The Nowhere Inn (2020)


 

Rating : 5.8/10
Country : United State
Genre : Drama, Comedy, Horror
Released Date : 2020
Duration : 1h 31min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခေါက်မှာတော့ အဆိုတော်မလေး စိန့်ဗင်းဆင့်အကြောင်း မှတ်တမ်းရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။


အန်နီကလာ့ခ်ခေါ် စိန့်ဗင်းဆင့်ဆိုတဲ့ အဆို‌တော်မလေးဟာ သူ့ကို လူသိများလာ‌စေဖို့အတွက် သူ့အကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် စဉ်းစားမိခဲ့ပါတယ်။

ဒါကြောင့် သူ့သူငယ်ချင်းဖြစ်သူ ဒါရိုက်တာကယ်ရီကို တာဝန်ယူရိုက်ကူးပေးဖို့ အကူအညီတောင်းခဲ့တာပေါ့။မှတ်တမ်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း သူတို့ရဲ့ ဖျော်ဖြေပွဲတွေ၊ အင်တာဗျူးတွေ၊ ဘဝနေထိုင်မှုပုံစံတွေ၊ နောက်ပြီး သူတို့အားလပ်ချိန်မှာ လုပ်လေ့ရှိတာတွေ အစရှိတာတွေကို အဓိကထား ရိုက်ပြတာပေါ့။ဒါကြောင့် ကယ်ရီတစ်ယောက် အန်နီရဲ့ tourတွေမှာ လိုက်လာပြီး မှတ်တမ်းတင် ရိုက်ကူးပါတော့တယ်။

ဒါပေမယ့်လည်း ပြဿနာက အန်နီဟာ စင်ပေါ်မှာ ဆွဲဆောင်မှုရှိသလောက် စင်အောက်ရောက်သွားရင် ရိုးရိုးအေးအေးနဲ့ ဘဝကို သမာရိုးကျ ဖြတ်သန်းနေသူဆိုတော့ မှတ်တမ်းတင် ရိုက်ကူးပြရလောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမျိုး မရှိဘူး ဖြစ်‌နေတယ်။ရှိုးပွဲတွေချည်း ရိုက်ပြရအောင်ကလည်း အဆင်မပြေတာကြောင့် ကယ်ရီတစ်ယောက် အန်နီကို စင်ပေါ်က စိန့်ဗင်းဆင့်လိုမျိုး လက်တွေ့ဘဝမှာလည်း စိတ်ဝင်စားဖို့‌ကောင်းအောင် ပြောင်းလဲနေထိုင်ကြည့်ဖို့ တိုက်တွန်းလိုက်မိပါတော့တယ်။

အဲ့ဒီနေ့ကစလို့ အန်နီတစ်ယောက် သူ့ပုံစံကို စိန့်ဗင်းဆင့်အဖြစ် လုံးဝပြောင်းလဲပစ်လိုက်ဖို့ ကြိုးစားပါတော့တယ်။အရင်က အေးအေးဆေးဆေးနေခဲ့တဲ့ အန်နီ့ပုံစံက မာကျောခက်ထန်သွားပြီး သူ့ဘဝပုံစံအမှန် မဟုတ်တာမျိုးတွေကို မှတ်တမ်းရုပ်ရှင်ထဲ ထည့်ဖို့ ကြိုးစားလာပါတော့တယ်။ကယ်ရီက အနည်းငယ်လောက် စိတ်ဝင်စားဖို့ကောင်းအောင် ပြောင်းလဲနေထိုင်ဖို့ ပြောခဲ့ပေမယ့် အန်နီတစ်ယောက် လုံးဝကြီးပြောင်းလဲသွားတဲ့အခါ သူတို့ကြားက ဆက်ဆံရေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ရုပ်ရှင် ရိုက်ကူးရာမှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ ဆက်ကြုံတွေ့ရမလဲဆိုတာ ရှုစားရမှာပဲဖြစ်ပါတယ်

0 comments:

Post a Comment