A Perfect Enemy (2021)


 

Rating : 5.5/10
Country : United State
Genre : Adventure, Drama, Thriller
Released Date : 2021
Duration : 1h 29min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ရန်သူတကာ့ရန်သူထဲမှာ ကိုယ့်အတွင်းစိတ်ထဲကရန်သူက အောင်နိုင်ဖို့အခက်ဆုံးပါတဲ့။ ကိုယ့်ကို အဆိုးရောအကောင်းရော ဖြစ်အောင် ကြိုးကိုင်နိုင်တာ ဒီစိတ်ပါပဲ။ လူတော်တော်များများမှာ အတွင်းစိတ်ထဲကရန်သူဆိုတာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း အဲဒီအချက်ကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Jeremy/ Angust ဟာ ပြီးပြည့်စုံတဲ့အဆောက်အအုံဒီဇိုင်းတွေကိုပဲ ဖန်တီးချင်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ပါ။ အောင်မြင်လူသိများပေမဲ့ သူ့မှာ မမေ့ပျောက်နိုင်တဲ့ အတိတ်ဆိုးတစ်ခုလည်းရှိနေသူပေါ့။ တစ်နေ့မှာတော့ လေဆိပ်ကိုအသွားလမ်းမှာ ထူးခြားဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က သူဒီဇိုင်းရေးဆွဲခဲ့တဲ့ လေဆိပ်ကြီးထဲမှာ စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုစကားပြောရင်းနဲ့ ဘယ်လိုအမှန်တရားတွေ ထွက်ပေါ်လာမလဲ၊ ကောင်မလေးက ဘယ်သူဖြစ်နေမလဲ၊ Angust ရဲ့ အတိတ်နဲ့ ဘယ်လို ဆက်စပ်နေမလဲဆိုတာကို လုံး၀ကို မထင်မှတ်လောက်တဲ့ အပြောင်းအလဲတွေနဲ့ စိတ်၀င်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Thriller အမျိုးအစားဖြစ်ပြီး ဇာတ်ကားကို စကြည့်ကြည့်ချင်းမှာ သမားရိုးကျ ခပ်အေးအေး ဇာတ်လမ်းမျိုးထင်ရပါတယ်။ ဒါပေမဲ့ ဘယ်လိုမထင်မှတ်တဲ့ အပြောင်းအလဲနဲ့ ဇာတ်အချိုးအကွေ့က ကြည့်ရှုသူတိုင်းကို မျက်စိမခွာချင်အောင် ဆွဲဆောင်နိုင်မှာပါ။ ဇာတ်လမ်းရဲ့အဓိကအချက် ပေါ်လာတဲ့အခါကျမှ “Perfect Enemy” ဆိုတဲ့ နာမည်က ဘာကိုဆိုလိုမှန်း သဘောပေါက်လာမှာပါ။ စိတ္တဇဆန်ဆန်ဇာတ်လမ်းမျိုး၊ psychology ပိုင်းကို စိတ်၀င်စားတဲ့ သူတွေအတွက်တော့ အပိုပြောတာမဟုတ်ဘဲ တကယ်ကြည့်ကောင်းတဲ့ကားမို့ ကြည့်ဖြစ်အောင် ကြည့်ကြည့်လိုက်ကြပါနော်။

0 comments:

Post a Comment