Happier Than Ever: A Love Letter to Los Angeles (2021)


 

 

Rating : 7.6/10
Country : United State
Genre : Music
Released Date : 2021
Duration : 1h 39min

အညွှန်း

Alternative Pop Queen ​လေး Billie Eilish ရဲ့

Happier Than Ever Concert Flim ​လေးထွက်ရှိလို့လာပါပြီ။

Concert Flim အ​ကြောင်းမ​ပြောခင် Happier Than Ever Album ​လေးအ​ကြောင်း​ပြောချင်ပါတယ်

ဒီ album ဟာ When We Fall Asleep Where Do We Go?? ​album ရဲ့​လောင်းရိပ်​အောက်က​နေ

ခွဲထွက်ပြခဲ့တဲ့ Billie ရဲ့ masterpiece တစ်ခုပါ။ ​​အောင်မြင်မှုများစွာကိုလည်း သိမ်းပိုက်ထားခဲ့ပါပြီ

Billie ​​လေးဟာ သူ့ကိုလူ​တွေက Bad Guys သီချင်းရဲ့

အဆို​​တော်မ​လေးလို့ မြင်​နေကြတာကို ​ပြောင်းလဲချင်​နေပါတယ်။ သူ့ကိုလူ​တွေ တပုံစံတည်းမြင်​နေတာ မနှစ်သက်ပါဘူး

​အောင်မြင်ကာစထက် ပိုသာလွန်​နေတဲ့ ပိုရင်ကျက်​နေတဲ့ Billie Eilish ကို ချပြချင်​နေခဲ့တာပါ။ အဲ့တာကိုလည်း

Happier Than Ever Album နဲ့တကွလက်​တွေ့သက်​သေပြခဲ့ပါပြီ

သိုသိုဝှက်ဝှက်​နေတတ်တဲ့ ​ထောပတ်သီး​လေးအတွက်​တော့ ဒီ Happier Than Ever ဟာ

အရမ်း personal ဆန်ပါတယ်။ Billie အတွက်​တော့ လွတ်လပ်မှုဆိုတာ ​ရွှေထက်အဖိုးတန်​နေတာပါ။ အဲ့ဒီအတွက်​ကြောင့်

သူ့ကိုယ်​ရေးကိုယ်တာ အချက်အလက်​တွေကို Public မှာ ဘယ်တုန်းကမှ မချပြခဲ့ပါဘူး။ ဒါ​ပေမဲ့ ​​ဒီ Album မှာ​တော့

အောင်မြင်ပြီး​နောက်ကြုံ​တွေ့ရတဲ့ ​အောင်မြင်မှုဒဏ်​တွေ၊လွတ်လပ်မှုဆုံးရှုံးမှု​ကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာ​တွေ၊

အချစ်​ရေးအရှုပ်​အ​ထွေး​တွေ စတဲ့ ကိုယ်​ရေးကိုယ်တာအချက်အလက်​တွေကို ဂီတအဖြစ် အနုစိတ်​ပြောင်းလဲပြီး

ဖန်တီးခဲ့တာပါ။ သူ့အတွက်​​တော့ ဒါဟာ အရဲစွန့်မှုကြီးပါပဲ။ စာ​ရေးသူလည်း ဒီalbum ​လေးကို အရမ်းကြိုက်ပါတယ်။

Happier Than Ever Concert Film ကို ​လော့အိန်ဂျလိစ်ရဲ့ အခမ်းနားဆုံး​သော စတိတ်ကြီး​ပေါ်မှာရိုက်ကူးထားပြီ

Billie ရဲ့ ​မှော်ဆန်တဲ့သီချင်း​လေး​တွေကို အိပ်မက်ဆန်တဲ့သီဆိုပုံ​​တွေနဲ့ ယှဥ်တွဲကြည့်ရှုရမှာမို့ လက်မလွှတ်သင့်​ကြောင်း သတိ​ပေးချင်ပါတယ်ဗျာ။

 

 

0 comments:

Post a Comment