Country :United State
Duration : 1h 37min
အညွှန်း
ဒီဇာတ်ကားက အတော်တော့ ထူးဆန်းတယ်။
တစ်ကားလုံးရဲ့ 80 % လောက်ကို ကားတစ်စီးထဲမှာပဲ one-shot သဘောမျိုးရိုက်ပြထားတာဖြစ်ပါတယ်။
ဘတ်ဂျ်ဟာ ၇ နှစ်တာ မူးယစ်အရောင်းအဝယ်လုပ်ပြီးနောက် နောက်ဆုံးတစ်ကြိမ်အနေနဲ့
ညတစ်ညမှာ ယူကရိန်းသားတွေနဲ့ ခွင်အချီကြီးတစ်ကြိမ်လုပ်မယ် ဆိုပြီး ကားပေါ်တက်ခဲ့ပါတယ်
သူ့ရဲ့ နောက်ဆုံးတစ်ကြိမ်မှာပဲ ရဲတွေကလိုက်လာလို့ အပေးအယူကို
သူ့ရဲ့လက်အောက်ငယ်သားတွေကိုပဲ ဖုန်းဆက်ပြီး ညွှန်ကြားလုပ်ခိုင်းရာကနေ တလွဲတွေအကုန်ဖြစ်လာကို ရိုက်ပြထားတာပါ။
ကျွန်တော် စကြည့်တုန်းကလည်း တစ်ကားထဲမှာ ဇာတ်လိုက်ကဖုန်းခေါ်နေလို့
အရမ်းပျင်းဖို့ကောင်းမယ်လို့ထင်ခဲ့ဖူးပေမယ့်
တကယ်ကြည့်တော့ One-shot ရိုက်ထားတဲ့ပုံစံအတိုင်း
အချိန်နဲ့တပြေးညီဆက်တိုက်ဖြစ်ပျက်နေတာကို ပြသွားတာဖြစ်ပြီး
ဖုန်း Call တွေကနေ ဇာတ်ကားအတက်အကျကို ဆွဲခေါ်သွားတာဖြစ်ပါတယ် ။
ဘက်ဂျ်ရဲ့ နောက်ဆုံးအကြိမ် Drug Deal လုပ်တာ အောင်မြင်သွားမလား….
အခက်အခဲတွေကြားကနေ ဘယ်လို ပြန်အဖတ်ဆယ်သွားမလဲဆိုတာကိုတော့
ဒီ Nightride ဆိုတဲ့ဇာတ်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
0 comments:
Post a Comment