First Love (2021)


 

 

Rating : 6.0/10
Country : Japan
Genre : Mystery
Released Date : 2021
Duration : 1h 59min

အညွှန်း

တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ ဟီကျီရီယာမာကန်နာဟာ အစီအစဉ်တင်ဆက်သူ ဖြစ်ချင်သူလေးတယောက်ပါ။ တရက်မှာသူဟာ အစီအစဉ်တင်ဆက်သူလုပ်မယ့် နှုတ်ဖြေစစ်ဆေးမှုကို လက်လျော့ခဲ့လိုက်ပြီး
သူမအဖေကို သတ်ခဲ့ပါတယ်။ မီဒီယာတွေဟာ ဘာကြောင့်ကန်နာဟာ သူမအဖေကိုသတ်ခဲ့တဲ့ရည်ရွယ်ချက်ကို ရှာဖွေနေကြပါတယ်။

မာကာဘီယုကီဟာ လိုင်စင်ရစိတ်ပညာရှင်တယောက်ဖြစ်ပါတယ်။ တနေ့သူမကိုဟီကျီရီယာမာကန်နာရဲ့အကြောင်းကို ရေးဖို့ကမ်းလှမ်းခံရပါတယ်။ ယုကီဟာကန်နာနဲ့ ထောင်ထဲမှာစကားတွေပြောဖြစ်ခဲ့ကြတယ်။ ပြီးတော့သူမနဲ့ ရင်းနှီးခဲ့တဲ့သူတွေနဲ့လည်း စကားတွေပြောခဲ့ကြပါတယ်။ အဲဒီလိုဟီကျီရီယာမာကန်နာအကြောင်း သုတေသနလုပ်နေတုန်းမှာပဲ ကန်နာဟာသူမငယ်ငယ်တုန်းကနဲ့ အရမ်းတူကြောင်း ယုကီကသတိထားမိခဲ့ပါတယ်။ ဒီလိုနဲ့ယုကီဟာ သူမရဲ့စိတ်ထဲမှာမြှပ်နှံထားတဲ့ မှတ်ဉာဏ်တွေကို ပြန်ပြီးရင်ဆိုင်ရတဲ့နောက်ပိုင်းမှာ ဘယ်လိုများဆက်ပြီးဖြစ်ကြမလဲ။

 

0 comments:

Post a Comment