The Man from Earth: Holocene (2017)


 

Rating : 5.3/10
Country : United State
Genre : Drama, Fantasy, Sci Fi
Released Date : 2017
Duration : 1h 38min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

2007က Man From Earthရဲ့ ဆယ်နှစ်အကြာမှာထပ်

ထွက်ခဲ့တဲ့Sequelကားဖြစ်တဲ့ Holoceneမှာ

ရေခဲခေတ်နှောင်းကနေ ယနေ့အထိနှစ်ပေါင်း ၁၁၀၀၀

ရှည်တဲ့ကာလ ဘူမိဗေဒအခေါ်အဝေါ်အရ

Holoceneခေတ်အကုန်မှာတော့

နှစ်ပေါင်း ၁၄၀၀၀လုံး အသက်ကြီးမလာခဲ့တဲ့ Johnဟာ

အိုမင်းတဲ့လက္ခဏာတွေ စပြလာခဲ့ပါတယ်။

John Oldmanမဟုတ်တော့ပဲ John Youngဆိုတဲ့

နာမည်နဲ့ Johnဟာ Chicoမှာ ဘာသာတရားနှိုင်းယှဉ်လေ့လာရေး

ပါမောက္ခလုပ်နေပါတယ်။

ပထမကားက အကြောင်းအရာတွေကို

ရှေးဟောင်းသုတေသနပညာရှင် Artက

The Longest Night အမည်နဲ့ စာအုပ်တစ်အုပ်

ရေးသားထုတ်ဝေခဲ့ပြီး ဒီစာအုပ်ရဲ့ လက်မခံနိုင်စရာတွေကို

ဖြစ်ရပ်မှန်လို့ဝန်ခံထားခြင်းကြောင့်

ဝေဖန်ရှုပ်ချခံအလုပ်ပြုတ်ခဲ့ရပါတယ်။သူ့အတန်းသားတစ်စုဟာ သူ့ဆီက Artရဲ့ စာအုပ်ကို

ဖတ်မိရာကနေ John Youngဟာ John Oldman

ဆိုတာကို သတိပြုမိပြီး သက်သေပြဖို့ ကြိုးစားရာကနေ

John ဟာ အဲ့ဒီမြို့ကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။

သူ့ကိုယ်သူ ယေရှု့ပါလို့ ဆိုထားတဲ့

အသက်တစ်သောင်းလေးထောင်ရှည်တဲ့ လူသားတစ်ယောက်ရယ်…

ခရစ်ယာန်ဘာသာရေး အစွန်းရောက်ကျောင်းသားတစ်ယောက်ရယ်

သက်သေပြချင်တဲ့ကျောင်းသားတစ်စုရယ်ကြားမှာ

ဖြစ်မဲ့ အရှုပ်အထွေးတွေကိုတော့

အနက်ရောင်ဖန်သားပြင်ထက်မှာ ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။

Rating နည်းပေမဲ့လည်း the Man From Earthကို

သဘောကျခဲ့တဲ့လူတွေအတွက် ကားကောင်းတစ်ကားဖြစ်မယ်

ထင်ပါတယ်။ပြီးတော့ မိတ်ဆွေသာ အရမ်းအစွန်းရောက်လွန်းတဲ့

ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင် ဗုဒ္ဓနဲ့ပက်သက်ပြီး သဘောကျ

လက်သင့်ခံနိုင်စရာမူကွဲအချက် နှစ်ခုလောက်ကို တွေ့ရမှာပါ။

အဝေးကြီးမကြည့်ကြရင်တော့ သမိုင်းမှာ ဘာသာတရားက

အတော်လေးအရေးပါပါတယ်။ဒီကားထဲက ဇာတ်ဆောင်

Cro-Magnonလူသားရဲ့ သက်တမ်းက ၁၄၀၀၀ရှိနေပြီး

အဓိကဘာသာကြီးတွေရဲ့သက်တမ်းတောင်

၃၀၀၀မကပ်သေးပါဘူး။ အဲ့ထက်ရှေးကျတဲ့ ယုံကြည်

ကိုးကွယ်မှုတွေကလည်း တိမ်ကောလုနီးပါး ဖြစ်နေပါပြီ။

ဘာသာတရားရဲ့ သမိုင်းဟာ

လူ့ရှင်သန်မှုသမိုင်းရဲ့ အစွန်းအစလေးသာသာပဲရှိပါတယ်။

ဒီ်အချက်လေးပဲ ကပ်ထောက်ရင်တောင်

ဒီရုပ်ရှင်ဟာ အတော်ဝါဒီပွားပါတယ်။ ဘုရားဆိုတာကို

လူထဲကလူလို့ လက်သင့်ခံနိုင်တဲ့လူတွေအတွက်တော့

ဒီရုပ်ရှင်က ကောင်းနိုင်ပေမဲ့ မဟုတ်ရင်တော့

လက်ရှောင်သင့်ပါတယ်။

0 comments:

Post a Comment