Lucky With You (2021)





 

Episodes : 40
Country : China
Released Date : 2021





အညွှန်း

single mother တစ်ယောက် နဲ့


ခပ်ချောချောသူဌေးသားလေးတို့ ကြားက ချစ်မေတ္တာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်


ဒီဇာတ်လမ်းလေးမှာ Johnny Huang က အမိုက်စားသူဌေးသားလေး Hou Jue (Marquis)အဖြစ်..


Wang Likun ကတော့ ကိုယ်ခံပညာကွမ်းကျင်သူ မင်းသားရဲ့ ကိုယ်ရံတော် Wu Shiyi အဖြစ်


အဓိကပါဝင်သရုပ်‌ဆောင်ထားတာပဲဖြစ်ပါတယ် တိုက်ကွမ်ဒိုနည်းပြတစ်ယောက်ဖြစ်လုပ်ကိုင်ဖူးသူ


Wu Shiyi ဟာအိမ်ထောင်သက် 7နှစ်ပြည့်တဲ့‌နေ့မှာနှစ်ပတ်လည်ပွဲကျင်းပ ပျော်ရွှင်ရမယ့်အစားယောက်ျားဖြစ်သူဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပါတယ် အဲ့ဒါကြောင့် ကွာရှင်းဖို့


တရားရုံးထိလျှောက်တင်ခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ ရပိုင်ခွင့် နဲ့ ကလေးအုပ်ထိန်းခွင့်တွေ ကို


သူ့အရင်ယောက်ျားက ရရှိသွားခဲ့ပါတယ် ကလေးအုပ်ထိန်းခွင့်ကို ပြန်လည်ရရှိအောင်ကြိုးပမ်းရာမှာ


ပိုက်ဆံဟာအခက်အခဲတစ်ခုဖြစ်လာခဲ့ပါတယ် အဲ့ဒါကြောင့် Wu Shiyi ဟာအလုပ်ရှာခဲ့ပြီး


ကိုယ်ခံပညာနယ်ပယ်ထဲမှာပဲ ကံကောင်းစွာနဲ့ အလုပ်ရရှိခဲ့ပါတယ် ပထမဆုံးအလုပ်အဖြစ်


ငယ်ရွယ်ခန့်ညားပြီး မာနကြီးလို့ Marquis လို့နာမည်ပြောင်ပေးခံထားရတဲ့သူဌေးသားလေး


Hou Jue ကို Bodyguard တစ်ယောက်အနေနဲ့စောင့်ရှောက်ပေးဖို့ပဲဖြစ်ပါတယ်


သူဌေးသားလေးကို လုပ်ကြံတိုက်ခိုက်ချင်သူတွေများတာကြောင့် Wu Shiyi ဟာ


ကြိုးစားပမ်းစားကာကွယ်ပေးရင်း မာနကြီးတဲ့သူဌေးသားလေးရဲ့ အတွင်းစိတ်ကို


တဖြေးဖြေး သိမြင်လာခဲ့ပြီး နှစ်ယောက်ကြားထဲက ဆက်ဆံရေးဟာလည်း ပိုပြီး


ရင်းနှီးလာခဲ့ပါတယ် Hou Jue က Wu Yi အတွက် ကလေးအုပ်ထိန်းခွင့်ရအောင်


ကူညီပေးခဲ့တာကို Wu Shiyi သိပြီးနောက်ပိုင်းမှာတော့ နှစ်ယောက်ကြားက


သံယောဇဉ်တွေဟာ အဆင့်တိုးလာခဲ့ပါတော့တယ် သာမန် မြင်တွေ့နေကျမဟုတ်တဲ့


Single mother တစ်ယောက် နဲ့ ငယ်ရွယ်ခန့်ညားတဲ့သူဌေးသားလေး တို့ရဲ့


သံယောဇဉ်ငြှိတွယ်လာပုံလေးကို ရိုက်ကူးထားတာကြောင့် ဆန်းဆန်းပြားပြား


ဇာတ်လမ်း‌လေးတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအကြိုက်တွေ့စေမှာဖြစ်လို့


lucky with you ဆိုတဲ့ ဇာတ်လမ်းတွဲလေး ကို ကြည့်ရှုအားပေးကြပါဦးနော်



Download Link
--------------------
Episode 01 to 16 - Telegram

Episode 17 to 20 - Telegram

0 comments:

Post a Comment