Slapface (2021)


 

 

Rating : 5.3/10
Country :United State
Genre :Horror,Thriller,
Released Date : 2021
Duration : 1h 25min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တွမ်နဲ့ လူးကပ်စ်တို့ညီအစ်ကိုဟာ မိဘတွေသေဆုံးပြီးနောက် တောအုပ်ဘေးက
သူတို့ရဲ့ အိမ်မှာ နှစ်ယောက်တည်း နေထိုင်ကြပါတယ် ၊ လူးကပ်စ်က ညီငယ်လေး
ဖြစ်ပြီး အမြဲလိုလို ပြဿနာရှာတတ်လို့ စခန်းခဏခဏရောက်ရသူပေါ့ ၊ အဲဒါကြောင့်လည်း ရဲစခန်းကတောင် “ထောင်မှလွတ်စေကတ်” လို့ နာမည်ပြောင်ပေးထားရတဲ့အထိပဲ ဆိုပါတော့ ၊ သူ့အစ်ကို တွမ် ကတော့ မိန်းမနည်းနည်းရှူပ်တဲ့ ပလေးဘွိုင်းလေး ဖြစ်ကာ သူတို့အိမ်ကို အန်နာ‌ဆိုတဲ့ သူ့ရည်းစားကိုပါ ခေါ်လာပြီး သူတို့သုံးယောက် အတူနေထိုင်ကြတာပေါ့ ၊သူပြဿနာရှာပြီးတိုင်း သူတို့ကစားနေကျ နည်းရှိပါတယ် ၊ ပါးရိုက်တမ်းကစားနည်းတဲ့ ၊ ဟုတ်ပါတယ် အပြန်အလှန် ဘယ်ပြန်ညာပြန် ပါးချကြတာပါ ၊ ကျေနပ်ပြီဆိုမှ ရပ်ကြတာပေါ့ ၊ ဘယ်လိုပင် ပါးရိုက်တမ်းကစားရပါစေ လူးကပ်စ်ကတော့ သူ့ထုံးစံအတိုင်း ဟိုမွှေဒီမွှေနဲ့ တစ်နေ့ကျတော့ အဆောက်အဦးပျက်လို နေရာထဲ ၀င်ကြည့်မိပါလေရော ၊ အဲဒီကနေ စပြီးသူမနဲ့ ဆုံခဲ့တာပဲ ဖြစ်ပါတယ် ၊ သူမဟာ တခြားသူမဟုတ်ပါဘူး အဆောက်အဦးပျက်ထဲမှာ နေတဲ့ မကောင်းဆိုးဝါးမကြီးပဲ ဖြစ်ပါတယ်

အဲဒီသူမက ကျန်တဲ့သူတွေကိုသာ သည်းမခံနိုင်မယ် ၊ လူးကပ်စ်လေးကိုတော့ ပအတော်ချစ်ရှာပြီး လူးကပ်စ်ကို လာထိရင် ဘယ်သူ့ကိုမဆို မညှာတတ်တဲ့သူပေါ့ ၊
ဒီလိုနဲ့ လူးကပ်စ်ကို အနိုင်ကျင့်တတ်တဲ့သူတွေနဲ့ မကောင်းဆိုးဝါးမကြီး ဘယ်လိုငြိကြမလဲ ၊ ဘာတွေများ မထင်မှတ်ထားတာတွေ ဆက်ဖြစ်မလဲဆိုတာ Cinequest San Jose Film Festival (2021) မှာ Audience Award ရရှိထားတဲ့ ဒီကားမှာ ကြည့်ရှုလိုက်ရအောင်ပါ။

0 comments:

Post a Comment