Love Story (2021)


 

Rating : 7.4/10
Country : India
Genre : Romance
Released Date : 2021
Duration : 2h 35min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Love Storyဆိုတဲ့အတိုင်း အလွှာမတူတဲ့အသိုင်းအဝိုင်းကနေ ဆင်းသက်လာတဲ့ လူနှစ်ဦးကြားမှာပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ရသမျိုးစုံနဲ့ခံစားမြင်တွေ့ရမှာပါ၊


ဇာတ်လမ်းအကျဥ်းကို ပြောရရင်တော့

အမေတစ်ခုသားတစ်ခုဘ၀နဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းကန်ကြိုးစားလာရင်း အရွယ်ရောက်လာချိန်မှာတော့ ရီဗန့်သ်တစ်ယောက်က ဟိုက်ဒရာဘတ်မှာဇွမ်ဘာအကသင်တန်းဖွင့်နိုင်ခဲ့ပါပြီ။


ငယ်စဉ်ကတိုင်မိဘအုပ်ထိန်းမှုအောက်မှာပဲနေခဲ့ရတဲ့ သူဌေးသမီးလေး မိုနီကတော့ ဟိုက်ဒရာဘတ်ကို အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာခဲ့ပါတယ်၊ဒါပေမဲ့ မထင်မှတ်ထားဘဲ မိုနီနဲ့ရီဗန့်သ်တို့က အိမ်နီးချင်းတွေ ဖြစ်လာပါတော့တယ်၊လောကကြီးအကြောင်း ဘာဆိုဘာမှမသိထားတဲ့မိုနီအတွက် အလုပ်ရှာရတာက ထင်သလောက်မလွယ်ကူခဲ့ပါဘူး၊မိုနီတစ်‌ယောက် သူရှာနေသမျှအလုပ်တွေမှာ အဆင်မပြေခဲ့ပေမယ့်လည်း သူ့မှာထူးခြားတဲ့အကစွမ်းရည်ရှိနေပါတယ်၊


ဒါကိုရီဗန့်သ်ကသိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ဇွမ်ဘာစင်တာမှာ အတူတူအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်၊ သူတို့နှစ်ယောက်အတူတူ သူတို့အိမ်မက်တွေကိုဘယ်လိုအကောင်အထည်ဖော်ကြမလဲ,သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုရော ဘယ်လိုပုံဖော်သွားမလဲ ဆိုတာတော့ ဒီကားထဲမှာပဲကြည့်ရူခံစားလိုက်ကြပါဦး၊ အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း သီချင်း,အကတွေကိုတစ်၀ကြီးခံစားရမယ့်အပြင် ဇာတ်ရှိန်တက်လာတာနဲ့အမျှ ခံစားချက်ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကွက်အလှည့်အပြောင်းတွေကလည်း စောင့်ကြိုနေတာမို့ ကြည့်ရူခံစားပေးကြပါဦး

0 comments:

Post a Comment