Wildland (2021)


 

Rating : 5.8/10
Country : United State
Genre : Crime, Drama, Thriller
Released Date : 2021
Duration : 1h 29min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို

မ​ကောင်းတဲ့ လူတွေနဲ့ အ​နေကြာလာတဲ့အခါ

ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မ​ကောင်းမှုမှာ ​

မွေ့​လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုး​​နေလို့လား

ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီး​နေလို့လား…

ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့

ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး

2020 ဘာလင်ရုပ်ရှင်ပွဲ​တော်မှာပြသခွင့်ရခဲ့သလို Critic​

များစွာရဲ့ Review​ကောင်း​တွေကို ရရှိထားပါတယ်၊

ကြည့်ရှုသူ​တွေက ​ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး

Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့

93% အထိ ရှိ​နေတဲ့အတွက် ကြည့်ရှုသူအ​ပေါ် မူတည်ပြီး

အကြိုက်​တွေ့မှု၊ မ​တွေ့မှု​တွေမှာ ဝိဝါဒကွဲပြားတာ​တွေ​တော့

ရှိနိုင်ပါတယ်၊ ဒါ​ပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ

​တွေးရင် တွေးသ​လောက် ​မေးခွန်း​များစွာ ကိုယ့်ကိုယ်ကိုယ်

ပြန်​မေးမိမယ့် ဇာတ်ကားဆိုတာ​တော့ ​သေချာပါတယ်၊

​ဆေးစွဲ​နေတဲ့မိခင်ဖြစ်သူရဲ့ ကားမ​တော်တဆမှု​ကြောင့်

အသက်၁၇နှစ်သာ ရှိ​​သေးတဲ့ Idaဆိုတဲ့မိန်းက​လေးဟာ

အ​ဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွား​နေထိုင်ရပါတယ်၊

​အ​ဒေါ်မိသားစုဟာ သူ့အ​ပေါ်အရမ်း​ကောင်းပြီး တစ်ဦးနဲ့

တစ်ဦး အရမ်းချစ်ကြ​ပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်​တွေက

ဟန်​ဆောင်မျက်နှာဖုံး ဖြစ်​နေခဲ့သလို သူတို့ရဲ့အသက်​

​မွေးဝမ်း​ကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ်

နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်​နေတဲ့အခါ

Idaရဲ့အကျင့်စရိုက်​တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊

တစ်​နေ့မှာ သူတို့ရဲ့အလုပ်က​နေ ဒုစရိုက်မှုတစ်ခုအဖြစ်

​ပြောင်းသွားတဲ့အခါ ဘယ်လို​ဖြေရှင်းကြမလဲဆိုတာ…..

ဒီရုပ်ရှင်ကားဟာ အ​နောက်တိုင်းလို လူ့အခွင့်​အ​​​ရေးကို

အရမ်းအ​ရေး​ပေးတဲ့ နိုင်ငံမျိုး​တွေမှာ​တောင် အနည်းငယ်

အမြစ်တွယ်​နေ​သေးတဲ့ အဆိပ်ဆန်တဲ့မဟာဖိုဝါဒီအ​ကြောင်း ပါးပါး​လေး ပုတ်ထားပါတယ်၊

ဒါ့အပြင် Idaရဲ့ ဇာတ်ရုပ်ကလည်း ကိုယ်သာဆိုရင် ဒီလိုအဖြစ်မခံဘူးလို့

တွေးမိ​စေတဲ့အထိ နားလည်ရခက်​စေပါတယ်၊

ပြီး​တော့ viewer sensitiveဖြစ်နိုင်တဲ့ အခန်းတစ်ခန်းကို

​သေချာရိုက်ကူးပြထားတဲ့အတွက် ​ကြောက်လန့်တတ်သူ၊

စိတ်အား​လျော့တတ်သူဆိုရင် သတိထားကြည့်ဖို့ ​ပြောပါရ​စေ

0 comments:

Post a Comment