Country :India
Duration : 2h 20min
အညွှန်း
ဘဝမှာအချစ်ရဆုံးလူတွေနဲ့ကွေကွင်းခဲ့ရတဲ့လူတွေရှိကြမယ်ထင်ပါတယ်
ဒါက ဘုရားသခင်ရဲ့ကစားပွဲလား ဘဝရဲ့သင်ခန်းစာလား အချစ်စစ် နဲ့
ဆုံတွေ့ခဲ့ရပေမယ့်ထင်မထားတဲ့ဘဝရဲ့အဆစ်အပြောင်းကြောင့်
အချစ်ရဆုံးလူကိုဆုံးရှုံးခဲ့ရတဲ့ အာဒီတစ်ယောက် လောကဓံရိုက်ချက်တွေကြားမှာ
အလူးအလဲခံစားနေရပါတယ် ဒါပေမယ့်တစ်နေ့မှာ ချစ်ရတဲ့နစ်ဒီ့ရဲ့ဝိဉာဉ်နဲ့
မထင်မှတ်ဘဲ စကားပြောနိုင်လာပြီး ဘဝကိုတစ်ဖန်ပြန်စလာနိုင်ခဲ့ပါတယ်
နစ်ဒီက အာဒီတစ်ယောက်ခံစားနေရတာ မကြည့်ရက်လို့သာ ခေတ္တပြန်လာခဲ့ရပေမယ့်
သူ့မှာလည်းအချိန်ကအများကြီးမရှိနေတော့ အာဒီရှေ့ လျှောက်ပျော်ဖို့အရေး
နစ်ဒီဘာတွေလုပ်မလဲ နစ်ဒီ့ဝိဉာဉ်ကလွဲရင်ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်တဲ့အာဒီကရော
ဘာတွေဆက်ဖြစ်သွားမလဲ ဇာတ်လမ်းကိုအဓိက support ပေးတဲ့
လွမ်းမောဖွယ်သီချင်းတွေဟာဆိုရင်လည်း အဆွေး mood ဝင်နေတဲ့
ကြည့်ရှုသူတွေအတွက်တော့လုံးဝအကြိုက်တွေ့စေမှာမို့
လွမ်းမောကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ရှင်
0 comments:
Post a Comment