Blue (2021)


 

Rating : 6.5/10
Country : Japan
Genre : Drama, Sport
Released Date : 2021
Duration : 1h 47min

အညွှန်း

ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင်၃‌ယောက်ပါတယ်။


ပထမဆုံးတစ်ယောက်က အူရီတာ။

ပြိုင်တဲ့ပွဲတိုင်းရှုံးနေတဲ့ လက်‌ဝှေ့သမားတစ်ယောက်။ ပွဲတိုင်းရှုံးတဲ့လူဆိုပေမဲ့ သူများတွေကိုလေ့ကျင့်ပေးသင်ကြားပေးတဲ့နေရာမှာတော့ တကယ်ကျွမ်းကျင်တဲ့ စိတ်ထားကောင်းတဲ့လူတစ်ယောက်ဆိုလည်းမမှားပါဘူး။


နောက်တစ်ယောက်က အိုဂါဝ။

လက်ဝှေ့ရုံရဲ့အကောင်းဆုံးလက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး ချန်ပီယံဆုရဖို့ကြိုးစားလေ့ကျင့်နေတဲ့သူပေါ့။ ချီကာဆိုတဲ့ချစ်သူတစ်ယောက်လည်းရှိပြီး အူရီတာနဲ့အထက်တန်းကတည်းကသူငယ်ချင်းတွေပါ။


နောက်ဆုံးတစ်ယောက်က နာရာဆာကီ။

အချိန်ပိုင်းအလုပ်လုပ်ပြီး အဘွားနဲ့အတူတူနေတဲ့သာမန်ကောင်လေးတစ်ယောက်။ တစ်ရက်ကျ အလုပ်မှာအနိုင်ကျင့်ခံရလို့ဆိုပြီး လက်ဝှေ့သင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အူရီတာတို့လက်ဝှေ့ရုံကိုရောက်လာခဲ့တဲ့သူ။


ဒီရုပ်ရှင်ကသူတို့တွေကြားကအဖြစ်အပျက်တွေကို အရိုးရှင်းဆုံးတင်ပြထားတဲ့ဇာတ်ကားပါ။ လက်ဝှေ့ကားဆိုတာထက် လူတွေကြားကအကြောင်းအရာတွေကို ရိုက်ပြထားတဲ့ကားမျိုးပေါ့။ ကြည့်နေရင်းနဲ့လည်းရင်ထဲမှာတစ်မျိုးတမည်ခံစားလာရစေနိုင်တဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ IMDb ratingကတော့6.6ပါ

0 comments:

Post a Comment