All The Old Knives (2022)


 

 

Rating : 6.1/10
Country : United State
Genre : Thriller
Released Date : 2022
Duration : 1h 41min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

CIAဆိုတဲ့စကားလုံးဟာ မကောင်းမှုကျူးလွန်သူတွေ ရာဇဝတ်သားတွေအတွက်ငရဲပါပဲ။ ရာဇဝတ်မှုတွေကို စွမ်းစွမ်းတမံနှိမ်နင်းလို့ ‌တစ်ကမ္ဘာလုံးက ပြည်သူတွေကိုအန္တရာယ်အသွယ်သွယ်က ကာကွယ်ပေးနေတဲ့အဖွဲ့အစည်းဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ CIAကလည်း လူသားတွေပဲဆိုတော့ ကျရှုံးမှုတွေနဲ့ မကင်းခဲ့ပါဘူး။

အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက လေယာဉ်တစ်စီးကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါကိုဌာနချုပ်က ကြိုတင်သတင်းရခဲ့ပေမယ့် နောက်ဆုံးမှာ CIAက လေယာဉ်ပေါ်ပါလာသူတွေကို မကယ်တင်နိုင်ခဲ့တဲ့အတွက် အကြမ်းဖက်အဖွဲ့အပါအဝင် လူအယောက် ၁၀၀ကျော် အသက်ဆုံးရှုံးလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ဟာ CIAအတွက် အကြီးမားဆုံးအမည်းစက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ၂၀၂၀ မှာ‌တော့ CIAအဖွဲ့က လွန်ခဲ့တဲ့ ၈ နှစ်က အကြမ်းဖက်မှုရဲ့ကြိုးကိုင်သူ Ilyasကို ဖမ်းမိချိန်မှာတော့ သူတို့ဌာနမှာ သူလျှိုတစ်ယောက်ရှိနေတာကို သိလိုက်ရပေမယ့် ကံဆိုးစွာနဲ့ CIAကလက်လွန်ပြီး Ilyasဆီက နာမည်မသိလိုက်ရခင် သေဆုံးသွားတဲ့အခါမှာတော့ CIAရဲ့ အထက်မြက်ဆုံးအေးဂျင့်တစ်ယောက်ဖြစ်သူ Henryဟာ ရရှိထားတဲ့ သဲလွန်စတစ်ချို့နဲ့ သံသယရှိသူလည်းဖြစ် တစ်ချိန်ကလုပ်ဖော်ကိုင်ဖက်လည်းဖြစ် ရင်ထဲကတစ်ယောက်သောသူလည်းဖြစ်တဲ့ Celiaကို စုံစမ်းစစ်ဆေးဖို့ Camel-by-the-Seaဆိုတဲ့ ကမ်းခြေမြို့လေးကို ရောက်လာပါတော့တယ်။ တစ်ချိန်က ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းနဲ့ လွန်ခဲ့တဲ့ ၈ နှစ်က အဖွဲ့တွင်းသူလျှိုကို သူတို့်ဘယ်လိုပုံစံနဲ့ ဖော်ထုတ်သွားမလဲ။ လွန်ခဲ့တဲ့ ၈ နှစ်က လေကြောင်းလိုင်း ၁၂၇ မှာ ဘာတွေဖြစ်ခဲ့တာလဲ။ Ilyasကရောဘာလို့ CIAရဲ့သတင်းပေး ဖြစ်ခဲ့ဖူးပေမယ့် CIAကို အငြိုးထားလို့ လူ ၁၀၀ ကျော် သတ်ဖြတ်ရလောက်အောင် ဘယ်လိုဇာတ်လမ်းတွေရှိနေလဲ။ ဇာတ်ဆရာရဲ့ ရှုပ်‌ထွေးနေတဲ့ကြားမှာ မထင်မှတ်ထားတဲ့ လူ ၁၀၀ ကျော်သေဆုံးမှုရဲ့တရားခံတစ်ဖြစ်လည်း CIAရဲ့သူလျှိုက ဘယ်သူဖြစ်မလဲဆိုတာကို ဒီ All the Old Knivesဆိုတဲ့ရုပ်ရှင်လေးကို ကြည့်ရှုရင်းနဲ့ ပဟေဠိအဖြေညှိလိုက်ကြပါစို့။

0 comments:

Post a Comment