Invisible Alien (2021)


 

 

Rating : 5.5/10
Country : China
Genre : Sci Fi, Thriller
Released Date : 2021
Duration : 1h 35min

အညွှန်း

ကဲ ဒီတစ်ခါမှာတော့ Invisible Alien ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးမယ်ဗျာ….

ဒီနှစ်မှလောလောလတ်လတ်ထွက်ထားတဲ့ တရုတ်ကားလည်းဖြစ်ပါတယ်

တိုးတက်လာတဲ့ခေတ်နဲ့အတူ ကျွန်တော်တို့ရဲ့ တရုတ်ကြီးတွေကလည်း ကင်မရာရိုက်ချက်တွေမတရားကောင်းမွန်လာတယ်ဆိုတာဒီကားက သက်သေပါပဲ ဒီတော့စိတ်ကူးယဥ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တယ် action ကားတွေကိုလည်းကြိုက်တယ်ဆိုရင်တော့ ဒီကားက တစ်ကယ့်ကောင်းတယ်လို့ပြောလို့ရပါတယ် ကဲဆိုတော့ ဇာတ်လမ်းအကြောင်းလေးစလိုက်ကြမယ်ဗျာ…..

သြ…. တစ်ခုကျန်ခဲ့သေးတယ် ဒီကားက တစ်ခြားဂြိုလ်သားကားတွေလိုသွေးသံရဲရဲနဲ့ ၀ုန်းဒိုင်းဖုန်းဒိုင်းတွေမပါတော့ ကျွန်တော်တို့လို အသဲနုတဲ့ လူတွေတောင် အေးဆေးမာလာရှမ်းကောလေးစားရင်းကြည့်လို့ရတယ် ဆ်ိုတော့ကား ဒီကားလေးကို ကျွန်တော့် ၂၀၂၁ ခုနှစ်ထက်ကိုကျော်ပြီး လူသားတွေက ခေတ်မှီနည်းပညာတွေနဲ့ အစပြုထားတဲ့ ခေတ်ကို အခြေခံထားတယ်….

အာကာသတွင်းနက် ဆိုတဲ့ အခေါ်အ​ေ၀ါ်နဲ့ အာကာသယာဥ်က လူသားတွေရဲ့ နေအဖွဲ့အစည်းထဲကိုအသစ်ရောက်ရှိလာတဲ့ ဂြိုလ်တစ်ခုအကြောင်းကို စုံစမ်းဖို့အတွက် ထွက်ခွာလာတဲ့ယာဥ်တစ်စီးပါ…

ဒါပေမယ့်ကံမကောင်းစွာပဲ အဲ့ဒီဂြိုလ်ကြီးကိုယ်တိုင်က မကောင်းဆိုး၀ါးတစ်ကောင်ဖြစ်နေတဲ့အခါ ….

ယာဥ်ပေါ်ပါလာတဲ့သူတွေဘယ်လိုရင်ဆိုင်မလဲ ..

ဘယ်လိုတွေဖြစ်လာနိုင်ကြမလဲ နောက်ပြီး အကြောင်းအရင်းဆိုတာ အားလုံးနီးပါးအကျိုးကြောင့်ဖြစ်လာပြီးတော့ အရာအားလုံးက ဖြေရှင်းချက်တွေနဲ့ရွှေးချယ်စရာတွေရှိနိုင်တယ်ဆိုတာကို သေချာရိုက်ပြထားတဲ့ကားဖြစ်ပါတယ် ဒါကြောင့် အားလုံးပဲ ရုပ်ချောတဲ့ကျွန်တော်နဲ့အတူတူ ဒီကားလေးကို ကြည့်ကြရအောင်ဗျာ

 

0 comments:

Post a Comment