Mutation on Mars (2021)


 

 

Rating : 3.7/10
Country : China
Genre : Drama, Sci Fi
Released Date : 2021
Duration : 1h 14min

အညွှန်း

တရုတ်သိပ္ပံပညာရှင် ဝေယီဖန်းနဲ့တစ်ခြားနိုင်ငံတကာပညာရှင်တွေဟာ မားစ်ဂြိုလ်ပေါ်မှာလူသားတွေအခြေချနေထိုင်နိုင်ဖို့နိုင်ငံစုံပါဝင်တဲ့ မားစ်ဂြိုလ်သို့ပြောင်းရွှေ့အခြေချခြင်းမဟာမိတ်ပရောဂျက်အတွက် သုသေသနတွေစမ်းသပ်လုပ်ကိုင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

တစ်နေ့တော့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေကျရောက်မှုကြောင့်စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ရပြီး လေထုထဲမှာအမည်မသိဧရာမသတ္တဝါကြီးတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်ဂြိုလ်ပေါ်မှာပိတ်မိနေခဲ့ပါတယ်။ အဲ့ဒီအချိန်မားစ်ဂြိုလ်ရဲ့အနီးဆုံးနေရာကိုရောက်ရှိနေတဲ့ တရုတ်အာကာသယာဉ်ဝမ်ဟူးကို ဆက်သွယ်တာဝန်ပေးခံခဲ့ရတဲ့အတွက် လူငယ်အာကာသယာဉ်မှူးတစ်စုဟာ မားစ်ဂြိုလ်ပေါ်ကိုကယ်ဆယ်ရေးတာဝန်နဲ့ရောက်ရှိလာပါတော့တယ်။

အမျိုးအမည်မသိတဲ့လေထဲက ဧရာမသတ္တဝါကြီး၊ စွန့်ပစ်ခံထားရတဲ့အခြေစိုက်စခန်းထဲက ဗီဇပြောင်းသတ္တဝါတွေစတဲ့ရန်စွယ်တွေကြားက ပိတ်မိနေတဲ့သိပ္ပံပညာရှင်တွေကိုကယ်တင်ပုံစွန့်စားခန်းတွေကိုရင်တမမနဲ့ရှုစားကြရမှာဖြစ်ပါတယ်။

အထူးပြုလုပ်ချက်တွေသေသပ်ကောင်းမွန်သလိုသတ္တဝါတွေကိုဖန်တီးထားပုံတွေလဲအတော်လက်ရာကောင်းတဲ့သိပ္ပံသဲထိတ်ရင်ဖိုဇာတ်ကားတကားပါ

 

0 comments:

Post a Comment