Rise of the Footsoldier (2007)


 

Rating : 6.8/10
Country : United State
Genre : Crime, Action, Biography
Released Date : 2007
Duration : 1h 59min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်‌ကားလေးတစ်ကားတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကတော့ ၁၉၉၀ ခုနှစ်များမှာ ဆိုးသွမ်းခဲ့တဲ့ ဗြိတိန်လူမိုက်ကြီး ကာလ်တန်လိခ်ျရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်


ကာလ်တန်လိခ်ျဟာ ငယ်စဉ်ကတည်းက ဘောလုံးပွဲစဉ်တွေမှာ အမာခံပရိတ်သတ်အဖြစ်အားပေးခဲ့သူဖြစ်ပြီး ပွဲစဉ်တိုင်းမှာလည်း ရန်ပွဲတိုင်းလိုလိုမှာ လက်ရဲဇက်ရဲနိုင်တဲ့လူငယ်တစ်ဦးပါ သူဟာ ဒေါသကြီးသူပီပီ စိတ်မြန်လက်မြန်ဖြေရှင်းတတ်သူဖြစ်ပါ‌တယ်


အဲ့ဒီလိုနဲ့ပဲ ကာလ်တန်ဟာ ‌သာမန်လက်ရဲဇက်ရဲဘဝကနေ နိုက်ကလပ်တွေမှာ လုံခြုံရေးအဖြစ်လုပ်ကိုင်ရင်း သူ့ဘဝအလှည့်အပြောင်းကြီးကိုကြုံရပါတော့တယ် အစမှာ ဒေါသကြီးတဲ့နိုက်ကလပ်လုံခြုံရေးဘဝကနေ တဖြည်းဖြည်းနဲ့ နိုင်ငံရဲ့အကြီးမားဆုံးမူးယစ်ဆေးအရောင်းအဝယ်သမားအဖြစ် ပြောင်းလဲသွားရပါတော့တယ်


သူဟာ သူ့သူငယ်ချင်းတိုနီနဲ့အတူ ရာဇဝတ်မှုတွေ မူးယစ်ဆေးကိစ္စတွေလုပ်ကိုင်ကျူးလွန်ရင်း တစ်နေ့မှာတော့ သူ့သူငယ်ချင်းတိုနီ့ဆီကို မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကြုံရပါတော့တယ် အဲ့အဖြစ်အပျက်ကဘာလဲ ကာလ်တန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုရော ပရိတ်သတ်ကြီးက ဇာတ်ကားထဲမှာ ကြည့်ရှုပေးကြပါဦး


Action-Crime ဇာတ်ကားဖြစ်တာနဲ့အညီ တိုက်ခန်းခိုက်ခန်းတွေ သွေးထွက်သံယိုတွေပါတဲ့အပြင် တချို့သောဇာတ်ဝင်ခန်းတွေပါတာကြောင့်မလို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ

0 comments:

Post a Comment