Thief Female Hero ( 2021 )


 

Rating : 4.2/10
Country : China
Genre : Action, Adventure
Released Date : 2021
Duration : 1h30min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သိုင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လိုက်ဖြစ်တဲ့ ရိကျီမေဆိုတဲ့ လူချမ်းသာတွေဆီကခိုးယူပြီးဆင်းရဲသူတွေကိုပြန်မျှဝေပေးတဲ့ဇာတ်ကောင်ကို တစ်ချို့လူတွေရင်းနီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့တမင်သက္ကရာဇ်၄ခုနှစ်မှာ ယန်းဝမ်မင်းသားကျူးတိဟာစစ်သည်အင်အားနဲ့ယင့်ထျန်းကိုဝင်တိုက်ခဲ့ရာမှာ

ဘုရင်ကျူးယွင်ကနန်းတော်ကို မီးလောင်တိုက်သွင်းခဲ့ပြီး ရွှေငွေဥစ္စာအများအပြားယူကာ ထွက်ပြေးခဲ့တယ်၊အမှုထမ်းရှန်ရှဲ့ကိုဥစ္စာတွေထိန်းသိမ်းစေခဲ့တယ်။အဲဒီရတနာပစ္စည်းတွေကြောင့်ရှန်မိသားစုလိုက်သုတ်သင်ခံရပြီး ရတနာတွေရဲ့အစကအနပျောက်ဆုံးသွားခဲ့တယ်။များပြားလှတဲ့ရတနာတွေကိုလောဘသားတွေကမျက်စိကျနေပြီးထူဖူနန်းတော်ကလျိုကုန်းကုန်း နဲ့ နန်းတော်အစောင့်တပ်တို့က ထိပ်တိုက်ရန်စောင်နေကြတယ်။လျိုကုန်းကုန်းကအစောင့်တပ်ကိုရှင်းပစ်ပြီး တမင်ရတနာသိုက်မြေပုံရဖို့အတွက် ရတနာလေလံပွဲကိုအယောင်ပြကျင်းပတဲ့အချိန်မှာနာမည်ကျော်သူခိုးရိကျီမေကဝင်ရောက်ပွဲဖျက်ပါတော့တယ်။ရိကျီမေချောင်ပိတ်မိချိန်မှာ အစောင့်တပ်ဖွဲဒုတပ်မှူးမုဖုန်းက အယောင်ဆောင်ကူညီပြီးထွက်ပြေးခဲ့ကြတယ်။နာမည်ကျော်ရတနာသိုက်ရှာဖွေကြတဲ့အပြင် လွန်ခဲ့တဲ့၁၆နှစ်ကသွေးကြွေးကိုဆပ်ဖို့ကြိုးစားတဲ့ ရိကျီမေ။နန်းတော်စောင့်တပ်ဖွဲ့ဝင် မုဖုန်း။ သူ့ရဲ့နောက်ကြောင်းကရောရိုးရှင်းပါ့မလား။အညှိုးအတေးတွေကိုလက်စားချေရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာသိုက်မြေပုံနဲ့ရတနာသိုက်ရှာပုံတော်ဖွင့်ကြတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးကို ဆက်လက်ကြည့်ရှုကြပါနော်။

0 comments:

Post a Comment