Country : United State
Duration : 2h 2min
အညွှန်း
ပြင်သစ်အထက်တန်းလွှာမှာမွေးဖွားလာတဲ့
အီဂီးနီးဆိုတဲ့အမျိုးသမီးလေးဟာ
သူမြင်တွေ့နေရတဲ့ အထက်တန်းဆန်လှပါတယ်ဆိုတဲ့အသိုင်းအဝိုင်းကို
စိတ်ကုန်နေတဲ့သူတစ်ယောက်ပေါ့
သူနဲ့စိတ်ချင်းတူတာဆိုလို့ သူ့မောင်လေးတစ်ယောက်ပဲရှိခဲ့တယ်
ဖိအားပေးလွန်းတဲ့မိဘတွေလက်အောက်မှာ
စိတ်ပျက်လက်ပျက်နေရတဲ့သူဌေးသမီးလေးပေါ့
ဒီကြားထဲမှာမှ အထက်တန်းစားလူတန်းစားတွေထဲ
သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိတဲ့ ပရလောကကအသံတွေကို
ကြားရတာမျိုးတွေဖြစ်လာတဲ့အခါ
မိသားစုတွေက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ပြီး
စိတ်ရောဂါကုဆေးရုံကိုပို့ပစ်လိုက်ပါတော့တယ်
အဲ့စိတ်ရောဂါကုဆေးရုံကြီးမှာတော့
သူမအဆင်ပြေနိုင်ပါ့မလား
ပိုဆိုးသွားမလား
တကယ်စစ်မှန်တဲ့သူငယ်ချင်းဆိုတာဟာ
အချိန်အကြာကြီးခင်လာတာမျိုးမဟုတ်ပဲနဲ့
ကိုယ့်အကျိုးကို ဘယ်လိုအခြေအနေမျိုးမှာမဆိုလိုလားတဲ့သူပေါ့
သူ့ကိုယ်ကျိုးကိုတောင်မငဲ့ပဲ ကာကွယ်ပေးတဲ့သူ
သူငယ်ချင်းရဲ့လွတ်လပ်မှုကို သူ့လွတ်လပ်မှုနဲ့လဲလှယ်ပေးနိုင်တဲ့သူပေါ့
အီဂီးနီးဆိုတဲ့အမျိုးသမီးလေးဟာ
တခြားအရာတွေမှာကံမကောင်းပေမယ့်
သူငယ်ချင်းကံတော့ကောင်းခဲ့ပါတယ်
စိတ်ရောဂါကုဆေးရုံလိုနေရာမှာတောင်
စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ရခဲ့လိုက်တယ်
ဒီကားလေးဟာ ရှုတ်ထွေးမှုတွေကြားက ချိုမြိန်တဲ့ချစ်ခြင်းမေတ္တာလေးတွေကို
မြင်တွေ့ရမယ့် ပြင်သစ်ဇာတ်ကားလေးပါ
ညွှန်းပြတာထပ် ကြည့်လိုက်ရင်ပိုကောင်းတာကိုခံစားရမှာမို့
ဒေါင်းသာကြည့်လိုက်ပါတော့နော်
0 comments:
Post a Comment