The Duel (2000)


 

Rating : 4.9/10
Country : China
Genre : Action, Adventure, Comedy
Released Date : 2000
Duration : 1h 46min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး… ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊ ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့

အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ… ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ….

အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်….

0 comments:

Post a Comment