The Fault in Our Stars (2014)

Rating : 7.7/10
Country : United State
Genre :  Drama, Romance 
Cast :  Shailene Woodley, Ansel Elgort, Nat Wolff
Released Date : 2014
Duration :  2h 6min 

ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ “the fault, dear Brutus, is not in our stars but in ourselves” “ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ” ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။
         “ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ၀တ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ “
        ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။
        တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ…….

0 comments:

Post a Comment