Country : United State
Duration : 1h 24min
အညွှန်း
ဒီကားလေးကတော့ ၂၀၂၁ထွက်အချစ်ကားလေးဖြစ်ပါတယ် ဥပဒေရေးရာတွေလည်းပါပါတယ် ကိုယ့်ဘဝမှာကိုယ့်ရွေးခဲ့တဲ့လက်တွဲဖော်ကိုနောင်တရဘူးကြပါတယ် ဒီလိုပဲ ဒီကားလေးဟာလည်းမက်ဂီဆိုတဲ့ရှေ့နေကောင်မလေးက ဂျော့ရှ်ဆိုတဲ့သူနဲ့လက်ထပ်ထားတာ၁၅နှစ်ရှိပါပြီ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးဟာပျော်စရာမကောင်းခဲ့ပါဘူး
သူကလည်းရှေ့နေတစ်ယောက်ဆိုတော့အလုပ်ရှုပ် ယောကျ်ားကလည်းတက္ကသိုလ်ဆရာဆိုတော့သူတို့တစ်ယောက်နဲ့တစ်ယောက်အလုပ်များနေကြလို့အိမ်ထောင်ရေးကိုဦးစားမပေးနိုင်ကြပါဘူး တစ်နေ့ မက်ဂီမိဘတွေရဲ့၄၅နှစ်ပြည့်မဂ်လာနှစ်ပတ်လည်နေ့ကို သူတို့နှစ်ယောက်သွားခဲ့ကြပါတယ် အဲဒီမှာပဲမက်ဂီက ဂျော့ရှ်နဲ့အလုပ်ကိစ္စကြောင့်စကားများကြရင်း အက်ဂီတစ်ယောက်လမ်းလျှောက်ထွက်လာခဲ့ပါတယ် ဆုတောင်းတဲ့ရေပန်းနားရောက်တော့ ငါ့ဘဝကိုပြန်ရွေးချယ်ခွင့်ရှိချင်လိုက်တာဆိုပြီးဆုတောင်းခဲ့ပါတယ် ဆုတောင်းပြီးနောက်တစ်နေ့ သူအသက်၁၅နှစ်လောက်ပိုငယ်သွားခဲ့ပါတယ်
အဲဒီအချိန်မှာ သူ့ကိုသဘောကျနေတဲ့ကောင်လေးနှစ်ယောက်ရှိပါတယ် ဂျော့ရှ်နဲ့ရစ်ခ်ပါ အဲဒီအချိန်တုန်းကသူတို့မြို့ကစာကြည့်တိုက်ဟောင်းကိုမဖြိုဖျက်ရေးလုပ်နေကြတဲ့အချိန်ဖြစ်ပါတယ် မက်ဂီက စာကြည့်တိုက်ဟောင်းကိုမဖြိုဖျက်ရေးအတွက်ရှေ့နေလိုက်ပေးခဲ့ပါတယ် ဒီလိုနဲ့ မက်ဂီတစ်ယောက် အဲဒီအမှုကိုနိုင်သွားမှာလား သူ့ဘဝလက်တွဲဖော်ကရောပြန်ရွေးချယ်ခွင့်ရတဲ့အတွက် ရစ်ခ်ကိုရွေးမလား ဂျော့ရှ်ကိုပဲပြန်ရွေးမလားဆိုတာ…..ဇာတ်ကားလေးကိုဆက်လက်ရှုစားလိုက်ကြပါ
0 comments:
Post a Comment