Pariyerum Perumal (2018)


 

Rating : 8.8/10
Country : India
Genre : Drama
Released Date : 2021
Duration : 2h 34min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Tamil အချစ်ကားကောင်းကောင်းလေး စောင့်မျှော်နေတဲ့သူတွေအတွက်IMdb Rating 8.8 နဲ့ Rotten Tomatoes မှာAudience Score 87% ရထားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ဇာတ်နိမ့်ဇာတ်မြင့်ကွာခြားမှုကြားက ပေါ်ပေါက်လာတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါပုံမှန်ကျွန်တော်တို့ကြည့်ဖူးနေကျ ဒီလိုအချစ်ဇာတ်လမ်းတွေနဲ့မတူတာဘာလဲဆိုတော့ ဗြုန်းစားကြီး ဇာတ်တွေနာ ချစ်ကြိုက်ခွဲခွာ အဲ့လိုပုံစံမျိုးမဟုတ်ဘဲသူတို့နိုင်ငံမှာ အရမ်း Sensitive ဖြစ်တဲ့ ဒီလိုပြဿနာတစ်ခုကိုသိမ်သိမ်မွေ့မွေ့ချည်းကပ်ပြီး ရိုက်ပြသွားနိုင်တာပါKarnan ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Mari Selvaraj ရဲ့လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေထဲက တစ်ကားပါပဲသူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ထားတယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင်တော့ တောရွာကရိုးသားတဲ့ကောင်လေးတစ်ယောက်ဥပဒေကောလိပ်သွားတက်ပြီး ကောင်မလေးတစ်ယောက်နဲ့ချစ်မိသွားတဲ့ ဇာတ်လမ်းမျိုးပါသုံးထားတဲ့သီချင်းတွေလည်း တော်တော်ကောင်းပါတယ်ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ကားလုံးသာပြီးသွားတယ်ချစ်တယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှပြောမသွားကြပါဘူးဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်ကိုဖော်ကျူးရိုက်ပြသွားတယ်လို့ ကျွန်တော်တော့ခံစားရတယ်သို့ပေမဲ့လည်း လစ်ဟာချက်တွေလည်း အနည်းငယ် ရှိနေတာမလို့၁၀၀ % ကောင်းတယ်လို့မှတ်ချက်ပြုလို့မရပေမဲ့ဆုများစွာ ရရှိထားတဲ့ကားဆိုတော့ ကြည့်ရှုသင့်တဲ့ထဲပါတယ်လို့ အကြံပြုချင်ပါတယ်

0 comments:

Post a Comment