Bachelor (2021)


 

Rating : 6.7/10
Country : India
Genre : Drama
Released Date : 2021
Duration : 2h 54min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အချစ်ကားဆိုရင် ချစ်ကြည်နူး တီတာနေတာတွေအစားတကယ့်ဘဝနဲ့ ဆက်စပ်ပြီး ရွေးချယ်ရမှာတွေ စွန့်လွှတ်ရမှာတွေနောင်တတွေ ဆုံးဖြတ်ချက်တွေနဲ့ လက်တွေ့ကျကျဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဇာတ်ကားလေးကမတူညီတဲ့ နောက်ခံကလာကြတဲ့ Darling ဆိုတဲ့ ကောင်လေးနဲ့ Subbu ဆိုတဲ့ကောင်မလေးတစ်ယောက် တွေ့ကြရာကစပါတယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်မလေးနောက်ကို လိုက်ရင်း သူငယ်ချင်းရဲ့အကူအညီနဲ့တစ်မိုးအောက်အတူတူနေခွင့်ရသွားပါတယ်။လူငယ်တို့သဘာဝအတိုင်း အနေနီးကြရင်း ရင်ခုန်သံတွေ ဖလှယ်ကြရင်းပဲ ဒီနှစ်ယောက် ချစ်ကြိုးငင်ခဲ့ကြတာပေါ့။ဒါပေမယ့် တစ်မိုးအောက်တူတူ မေတ္တာမျှလာခဲ့ကြရင်း မထင်မှတ်ပဲ Subbu မှာ ကိုယ်ဝန်ရသွားပါတယ်။ဒီတော့ တွေးခေါ်ပုံတွေ၊ မိသားစုနောက်ခံ၊ ဘဝအခြေအနေ ကွာခြားကြတဲ့ ချစ်သူနှစ်ယောက်ဒီကလေးအတွက် ဘယ်လိုဆုံးဖြတ်ချကြပါတော့မလဲ။ အချစ်ဆိုတာဟာ ချစ်နေရုံနဲ့မပြီးပါဘူးအသက်တစ်ချောင်းပါ ပိုလာခဲ့ရင် တာဝန်ယူမှုတွေဟာ ပိုပြီး ကြီးလာပါတယ်။ဒီဇာတ်ကားက အချစ်နဲ့ဘဝ တာဝန်ယူမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကားမျိုးပါ။ဇာတ်အိမ်ရဲ့အလှည့်အပြောင်းတစ်ခုချင်းစီတိုင်းဟာ လက်တွေ့ကျလွန်းတာမို့ ရင်သပ်ရှုမောစီးမျောရမှာပါ။နှလုံးသားချင်းထပ်တူကျခဲ့ကြတဲ့ ဒီနှစ်ယောက် တရားခွင်ရဲ့ တရားလို / တရားခံ တစ်ဖက်စီမှာ ဘယ်လို မျက်နှာချင်းဆိုင်တွေ့ကြမလဲ?ဘယ်သူက အနိုင်ရပြီး ဘယ်သူကများ ဒူးထောက်အရှုံးပေးရမလဲ?အချစ်ဟာ ဒီနှစ်ယောက်ကို အရင်လို လက်တွဲစေနိုင်ပါဦးမလား?ဆုံးဖြတ်ချက်တစ်ခုစီတိုင်းက နှလုံးသားနှစ်ခုကို အစိတ်စိတ်ကွဲစေနိုင်တယ်ဆိုတာဒီဇာတ်ကားလေးကနေ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။

0 comments:

Post a Comment