Night of the Animated Dead (2021)


 

Rating : 4.1/10
Country : United State
Genre : Animation, Horror
Released Date : 2021
Duration : 1h 11min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့

Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ … နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ လူသားအချင်းချင်းစာနာမှု၊ တစ်ကိုယ်​ဆန်အတ္တကြီးမှု​တွေကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ဒီ​နေ့ခေတ် 3D animation​တွေနဲ့ ရိုက်ကူးထားတာမဟုတ်ပဲ ​ခေတ်​​​ဟောင်း 2D ကာတွန်းစတိုင်​ကို အသုံးပြုရိုက်ကူးထားလို့မတူညီတဲ့အရသာတစ်မျိုးခံစားရ​စေသလို၊ Zombie ဘိုး​အေ animationရဲ့ ဇာတ်လမ်းဇာတ်ညွန်း​တွေက ဒီ​နေ့အချိန်ထိ ​ခေတ်မီ​နေ​သေးတာကိုလည်း ​သေချာခံစားကြည့်ရင် သိရမှာပါ

0 comments:

Post a Comment