Aftermath (2021)


 

 

Rating : 5.3/10
Country : United State
Genre : Drama, Horror, Mystery
Released Date : 2021
Duration : 1h 54min

အညွှန်း

နက်တလီနဲ့ ကယ်ဗင်တို့ဟာ အိမ်ထောင်ရေးပြဿနာရော ဘဏ္ဍာရေးပြဿနာပါ ရင်ဆိုင်နေကြရတဲ့ လူငယ်စုံတွဲတစ်တွဲပါ။ တစ်ဖြည်းဖြည်းနဲ့ထင်လာတဲ့အက်ကြောင်းကို ပိုကြီးမားမလာအောင် ကုထုံးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပြီးဖြေရှင်းဖို့ကြိုးစားနေကြပါတယ်။

ဒီလိုနဲ့ ပတ်ဝန်းကျင်အသစ်မှာစိတ်သစ်လူသစ်နဲ့ ပြန်စဖို့ရည်ရွယ်ချက်နဲ့ ခြစ်ခြစ်ကုတ်ကုတ်အိမ်အသစ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်ဟာ လောလောလတ်လတ် အိမ်ရှင်ဟာ ဇနီးကိုသတ်ပြီး သူ့ကိုယ်သူ သတ်သေသွားတဲ့ ကြောက်မက်ဖွယ်နောက်ကြောင်းနဲ့ပါ။ ဒါမျိုးတွေကို အယုံအကြည်မရှိပဲ ဈေးသက်သက်သာသာကိုမက်ပြီး ဝယ်ဖြစ်ခဲ့ရာကနေ နောင်တရလောက်တဲ့ အနှောင့်အယှက်တွေ ခြောက်လှန့်မှုတွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ရပါတော့တယ်။

AFTERMATH ဟာနောက်ကြောင်းမကောင်းတဲ့အိမ်အသစ်ကိုပြောင်းလာတဲ့မိသားစုသရဲခြောက်ခံရဆိုတဲ့ဇာတ်လမ်းမျိုးထက်အများကြီးပိုပါတယ်။ The Boy 2016 တို့ The Hidden Face (2011) တို့လို လှည့်ကွက်တွေတစ်ခုပြီးတစ်ခုနဲ့ ပရိသတ်ကိုအဆုံးတိုင်လှည့်စားသွားတဲ့ Horror/Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

0 comments:

Post a Comment