Country : United State
Duration : 1h 54min
အညွှန်း
“ငါ တိရစ္ဆာန်အသားမစားဘူး” တဲ့။ ဒါဆို လူသားစားတာတော့ ဖြစ်ကောင်းဖြစ်နိုင်တဲ့သဘောများလား…။ သာမန်ဇာတ်လမ်းတစ်ပုဒ်ဆို ဒီအတွေးမဝင်ပေမဲ့ Thriller မှန်းသိရင်တော့ ဒီလိုအတွေးတွေ ၀င်မိမှာပါပဲ။
Thriller ဆိုပေမဲ့ စစချင်းမှာတော့ အခုခေတ်လူတွေရဲ့ ချိန်းတွေ့တဲ့သဘာဝနဲ့ အ Ro ခန်းတွေကို တဝကြီးကြည့်ရမှာပါ။ Marvel ရဲ့ Winter Soldier မင်းသား Sebastian Stan နဲ့မင်းသမီးငယ်ငယ်ချောချောလေး Daisy Edgar-Jones တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်။ IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 82 % rating ရထားပါတယ်။
ဇာတ်လမ်းအရ နိုဝါဟာ အွန်လိုင်းကနေ တစ်ယောက်ပြီးတစ်ယောက်နဲ့ date လုပ်ခဲ့ပေမဲ့ အဆင်မပြေတာကြောင့် တစ်ကိုယ်တည်းဘဝနဲ့နေနေသူပါ။ တစ်ရက်မှာတော့ သူနဲ့အဆင်ပြေမယ်ထင်ရတဲ့လူချောတစ်ဦးနဲ့ အပြင်မှာတွေ့ဆုံခဲ့ရပါတယ်။ အဲဒီသူက သူ့ကိုယ်သူ စတိဗ်လို့မိတ်ဆက်ခဲ့ပြီး ဆရာဝန်တစ်ယောက်လို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးတွေ့ဆုံရင်း ချစ်ကြိုက်သွားကြလေသတည်းပေါ့။
အစပိုင်းမှာ ဇာတ်လမ်းကသိပ်လှနေခဲ့ရင် နောက်ပိုင်း အဆိုးတွေဖြစ်တတ်တဲ့ထုံးစံအတိုင်းပါပဲ။ သူတို့ကြိုက်သွားတော့မှ တကယ့်ဇာတ်လမ်းကစတာပါ။ အချစ်ချိုချိုတွေရဲ့နောက်ကွယ်မှာမထင်မှတ်လောက်အောင်ထိတ်လန့်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်ကဘာဖြစ်မလဲ…။
တကယ်တမ်း စတိဗ်ရဲ့သရုပ်မှန်ကရော ဘာများလဲ….၊ ရုပ်ရည်ချောချောနဲ့ သူ့အပြောလှလှတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိကြောက်စရာကောင်းတာတွေပုန်းကွယ်နေမလဲ…၊ နိုဝါတစ်ယောက်ရော ဘယ်လိုရုန်းကန်ရင်ဆိုင်ရမလဲ… ဆိုတာကို အသည်းတအေးအေး ကြည့်ကြရမှာဖြစ်ပါတယ်။
Thriller ဇာတ်လမ်းကို Comedy နဲ့ အချစ်ရေးပါ ထည့်သွင်းရိုက်ကူးထားတာမို့ လျှို့ဝှက်သည်းဖိုမှကြိုက်တဲ့ ရုပ်ရှင်ပရိသတ်ကြီးအတွက်တကယ်စိတ်ဝင်တစား ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းအဖြစ်ညွှန်းပေးလိုက်ပါရစေနော်။
0 comments:
Post a Comment