Country : United State
Duration : 1h 32min
အညွှန်း
ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France
(နောက်ဆုံးစီးချင်း – မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။၁ – ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။
၂ – မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။
၃ – ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။
၄ – နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။
မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်
0 comments:
Post a Comment