Trust (2021)


 

Rating : 5.4/10
Country : United State
Genre : Drama, Romance, Thriller
Released Date : 2021
Duration : 1h 34min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလားစိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာ

တတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်“နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှလူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်”“မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်”ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူးဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ“ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်ကြေးစားငှားပြီး စမ်းကြည့်ပါလား” ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါအိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)

0 comments:

Post a Comment