Soul Surfer (2011)


 

Rating : 7.0/10
Country : United State
Genre : Drama, Biography, Family
Released Date : 2011
Duration : 1h 52min

အညွှန်း

လူတိုင်း၌ ထူးခြားသော အခွင့်အရေးတစ်ရပ်စီ ပိုင်ဆိုင် ထားကြသည်။
သို့သော် ထိုအခွင့်အရေးကို  ရယူအသုံးချနိုင်ရန်မှာ လူတစ်ဦးချင်းစီ စိတ်စွမ်းအားဖြင့်သာ
သက်ဆိုင်မှုရှိ ကြောင်းကို  Soul Surfer  ဇာတ်ကား၌ ဖွင့်ဆိုခဲ့ပါသည်။

ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးခဲ့သော ဇာတ်ကား ဖြစ်ပါသည်။ လက်တစ်ဖက်မရှိတော့ဘဲ
ပရော်ဖက်ရှင်နယ် ရေလွှာလှိုင်းစီးသူဖြစ်လာခဲ့သည့် ဘတ်တနီဟမ်မယ်လ်တန် အကြောင်းကို
ရိုက်ကူးခဲ့ခြင်းဖြစ်သည်။IMDb Rating (7.1/10) ရရှိထားပါတယ်။

ဟမ်မယ်လ်တန်ကို ၁၉၉ဝပြည့်နှစ်၌ ရေလွှာလှိုင်းစီးသူ မိဘနှစ်ပါးမှ ဟာဝိုင်အီတွင်
မွေးဖွားခဲ့သည်။ မိဘများနည်း တူ ရေလွှာလှိုင်းစီးခြင်းကို ဝါသနာထုံသူဖြစ်ပြီး
ငယ်စဉ်ကတည်းကပင် ရေလွှာလှိုင်းစီးခဲ့သူ ဖြစ်ပါသည်။ ထိုစဉ်က တည်းက ဟမ်မယ်လ်တန်ကို
အလားအလာရှိသော ရေလွှာ လှိုင်းစီးသူ ဆယ်ကျော်သက်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဒေသတွင်း ပြိုင်ပွဲများတွင်လည်းထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည်။
ထို့ပြင် ကိုယ်လက်အင်္ဂါချို့ယွင်းမှုမရှိသော လူတစ်ဦးအဖြစ်လည်း ရပ်တည်ရှင်သန်နေခဲ့ပါသည်။

၂ဝဝ၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့။  ဟမ်မယ်လ်တန်နှင့် သူငယ်ချင်းဖြစ်သူ
အယ်လန်နာဘလန်ချက် နှင့် ရေလွှာလှိုင်းစီးထွက်ခဲ့သည်။ သူတို့နှင့်အတူ ဘလန်ချက်၏
ဖခင်လည်း လိုက်ပါခဲ့သည်။ ရေလွှာလှိုင်းစီးနေရင်းက ပင် ဟမ်မယ်လ်တန်ကို
ငါးမန်တစ်ကောင်က ဝင်ဆွဲခဲ့သည်။ တစ်ကိုယ်လုံးပါမသွားခဲ့သော်လည်း ဗယ်ဘက်လက်က
ငါး မန်းပါးစပ်အတွင်း  ပါသွားခဲ့သည်။ လက် မောင်ရင်းမှစပြီး လက်တစ်ချောင်းလုံး
ပါသွားခဲ့ခြင်းဖြစ်သည်။ ငါးမန်းက နောက်တစ်ကြိမ် ပြန်လှည့်မလာသော်လည်း
သွေး ထွက်လွန်မှုက ဟမ်မယ်လ်တန်ကို သတိလစ်စေခဲ့သည်။ သေဆုံးသည်အထိ
မဖြစ်ခဲ့သော် လည်း ဗယ်ဘက်လက်က လုံးဝမရှိတော့ပေ။ ဟမ်မယ်လ်တန်၏ အိပ်မက်က
ပရော် ဖက်ရှင်နယ် ရေလွှာလှိုင်းစီးသူ ဖြစ်လိုခြင်း ပင် ဖြစ်၏။  လက်ကို ငါးမန်းဆွဲခံလိုက်ရ သည့်
အချိန်မှာ ဟမ်မယ်လ်တန်၏ အသက် က ၁၃နှစ်သာ ရှိသေးသည်။ ဆေးရုံမှဆင်း ခဲ့ပြီးနောက်
သူ၏ ရည်ရွယ်ချက်က ရေထဲ ဆင်းနိုင်ရန် ဖြစ်သည်။ လက်နှစ်ဖက်ရှိသူ ပင် မလွယ်ကူသော
ရေလွှာလှိုင်းစီးခြင်းကို ဟမ်မယ်လ်တန်က လက်တစ်ဖက်တည်းဖြင့် စီးနိုင်ရန် ကြိုးပမ်းခဲ့သည်။
မိဘနှစ်ပါးက အားပေးကူညီခဲ့သည့် နည်းတူ မိသားစုဝင် များကလည်း အားပေးခဲ့ကြသည်။
အခက် အခဲနှင့် သဘောထားကွဲလွဲမှုများ ကြုံတွေ့ခဲ့ သော်လည်း အိပ်မက်အတိုင်းဖြစ်လာစေဖို့
ဟမ်မယ်လ်တန်က လက်မလျော့ခဲ့။

ယခုဇာတ်ကားကို ဒါရိုက်တာ ရှောန် မက်နမ်မရာက ရိုက်ကူးခဲ့ပါသည်။
ဟမ်မယ်လ်တန်ရေးသားခဲ့ပြီး ၂ဝဝ၄ခုနှစ်က ထွက်ရှိခဲ့သော စာအုပ်ကိုပင် အခြေခံထားခဲ့သည်။
ထိုစာအုပ်အမည်က Soul Surfer: A True Story of Faith, Family, and Fighting to
Get Back on the Board ဖြစ်ပါသည်။

0 comments:

Post a Comment