Nitram (2021)


 

Rating : 7.3/10
Country : United State
Genre : Drama, Thriller
Released Date : 2021
Duration : 1h 52min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

နီထရမ်ဟာ ၁၉၉၀ အလယ်ပိုင်းကာလ သြစတေးလျဆင်ခြေဖုံးဒေသတစ်ခုမှာ မိခင်ဖခင်တို့နဲ့အတူနေထိုင်ခဲ့ပါတယ်။ သူဟာ ပတ်ဝန်းကျင်မှာ သက်တူရွယ်တူအသိုင်းအဝိုင်းမှာ ဘယ်သူနဲ့မှ အစေးမကပ်တဲ့ ဂွတီးဂွကျ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာရင်းကနေ အရွယ်ရောက်လာပါတော့တယ်။ အဲ့ဒီအချိန်ကျမှ ကံကောင်းထောက်မစွာတွေ့ခဲ့ရတဲ့ ချစ်ခင်ရတဲ့ သူ့အပေါ်နားလည်တဲ့ မိတ်ဆွေတစ်ယောက်ကိုပါဆုံးရှုံးလိုက်ရချိန်၊ အဲ့ဒီကနေ အမွေအတော်များများဆက်ခံလိုက်ရချိန် ၊ သူ့ဖခင်ရဲ့ စိတ်ကျဝေဒနာ ပိုမိုဆိုးဝါးလာချိန်အစရှိတဲ့အဖြစ်အပျက်တွေဟာ သူ့ကိုအဆုံးစွန်အခြေအနေတစ်ခုဆီပို့ဆောင်ခဲ့ပါတော့တယ်။


Nitram ဟာ ၁၉၉၆ မှာဖြစ်ပွားခဲ့တဲ့ လူ ၃၅ ယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့ ပို့အာသာ ရမ်းကားပစ်ခတ်မှုရဲ့ အဓိကတရားခံ Martin Bryant ရဲ့ဘဝဇာတ်ကြောင်းနဲ့အဲ့ဒီလိုအဖြစ်အပျက်ဆီကိုဦးတည်လာစေခဲ့တဲ့ဖြစ်ရပ်တွေကိုအခြေခံထားတာပါ။


2021 Cannes Film Festival ရုပ်ရှင်ပွဲတော်မှာစတင်ပြသခဲ့ပြီး နီထရမ်အဖြစ်သရုပ်ဆောင်တဲ့ Caleb Landry Jones အကောင်းဆုံး ဇာတ်ဆောင်ဆုရရှိခဲ့သလို လာမယ့်သြစတေးလျအကယ်ဒမီဆုပေးပွဲအတွက်လဲ ဆုပေါင်း ၁၅ ခုဆန်ကာတင်ဝင်ထားတဲ့ဇာတ်ကားပါ။


ချီးကျူးမှုတွေ အများကြီးရထားတဲ့ biographical/psychological drama ကားကောင်းတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment