The Kiddie Tomb (2021)


 

Rating : 4.2/10
Country : China
Genre : Action, Adventure
Released Date : 2021
Duration : 1h 12min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာစစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့်ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီး

သင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီ ဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာအငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာလောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာအဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့်ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။

0 comments:

Post a Comment