Country : India
Duration : 2h 26min
အညွှန်း
ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။
– အောင်ချိမ့်
” Love and Life is all about timing.”
လူတွေက ပြောကြတယ်။ အချစ်နဲ့ဘဝဆိုတာ အချိန်ကိုက်လည်ပတ်နေမှုတစ်ခုပဲတဲ့။
အချစ်ကိုပဲဖြစ်ဖြစ် ဘဝကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်မှန် ဖမ်းဆုပ်နိုင်ခဲ့ကြရဲ့လား။
ကျွန်တော်တို့ ဘာတွေကို လက်လွှတ်လိုက်ရလဲ။
” ကိုယ့်ဘဝထဲကို Right Person ဆိုတဲ့ဖြစ်တည်မှုတစ်ခု ဝင်ရောက်လာခဲ့ရင်တောင်
Wrong Time ဖြစ်နေခဲ့ရင်။ အချစ်စစ်ဖြစ်နေပါစေဦး ငါတို့ လွဲချော်ကြရတာပဲ။ ”
– ဗစ်ကရမ်
” ဗစ်ကရမ် ရှင့်အတွက် ကျွန်မက ရွေးချယ်စရာတစ်ခုဆိုတာမျိုး မဖြစ်ချင်ဘူး ”
– အမ်ဂျလီ
” အတုအယောင်ဇာတ်လမ်းထဲက အချစ်စစ်ဖြစ်နေပါစေဦး ကျွန်မတို့ ဒါကို မပိုင်ဆိုင်နိုင်ဘူး။ ”
– ပရီသီ
သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ထဲမှာ ဘယ်သူတွေကများ အချစ်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလဲ။
ဘယ်သူတွေက လက်လွှတ်ဆုံးရှုံးလိုက်ရသလဲဆိုတာ ဒီ Rom-Comedy ရုပ်ရှင်ကောင်းလေးမှာ ခံစားလိုက်ပါဦးနော်။
0 comments:
Post a Comment