Country : Korea
အညွှန်း
ဂိုမီရင်းဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ခေတ်ကြီးမှာ အချိန်ပြည့်အလုပ်မရသေးလို့ စတိုးဆိုင်လေးမှာ အချိန်ပိုင်းလုပ်နေရသူတစ်ဦးပါ။ အလုပ်လည်းမရ အိမ်ထောင်လည်းမပြုနိုင်တာကြောင့် အိမ်ကအမေဆူတာခံနေရတဲ့ ဂိုမီရင်းတစ်ယောက် စတိုးဆိုင်လေးမှာ ရုပ်ချောချောကောင်လေး ဘဲ့ထယ်ဟွာနဲ့ဆုံတွေ့ခဲ့ရပါတယ်။ဘဲ့ထယ်ဟွာကတော့ စမတ်ကျတဲ့ လေယာဥ်ပိုင်းလော့လေးတစ်ယောက်ပါ။ သူ့ဘဝမှာ မိသားစုဆိုလို့ ကြောင်လေးတစ်ကောင်ကိုပဲ မှီခိုနေရတာကြောင့် နာချီမဲဆိုတဲ့ကြောင်ကို အရမ်းတန်ဖိုးထားတဲ့သူပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူလေယာဥ်ခရီးစဥ်ထွက်ချိန်မှာ ဂိုမီရင်းဆီ နာချီမဲကိုအပ်ခဲ့ပါတယ်။ ကောင်လေးကိုဖွန်ကြောင်ပြီး ကြောင်လေးကိုစောင့်ရှောက်ပေးတဲ့ ဂိုမီရင်းတစ်ယောက် နာချီမဲဆီကနေ ယောကျ်ားတစ်ယောက်အသံကို ကြားလိုက်ရချိန်မှာတော့ ခပ်ချောချောကောင်လေးရယ် ကြောင်တောင်တောင်ကောင်မလေးရယ် လူစကားပြောနိုင်တဲ့ကြောင်လေးရယ် ဘယ်လိုစခန်းသွားကြမယ်ဆိုတာကို ဒီကားလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦးနော်။
အရိုကားတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ So I married anti-fanထဲက မင်းသား ချွဲထယ်ဟွန်းနဲ့ နဲ့ My secret romance ထဲက မင်းသမီးလေး ဆုန်းဂျီအွန်း တို့ရဲ့ Ro-com ကားလေးဖြစ်လို့ မရိုမှာတော့ စိတ်မပူရပါဘူးနော်။
0 comments:
Post a Comment