The Humans (2021)


 

Rating : 6.1/10
Country : United State
Genre : Drama
Released Date : 2021
Duration : 1h 48min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒါကတော့ စီးမြောခံစားသက်ဝင်လို့ရတဲ့Drama ရုပ်ရှင်ကားတစ်ကားပါ။ပြဇာတ်ဆရာ Stephen Karamက သူ့ရဲ့Tony awardဆုရထားတဲ့ The Humansပြဇာတ်အပေါ်မှာပဲ

ဇာတ်အိမ်တည်ပြီး ဒီကားကိုဒါရိုက်တာလုပ်ပြီးရိုက်ထားတာပါ။ဇာတ်လမ်းကတော့ ရည်းစားဖြစ်သူ ရစ်ချက်နဲ့ နယူးရောက်ကတိုက်ခန်းဟောင်းကို ပြောင်းနေတဲ့ဘရစ်ဆီကို ဘရစ်ရဲ့မိသားစု (ဘလိတ်ခ်မိသားစု)ကအလည်လာပြီးကျေးဇူးတော်နေ့ညကိုအတူကုန်ဆုံးတာကိုပဲ ကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့စိတ်ခြောက်ခြားစရာဖြစ်အောင် ခံစားချက်ကိုအသားပေးပြီး ရိုက်ပြထားတာပါ။ဘလိတ်ခ်မိသားစုမှာ စိတ်မမှန်တော့ပဲဝှီးချဲနဲ့နေနေရတဲ့အဖွားရယ်၊ အထက်တန်းကျောင်းမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့ပြီးစိတ်ခြောက်ခြားမှုတွေနဲ့အိပ်မက်ဆိုးတွေကိုရင်ဆိုင်နေရတဲ့ဖခင်ဖြစ်သူရယ်၊ မိသားစုကိုချစ်ခင်ပေမယ့် ကိုယ်တိုင်လည်းခံစားနေရတာတွေရှိတဲ့မိခင်ဖြစ်သူရယ်(သူကတော့ The Humansပြဇာတ်မှာ Tony Awardဆုရခဲ့တဲ့သူကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာပါ)ကအခြေကျရာမြို့လေးမှာပဲကျန်နေခဲ့ပြီး အေမီနဲ့ဘရစ်တို့ညီအစ်မကတော့မြို့ကြီးတွေဆီကိုအသီးသီးထွက်ခွာသွားခဲ့ကြသူတွေပေါ့။ ပုံမှန်မိသားစုလေးကညစာအတူစား၊လက်ဆောင်တွေဖောက်နဲ့ရယ်မောနေပေမယ့်လည်း ဝေးကွာနေခဲ့တဲ့မိသားစုဝင်တွေအကြားမှာ တင်းမာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ပြောမထွက်တဲ့အကြောင်းအရာတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေရှိ‌နေတာကိုလှစ်ဟပြသထားတဲ့ဇာတ်ကားပါ။ The Humansဇာတ်ကားမှာ အဖွား၊ အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်နဲ့ဘရစ်ရဲ့ရည်းစား ရစ်ချက်ဆိုပြီး လူသားဇာတ်ကောင်ခြောက်ယောက်ပါပြီးတော့၇ယောက်မြောက်ဇာတ်ကောင်အဖြစ်ကိုတော့ ယိုယွင်းနေတဲ့တိုက်ခန်းကို ဒါရိုက်တာကရည်ညွှန်းပါတယ်တဲ့။ခံစားသက်ဝင်ကြပါဦးး….

0 comments:

Post a Comment