Caveat (2020)


 

Rating : 5.9/10
Country : United State
Genre : Horror, Thriller
Released Date : 2020
Duration : 1h 28min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တကိုယ်ရေသမားလဲဖြစ် အတိတ်လဲမေ့နေတဲ့ အိုင်းဆက် ဆီကို ဘားရက်ဆိုတဲ့လူတစ်ယောက်ကစိတ်ဝင်စားစရာ အလုပ်အကိုင်တစ်ခု ကမ်းလှမ်းလာခဲ့ပါတယ်။ မိဘမဲ့၊ စိတ်ကစဉ့်ကလျားရောဂါအနုစားလဲရှိတဲ့ လူသူမနီးတဲ့အိမ်တစ်လုံးမှာ တစ်ဦးတည်းနေတဲ့သူ့တူမဖြစ်သူကို အဖော်ပြုစောင့်ရှောက်ပေးဖို့ပါပဲ။ တကယ်တမ်းတော့ အဲ့ဒီအိမ်ဟာ ကျွန်းတစ်ကျွန်းပေါ်မှာတစ်လုံးထဲရှိတဲ့ လူနေအိမ်ဖြစ်ပြီး သူ့တူမအတွက် စိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အိုင်းဆက်ဟာခွေးလည်ပတ်လို သံကြိုးရှည်ကြီးကိုလဲ တပ်ဆင်ထားရပါတယ်။ အိုင်းဆက် ရောက်တဲ့ညမှာပဲ နံရံမှာချိတ်ထားတဲ့ပန်းချီကားထဲက စူးရှတဲ့မျက်လုံးအစုံနဲ့ အနားကိုလာဖို့ခေါ်ယူခြောက်လှန့်မှုကိုစတင်ကြုံတွေ့ရပါတယ်။


နောက်ရက်မှာတော့ လျှောက်စူးစမ်းလေ့လာရင်း မြေတိုက်ခန်းထဲက အလောင်းတစ်လောင်းကိုရှာဖွေတွေ့ရှိရခြင်းနဲ့အတူသူ့အတွက် ပဟေဠိနဲ့အိမ်မက်ဆိုးတွေ ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ သူ့မိတ်ဆွေပါလို့ မိတ်ဆက်လာခဲ့တဲ့ ဘားရက်၊ အူကြောင်ကြောင်မျက်လုံးတွေနဲ့ စိတ်ကစဉ့်ကလျားဝေဒနာသည်မိန်းကလေး၊ မကြာသေးခင်ကမှ လူတစ်ယောက်ပျောက်ဆုံးထားပြီး တစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ဒီအိမ်ကြီးနဲ့အတူ လူသတ်တရားခံ၊ ဒီအဖြစ်အပျက်တွေရဲ့တရားခံဟာ သူကိုယ်တိုင်လဲဖြစ်နေနိုင်လို့ပါပဲ။


Caveat ဆိုတာ သတိလို့ အလွတ်သဘော အဓိပ္ပါယ်ရပြီး တစ်ခုခုလုပ်တော့မယ်ဆို သေချာစဉ်းစားဆုံးဖြတ်ဖို့ ကို ဆိုလိုရင်းဖြစ်ပါတယ်။ Horror, Mystery & Thriller စတဲ့စည်းပါးပါးလေးထဲက genre တွေကိုရောမွှေထားပြီး ထိတ်လန့်ခြောက်ခြားမှု ရသနဲ့ သိချင်စိတ်ကိုတစ်ပြိုင်တည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

0 comments:

Post a Comment