေမှာပြောစရာမလိုပါဘူး။ အပိုင်း ၉ ပိုင်းရှိပြီး တစ်ပတ်တစ်ပိုင်း ပြသသွားမှာဖြစ်ပါတယ်။
Halo အကြောင်းပြောရင် Master chief အကြောင်းကစပြောရမှာပါ။The witcher က Geralt၊ The mandalorian က Din Jarin တို့လို Halo မှာလည်း အပိုစကားတွေမပြောပဲ မျက်နှာမပြပဲ ပွဲကြမ်းတဲ့ master chief ခေါ် John-117 ရှိပါတယ်။ကလေးဘဝကတည်းက စူပါတပ်သားဖြစ်လာအောင် သင်တန်းပေး စမ်းသပ်ခံခဲ့ရသူတစ်ယောက်ပါ။Spartan လို့ခေါ်တဲ့ ထိုအထူးတပ်သားတွေကိုဖန်တီးရာမှာ စမ်းသပ်မှုဒဏ်တွေကို လူနည်းစုသာခံနိုင်ပြီး အသက်ရှင်နိုင်ပါတယ်။
Covenant ဆိုတဲ့ ဂြိုလ်သားမျိုးနွယ်အင်ပါယာကြီးဟာ Forerunner လို့ခေါ်တဲ့ရှေးဦးဂြိုလ်သားတွေဖန်တီးခဲ့တဲ့ Halo ယန္တရားကြီးတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားရာမှ လူသားမျိုးနွယ်နဲ့ covenant စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး Master chief ဦးဆောင်တဲ့ Spartan တပ်သားတွေဟာ covenant တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။

0 comments:

Post a Comment